Thursday, August 18, 2016

ရဲနှင့်ပြည်သူလက်တွဲကူ ဒုစရိုက်မှုဟူသမျှ ဖော်ထုတ်ကျ ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ရဲနှင့်ပြည်သူလက်တွဲကူ ဒုစရိုက်မှုဟူသမျှ ဖော်ထုတ်ကျ

ပြည့်သဲမောင်(ပြည်)09-4236 71883
ပြည်မြို့နယ်တွင် ယခုအခါမကြာခဏဆိုသလို ဆိုင်ကယ်စီးနှင်းသူ အမျိုးသမီးများ၊
ဆိုင်ကယ်ကယ်ရီလုပ်ကိုင်စားသောက်သူများ၊ညအချိန်အလုပ်မှပြန်သူ အမျိုးသမီး
အချို့အား ဆိုင်ကယ်နှင့်လိုက်လံ၍ ဖုန်း ၊ ပိုက်ဆံအိတ် ၊အချို့လူငယ်များအား လူ
ကိုပင်တိုက်ခိုက်ကာ လုယက်ခြင်းများ ၊ ခိုးမှုများဖြစ်ပေါ်နေသည်ကို ပြည်မြို့နေသူ
များနှင့်ရပ်ဝေးရပ်နီးမှ ပြည်သူများအသိ အကြားပင်ဖြစ်သည်။

မိမိတို့အနေဖြင့်လည်း အဆိုပါလုယက်မှုများ ၊ချောင်းမြောင်းတိုက်ခိုက်မှုများ မဖြစ်
ရအောင် ညအချိန်အလုပ်ပြန်ချိန်နှင့် ညဉ့်နက်အချိန်အကြောင်းအမျိုးမျိုးကြောင့်
အပြင်ထွက်သူများအနေဖြင့် မိမိအတွက်လုံခြုံရေးမရှိသော တစ်ဦး တစ်ယောက်
ထဲသွားလာခြင်း ၊ လမ်းကြိုလမ်းများသွားလာခြင်း ၊ လူသူကင်းမဲ့သောနေရာများ
တွင် လူငယ်တို့ဘာသာဘာဝချိန်းတွေ့ခြင်း ၊ မှောင်လွန်းသောလမ်းများအားတစ်
ဦးတစ်ယောက်ထဲသွားလာခြင်းများနှင့် မိမိပတ်ဝန်းကျင်တွင်တွေ့မြင်နေသောထူး
ခြားသတင်းများ ၊ မသင်္ကာဖွယ်ရာကိစ္စများဖြစ်ပေါ်နေပါက ချက်ချင်းရဲစခန်းသို့ အ
ကြောင်းကြားခြင်းနှင့် တတ်နိုင်သမျှညအချိန်အပြင်ထွက်လျှင် ပြဿနာမဖြစ်အောင်
ခိုက်ရန်မဖြစ်ပွားအောင် သီးခံပြီးမိမိအိမ်ကိုသာအရပြန်ရန်ပြုသဘောဆောင်ကာ 
ရေးသားဖော်ပြအပ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လဲ လက်ရှိ လုယက်မှုများ ၊ ချောင်းမြောင်း
တိုက်ခိုက်မှုများ အများဆုံးအဖြစ်များသည့် ရပ်ကွက် ၊ လမ်းကြိုလမ်းကြားများတွင်
လုံခြုံရေးချထားသော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအသိ လုံခြုံရေး
သတိမရှိဘဲ မိမိဖုန်းဖြင့် ဂိမ်းကိုသာမဲဆော့နေခြင်း ၊ လုံခြုံရေးချထားသည့်နေရာတွင်
လဲ တစ်ဖွဲ့နှင့်တစ်ဖွဲ့ချိတ်ဆက်မိမိမရှိခြင်း ၊ လှည့်ကင်းဆောင်ရွက်ရာတွင်တိတိကျ
ကျ ဆောင်ရွက်ရန်လိုအပ်ခြင်း ၊ ပြည်သူက အခင်းဖြစ်ပွားနေကြောင်း အခင်းဖြစ်ပွား
ရန်ဖြစ်နေခြင်းအား ဖုန်းဖြင့်အကြောင်းကြားရာတွင် စခန်း၌ရှိသောတာဝန်မှူးက လှည့်
ကင်းအဖွဲ့အား စေလွတ်ထားသည်ဆိုသည့်အဖြေမှာ လုံးဝ(လုံးဝ)မဖြစ်သင့်ကြောင်း ၊
အဆိုပါ အခင်းဖြစ်သည့်နေရာ ဖြစ်တော့မည့်နေရာသည် (ဥပမာ)ကျောက်ရုပ်နားတွင်
ဖြစ်နေသည်ဆိုပါက ဖုန်းဆက်ထားသည့်လှည့်ကင်းအဖွဲ့သည် အနောက်မြို့ပတ်လမ်း
ရောက်နေပြီး အဲဒီနေရာကလာမည့်တပ်ဖွဲ့ဝင်နှင့်ရဲစခန်းထဲကထွက်လာမည့်တပ်ဖွဲ့ဝင် ကအနီးစပ်ဆုံးနဲ့ပြည်သူကိုအကာအကွယ်အမြန်ပေးနိုင်မည်မဟုတ်ပါလား။တာဝန်ပေး
သည့်ရည်ညွှန်းချက်ကိုသေချာစွာသဘောပေါက်နားလည်မှုအားနည်းခြင်းစသည့်တပ်ဖွဲ့
ဝင်များဘက်မှအားနည်းချက်များကိုလဲတွေ့မြင်နေရပါကြောင်း အပြုသဘောဆောင်ရေး
သားဖော်ပြအပ်ပါသည်။

တပ်ဖွဲ့ဝင်များဘက်ကလဲ နိုင်ငံတစ်ခါနဲ့ယာဉ်ပေါင်တန်းဆောင်ရွက်ရန် နိုင်ငံတော်မှ
ပံ့ပိုးမှုအားနည်းသည့်အတွက် လှည့်ကင်းဆောင်ရွက်ရန်တပ်ဖွဲ့ပိုင်ဆိုင်ကယ် ၊ ကား
လုံလောက်မှုမရှိခြင်း ၊ မိမိနယ်မြေနှင့်တပ်ဖွဲ့ဝင်အင်အားမမျှတခြင်း ၊လှည့်ကင်းလှည့်
ရန် မိမိဆိုင်ကယ်နှင့်ဆီဖိုးအစ ကိုယ့်ဟာကိုယ်ဝယ်ထည့်၍ လှည့်ကင်းဆောင်ရွက်ရ
ခြင်း ၊ဂျောက်ဂျက် ဂျောက်ဂျက် ဆိုင်ကယ်အစုပ်နှင့်ယိုးဒယားဆိုင်ကယ်စီးပြီး မောင်း
ပြေးနေတဲ့ ပြစ်မှု ကျုးလွန်သူနောက်ကိုလိုက်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့အဖြစ်ကိုဘယ်
လူကြီးတွေကနားလည်မှုပေးခဲ့ပါသလဲ ၊ ပြစ်မှုကျုးလွန်သူများကို လိုက်လံဖမ်းဆီးရင်း
သေဆုံးခဲ့ရတဲ့တပ်ဖွဲ့ဝင် အရာရှိ အရာခံ အကြပ် တပ်သားတွေရဲ့ ရန်ရစ်နေတဲ့မိသား
စုတွေရဲ့မျက်ရည်တွေကို ပြည်သူတွေမြင်စေချင်တယ် စာနာစေချင်တယ် ၊ ထို့အပြင်
ပြစ်မှုကျုးလွန်သူအချို့ကိုဖမ်းဆီးရမိရာတွင် အသက်မပြည့်သေးသော ကလေးသူငယ်
များပါလာတဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေက ရှစ်ခိုးမရ လက်ထိပ်ခတ်မရတဲ့အဖြစ်တွေကို ပြည်
သူတွေ မြင်စေချင်တယ် ၊ လက်ရှိ ပြုပြင်ပြောင်းလဲလာတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက
ပြည်သူလူထုရဲ့ ကူညီမှုနဲ့အတူ မိမိတိုင်း ၊ မိမိမြို့နယ် ၊ မိမိ စခန်းအပိုင်အတွင်း ဒုစရိုက်
မှုများ လျော့နည်းကျဆင်းစေရန်နှင့်ပြစ်မှုကျုးလွန်သူများအား အချိန်နှင့်တပြေးညီ အမြန်
ဆုံးဖမ်းဆီး အရေးယူနိုင်ရန်အတွက်………

ရဲနှင့်ပြည်သူလက်တွဲကူ ဒုစရိုက်မှုဟူသမျှ ဖော်ထုတ်ကျ ” ပါစို့နော်………

မှတ်ချက် ။       ။ အဆိုပါ သတင်းဆောင်းပါးသည် ရဲနှင့်ပြည်သူများအကြားဖြစ်နေ
သောအကြောင်းအရာ အနည်းအကျဉ်းကို အပြုသဘောဆောင်ရေးသားခြင်းသာဖြစ်
ပြီး စာရေးသူသည် ပြည်သူလူထုကိုသော်လည်းကောင်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်တပ်
ဖွဲ့ဝင်များကိုသော်လည်းကောင်း ဆော်ကားလိုသော သဘောတစိတ်တစ်ဒေသမှပါဝင်
ရေးသားခြင်းမဟုတ်ကြောင်းနှင့် အပြစ်ရှိသည်ဟုယူစပါက တရားစွဲနိုင်ပါကြောင်း အသိ
ပေးအကြောင်းကြားအပ်ပါသည်။ စာရေးသူ ဥာဏ်မီသမျှသာ…………

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

ဓါတ်ပုံ ရဲဇာနည် like Page



0 comments:

Post a Comment

Facebook Like Page