Tuesday, April 26, 2016

ဝမ်းနည်းစွာဖြင့် ပြည်မြို့ တပ်စု(၅) ဆံတော် မီးသတ် ရဲဘော် ဟောင်း/သစ် များ နှင့် ပြည်သတင်း(အွန်လိုင်း မီဒီယာအဖွဲ့) မှ ၀မ်းနည်းခြင်း သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။

Leave a Comment


ဝမ်းနည်းစွာဖြင့်

ယနေ့ ၂၆ - ၄ - ၂၀၁၆ ရက်နေ့ နံနက်ပိုင်းမှာ သောက်သုံးရေရှားပါးနေတဲ့ ထီးလင်းမြို့နယ်  ဆင်စွယ်ရွာကို သွားရောက်ပြီး ရေလှူတာဝန်ထမ်းဆောင်ရင်း ကားမှောက်၍တစ်ဦးသေ
၂ ဦးဒါဏ်ရာရရှိဟုသိရ

အသက်စွန့်သွားရရှာသောသူမှာ ထီးလင်းမြို့ မီးသတ်ဦးစီးဌာနမှ ဒုတပ်ကြပ်မိုးထက်ကျော် (ညာအစွန်)ဟုသိရ

ပြည်သူတွေရေရှားပါးမှုဒဏ်ကို မကြည့်ရက်လို့ ရေသွားရောက်လှူဒါန်း  ကုသိုလ်တွေယူခဲ့ကြပေမယ့် အတိတ်ကပါလာတဲ့ ဝဋ်ကြွေးကံကြောင့် အချိန်မတိုင်ခင်မှာဘဲ မီးသတ်ဘဝ၊မီးသတ်တာဝန်မှ အပြီးပိုင်ရပ်ဆဲထွက်ခွာသွားခဲ့လေပြီ။အများအတွက်အကျိုးပြုရင်း  တိုင်းပြည်အတွက်အကျိုးပြု အသက်စွန့်သွားတဲ့ ဒို့ညီအကို ဒုတသကိုမိုးထက်ကျော်ရေ မေလ ၅ ရက်နေ့မှာ ကျရောက်တော့မယ့် တပ်ဖွဲ့နေ့ကိုတောင်မစောင့်သွားခဲ့လေဘူး။ အမျှပေးဝေလိုက်ပါတယ်......အမျှ....အမျှ.....အမျှ....... ရောက်ရာအရပ်မှ သာဓုခေါ်ပါတော့............

ကိုမိုးထက်ကျော်(ဒု-တသ၊ထီးလင်း)ရေ ကောင်းရာဘုံဘဝရောက်ပါစေ.......

###ယနေ့မှ စ၍ သင့်အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အပြီးပိုင် ထုတ်ပယ်လိုက်ပြီ။သင်သွားလိုရာကို အေးချမ်းစွာ သွားပါတော့...........
လေးစားစွာဖြင့်.....    အလေး..........ပြု...
ဒဏ်ရာရှိသော ညီအကိုတို့ ၂ ယောက်လည်း အမြန်ဆုံးသက်သာပါစေ....
 
                                             

 Credit ~ Sue Sue

ပြည်မြို့  တပ်စု(၅) ဆံတော်
မီးသတ် ရဲဘော် ဟောင်း/သစ် များ နှင့် ပြည်သတင်း(အွန်လိုင်း မီဒီယာအဖွဲ့) မှ ၀မ်းနည်းခြင်း သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။





0 comments:

Post a Comment

Facebook Like Page