Sunday, May 1, 2016

ပြည်သတင်းဖတ်ရှု့သူ စေတနာရှင်များ ကုသိုလ်ရှင်များခင်ဗျာ……

Leave a Comment


ပြည်သတင်းဖတ်ရှု့သူ စေတနာရှင်များ ကုသိုလ်ရှင်များခင်ဗျာ……
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စု အတွင်းရှိ သရေခေတ္တရာ သာသနာအစ ဖိုးဦးတောင်မှ ဆိုသည့်ရှေးမင်းပြည်သူအဆက်ဆက်မှ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်လျှောက်လာသည့် မြတ်စွာဘုရား ဗျာဒိတ်တော်ရ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး တောင်တော်မြတ်ပေါ်သို့ အများပြည်သူဘုရားဖူးများ အဆင်ပြေချောမွေ့သွားလာနိုင်၍ အန္တရာယ်ကင်းရှင်းစေရန် ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး တောင်တက်ကား...လမ်း ကွန်ကရစ်လမ်းမကြီးခင်းရန်အတွက် အလှူငွေများလိုအပ်လျှက်ရှိနေပါသောကြောင့် ဘုရားဖူးပြည်သူများနှင့် စေတနာရှင်ပြည်သူအများကောင်းမှု့ဖြင့် သဒ္ဒါတရား နည်းများမဆိုပါဝင်နိုင်စေရန် နည်းသည် များသည်ပဓာနာမဟုတ်ပဲ တစ်ကျပ်တစ်ပြားနည်းများမဆိုမှအစ စုပါများတောင်ပို့ကဲ့သို့၎င်း မိမိတို့လှူဒါန်းမှု့စေတနာအဓိကထား၍ လှူဒါန်းနိုင်ပါကြောင်း ဒါနကုသိုလ် နိဗ္ဗာန်လမ်းမကြီးပေါ် အဆင်ပြေချောမွေ့စွာ အနှောင့်ယှက်ကင်းရှင်းစွာ လိုရာခရီးနီးနီးအမြန်ရောက်ရှိစေရန် ပြည်သတင်းမှ တဆင့် နိဗ္ဗာန်အကျိုးမျှော် ကုသိုလ်တော်ပါဝင်နိုင်ပါစေကြောင်း အလေးထားအလှူခံအပ်ပါသည်။
၆-လက်မအထူရှိ-အကျယ် ၁၀-ပေxအရှည် ၁၂-ပေခန့်ရှိသည့် ကွန်ကရစ်လမ်းတစ်ကန့်အား တန်ဖိုးငွေ ၁၅၀၀၀၀ိ/(တစ်သိန်းခွဲကျပ်)ကျသင့်မှာဖြစ်ပါသည်။ထို ဖိုးဦးတောင်တက်လမ်း ကွန်ကရစ်လမ်းမကြီးလုပ်ငန်းအား ပြီးခဲ့သည့် ၂၀၁၅-ခုနှစ် ၁၂-လပိုင်းခန့်မှာစတင်အကောင်ထည်ဖော်လျှက်ရှိနေပါသည်။ထိုဖိုးဦးတောင်တက်လမ်း ကွန်ကရစ်လမ်းအရှည်အား ခန့်မှန်း ပေပေါင်း-၁၅၀၀-ခန့်ရှိမည်ဖြစ်ပါသဖြင့် အလှူရှင်များလိုအပ်လျှက်ရှိနေပါသည်။
ဆက်သွယ်လှူဒါန်းနိုင်ရန်-
၁။ ဆရာတော် ဘဒ္ဒန္တက၀ိသာရ(ဖိုးဦးတောင် ပဓာန နာယကဆရာတော်)-09-423714420
၂။ ဦးလှကြည် (ဖိုးဦးတောင် ဂေါပကအဖွဲ့-ဘဏ္ဍာရေးမှူး)-09-31591630
၃။ ဦးမောင်မောင်(ဖိုးဦးတောင် ဂေါပကအဖွဲ့ဝင်)-09-31669530
၎။ ဦးချစ်သန်း(ဖိုးဦးတောင် ဂေါပကအဖွဲ့ဝင်)-09-33476498…….တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ရပ်ဝေး ရပ်နီးမှ စေတနာရှင် အလှူ့ရှင် အလှူ့အမ သာသနာ့အကျိုး ဘာသာ့အကျိုးသယ်ပိုးသူ ဓမ္မမိတ်ဆွေ သူတော်စင်မြတ်တို့အား ပြည်သတင်းအဖွဲ့မှ အလေးထားအလှူခံလိုက်ရပါသည်။
ပြည်လည်ဖြန့်ဝေရှယ်ယူခြင်းဖြင့်လည်း ကုသိုလ်ယူကြပါ။
ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

အရှိုချင်း အမျိုးသားစာပေ နှစ် ၁၅၀-ပြည့်အထိမ်းအမှတ်အား ပြည်မြို့တွင်ကျင်းပပြုလုပ်

Leave a Comment


အရှိုချင်း အမျိုးသားစာပေ နှစ် ၁၅၀-ပြည့်အထိမ်းအမှတ်အား ပြည်မြို့တွင်ကျင်းပပြုလုပ်

ပြည်၊ဧပြီ၊၃၀
...

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ရွှေတစ်ချောင်းလမ်းရှိ အရှိုချင်း-နှစ်ခြင်းခရစ်ယာန်အသင်းတော်(Hommunity Hall)ခန်းမကြီးတွင် ဧပြီ-၃၀ ရက်နေ့ နံနက်မှစတင်ကာ အရှိုခြင်းအမျိုးသားစာပေ နှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ(ရန်ကုန်)မှကြီးမှုးခဲ့သော အရှိုချင်း အမျိုးသားစာပေ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ်ပွဲကျင်းပပြုလုပ်ခဲ့ရာတွင် စာပေအောင်ပွဲကျင်းပခြင်း၊အရှိုရိုးရာအကများ၊တေးသီချင်းများ နှင့်ဖျော်ဖြေရေးအစီစဉ်များထည့်သွင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အရှိုချင်းအမျိုးသားစာပေ နှစ် ၁၅၀-ပြည့်အထိမ်အမှတ်ပွဲတွင် အလုပ်ရုံဆွေးနွေးပွဲအနေဖြင့် အ.စ.ယ(ဗဟို)ကော်မတီဝင်များနှင့် မြို့နယ်အ.စ.ယကိုယ်စားလှယ်များ မှ စာပေ၊ယဉ်ကျေးမှု၊မျိုးနွယ်စုအလံ၊သမိုင်း၊ပညာရေးကဏ္ဍများ ဖွံ့ဖြိုးမှုအတွက် မှုကြမ်းများတင်ပြခြင်းများကို ထိုနေ့နံနက် ၈-နာရီမှ ၁၁-နာရီအထိကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းစဉ်များဟောပြောမှုကို ပြည်နယ် ပညာရေးမှူး(ငြိမ်း)၊အ.စ.ယ(ဗဟို)ရန်ကုန်၊ဥက္ကဌ ဆလိုင်းထွန်းအောင် မှဟောပြောခြင်း၊အရှိုလူငယ်များနှင့်ယနေ့ခေတ်ပညာရေးအခြေအနေ လိုက်လျှောက်နိုင်ရန်အတွက်သြ၀ါဒစကားအား ရန်ကုန်၊တက္ကသိုလ်၊ဒုတိယ-ပါမောက္ခချုပ် ဒေါက်တာ-မိုင်အေးအေးထွန်း မှပြောကြားခဲ့ပြီး အရှိုချင်းလူမျိုးများ မြန်မာနိုင်ငံအတွင်းသို့ ကနဦးဝင်ရောက်လာမှု နှင့် ယနေ့ခေတ်အထိ သမိုင်းမှတ်တမ်းများ ပြုစုထားသည့် အရှိုချင်းသမိုင်းအကြောင်းတို့အား ရန်ကုန်၊ဓမ္မတက္ကသိုလ်၊Holy Cross ဆလိုင်းဒါဝိတ် မှဟောပြောခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အရှိုချင်း အမျိုးသားစာပေ နှစ်ပေါင်း ၁၅၀-ပြည့်အထိမ်းအမှတ်အနေဖြင့် ထိုနေ့ နေ့လည် ၂-နာရီမှစတင်ကာ ညနေ ၆-နာရီကျော်အချိန်အထိ အရှိုရိုးရာအကများ နှင့် ရိုးရာတေးသီချင်းများအားဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ၄င်းအခမ်းအနားသို့ မင်းပြား၊တောင်ကုတ်၊သံတွဲ၊ပန်းတောင်း၊ကြံခင်း၊မြန်အောင်၊သိုင်းချောင်း၊ရန်ကုန်၊အောင်လံ၊တောင်တွင်းကြီး၊စေသုတ္တရာ၊မင်းတုန်း၊သရက်၊နေပြည်တော်၊လယ်ဝေး၊အုတ်တွင်း၊ပေါက်ခေါင်း၊ပြည်၊ငဖဲ၊ဥသျှစ်ပင်၊ရမ်းဗြဲ၊မိချောင်းရ၊အင်္ဂပှု စသည့်မြို့နယ်များမှ အရှိုးချင်းလူမျိုး ၄၀၀-ကျော်တက်ရောက်ခဲ့ကြောင်းသိရပြီး အခမ်းအနားအား ထိနေ့ ညနေ ၆-နာရီကျော်အချိန်ခန့်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးဆုံးသွားခဲ့ကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉
Read More...

ကံမမြို့နယ်အတွင်းမိုးသည်းထန်စွာရွာသွန်းမှု နှင့်မိုးသီးများကြွေကျမှုကြောင့် လူနေအိမ်များပြိုကျပျက်ဆီးခဲ့ရပြီးလျှပ်စစ်ဓါတ်တိုင်များပြိုကျခဲ့

Leave a Comment


ကံမမြို့နယ်အတွင်းမိုးသည်းထန်စွာရွာသွန်းမှု နှင့်မိုးသီးများကြွေကျမှုကြောင့် လူနေအိမ်များပြိုကျပျက်ဆီးခဲ့ရပြီးလျှပ်စစ်ဓါတ်တိုင်များပြိုကျခဲ့

ကံမ၊ဧပြီ၊၃၀
...

မကွေးတိုင်းဒေသကြီး၊ကံမမြို့နယ်အတွင်းမှာ ဧပြီ ၂၉ ရက် ညနေ(၃)နာရီကျော်က လေပြင်းတိုက်ခိုက်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် မိုးသီးကြွေကျခြင်းတို့ကြောင့် ကံမမြို့နယ်အတွင်းရှိ ထန်းကောက်၊ပွတ်စု၊စံပယ်ခြုံ၊ညောင်ပင်ကွင်းစသည့် ကျေးရွာများတွင် လူနေအိမ်တစ်ပျက်ဆီးပြိုကျခဲ့ရပြီး နေအိမ်အမိုးသွပ်ပြားများလန်ခဲ့ကာ 11-KB ဓါတ်အားလိုင်းမှ ဓါတ်တိုင်များပြိုလဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကံမမြို့နယ်အတွင်းမှာ လေပြင်းတိုက်ခိုက်ခြင်း၊မိုးသီးထန်စွာရွာသွန်းခြင်း၊မိုသီးကြွေကျခြင်းတို့ကြောင့် ထန်းကောက်ကျေးရွာတွင် နေအိမ်(၄)လုံး ပြိုကျပျက်က်စီးခဲ့ရပြီး နေအိမ်(၁၀-လုံး)သွပ်အမိုးများလန်ကျခဲ့ပြီး 11-KV ဓာတ်အားလိုင်းမှ ဓာတ်တိုင်ပေါင်း(၂၄) ပြိုကျပျက်ဆီးသွားခဲ့ကြောင်းသိရပြီး ပွတ်စုကျေးရွာတွင် နေအိမ်(၁)လုံးပြိုကျခဲ့ပြီး နေအိမ်(၈)လုံးအမိုလန်ပျက်စီးခဲ့ရသည်။ ၄င်းကျေးရွာရှိနေအိမ်တစ်လုံးအား မိုးကြိုးပစ်ချခံလိုက်ရ၍ လျှပ်စစ်ပစ္စည်းများ၊ဘက်ထရီအိုးများပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်း၍ မိုးသီးများကြွေကျခြင်း၊လေပြင်းများတိုက်ခိုက်ခြင်းတို့ကြောင့် စံပယ်ခြုံကျေးရွာနှင့်ညောင်ပင်ကွင်းကျေးရွာများမှာ ဖုန်းတော်ကြီးကျောင်းတစ်ကျောင်းတစ်ကျောင်း ပြိုကျပျက်ဆီးခဲ့ရပြီး လူနေအိမ်များလည်းပျက်ဆီးခဲ့ရကြောင်းသိရသည်။

“လေက ပထမမြောက်ဖက်ကလာတာနောက်တောင်ဖက်ကပြောင်းတိုက်တယ်၊အိမ်ထဲမှာစုပြုံပြီးထိုင်နေရတယ်၊လေအရမ်းစိုးလာလို့တံခါးဖွင့်လိုက်တော့၊အိမ်ထဲကဘီဒိုပါလွင့်သွားတယ်၊အုပ်ချုပ်ရေးမှု နဲ့အဖွဲ့ကတော့ညကလာကြည့်သွားတယ်၊လာမှတော့မပြောသေးဘူး။”ဟု ကံမမြို့နယ်၊ပွတ်စုကျေးရွာ၊အိမ်အမိုးလန်ပျက်ဆီးသွားသူ ဦးအောင်ဝင်း ကပြောသည်။

“လေကလေးဘက်လေးတန်ညှပ်ပြီးတိုက်တာ၊ပထမလေတုံးကတော့မပါသေးဘူး ဒုတိယအကြိမ်တိုက်တဲ့လေမှာ၊အိမ်ကပြိုသွားတာ၊အပင်ကလဲ အိမ်ပေါ်ကိုကျိုးကြသွားတာလုံးဝကိုပြားသွားတာ၊ရွာထဲမှာလဲ၊အိမ်တွေပြိုသေးတယ်၊အမိုးလန်သွားတဲ့အိမ်တွေလဲရှိသေးတယ်။” ဟု ကံမမြို့နယ်၊ထန်းကောက်ကျေးရွာ၊နေအိမ်ပြိုကျသွားသူ ဦးတင်ငွေ ကပြောသည်။

အဆိုပါ လေတိုက်ပြီးနောက်တနေ့မနက်မှာ လျှပ်စစ်ဋ္ဌာနကတာဝန်ရှိသူတွေလာရောက်ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းမှာ စိုက်ထူခဲ့သည့် ဆီကျေးရွာမှ ကံမမြို့သို့ဆက်သွယ်ထားသည့် 11-KV လျှပ်စစ်ဓါတ်အားကြိုး နှင့် ဓါတ်တိုင်များပြိုကျမှု နှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ယခုလိုပြောပြခဲ့သညည်။

“အခုစစ်ဆေးပြီးတာကတော့ တိုင်(၂၂)တိုင်အောက်ခြေကနေပျက်ပြီးလဲကျသွားတာကိုတွေ့ရပါတယ်၊ အနည်းဆုံး(၃)ရက်လောက်တော့၊ပြင်ဆင်ပြီးမှ၊မီးပေးနိုင်မှာပါ၊အောက်ကမြေသားပျော့တာရယ်၊လေကြမ်းတာရယ်ကြောင့်၊အခုလိုပြိုလဲကုန်တာပါ။” ဟု သရက်ခရိုင် အင်ဂျင်နီယာ ဦးနိုင်လွင်ဦး ကပြောသည်။

အဆိုပါ ကံမမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် လေပြင်းတိုင်ခိုက်ခြင်း၊မိုသီးကြွေကျခြင်းတို့နှင့်ထပ်တူဖြစ်စဉ်မျိုး ပြည်မြို့နယ်အတွင်းဖြစ်ပွားခဲ့ရာတွင် လူနေအိမ် စုစုပေါင်း(၁၅)လုံးခန့် ပြိုကျပျက်ဆီးခဲ့ရပြီး လူနေအိမ် ၃၀-ကျော် အိမ်အမိုးသွပ်ပြားများလန်၍ ပျက်စီးသွားခဲ့ရကြောင်းသိရပြီး သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းများမှ စာရင်းများပြုစုနေလျှက်ရှိပြီး အသေးစိတ်အချက်အလက်စာရင်းဇယားများကိုတော့ ယနေ့အထိထုတ်ပြန်ကြေငြာထားခြင်းမရှိသေးကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉
Read More...

Friday, April 29, 2016

လူပျောက်အမှုဖွင့်တိုင်ကြား

Leave a Comment

လူပျောက်အမှုဖွင့်တိုင်ကြား

ပြည် ဧပြီ (၂၉)ရက်နေ့

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ရှိ အမျိုးသားတစ်ဦးမှ
၎င်း၏အမျိုးသမီးပျောက်ဆုံးမှုဖြင့် ပြည်မြို့ အမှတ်(၃)နယ်မြေ
ရဲစခန်းသို့ လူပျောက်အမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။

(၁.၃.၂၀၁၆)ရက်နေ့တွင် ကံမမြို့၊ယင်းတောရွာသို့မိဘများနေ
အိမ် လည်ပတ်ရန်သားဖြစ်သူနှင့်အတူ မတင်နီလာကျော်(ခ)နီ
လာ ထွက်သွားရာမှ(၁၁.၄.၂၀၁၆)ရက်နေ့တွင် လင်ယျော်းဖြစ်
သူ ကိုနိုင်လင်းမှသားနှင့်ဇနီးအား သွားရောက်ခေါ်ဆောင်ရာ 
၎င်း၏မိဘများမှ ကိုနိုင်လင်းရှိရာ ပြည်မြို့သို့(၂၈.၃.၂၀၁၆)ရက်
နေ့ ပြန်သွားခဲ့ကြောင်း ၊ခလေးအားထားခဲ့ကြောင်းပြေပြ သိရှိ၍
လိုက်လံရှာဖွေရာမတွေ့ရှိရသဖြင့် ကိုနိုင်လင်း၏ဇနီး မတင်နီလာ
ကျော်(ခ)မနီလာ အားကူညီစုံစမ်းပေးပါရန် ရဲစခန်းသို့လာရောက်
တိုင်ကြားခဲ့ကြောင်းသိရသည်။

ထို့ကြောင့် မတင်နီလာကျော်(ခ)မနီလာ(၂၆)နှစ်(ဘ)ဦးဟန်ညွန့်
ယင်းတောရွာ ၊ကံမမြို့နယ်၊မကွေးတိုင်းဒေသကြီး(ယခင်နေထိုင်)
အောင်ဆန်းပြည်သာယာရပ်(၆)လမ်း၊ပြည်မြို့(ယခုနေထိုင်)သူအား 
လင်ယျော်းဖြစ်သူ ကိုနိုင်လင်းမှ လူပျောက်တိုင်တန်းခဲ့သဖြင့်အမှတ်
(၃)နယ်မြေရဲစခန်း လူပျောက်အမှတ်စဉ်(၁၃/၂၀၁၆)အရလူပျောက်
တိုင်ချက်ဖွင့်ကာ လိုက်လံရှာဖွေလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

Thursday, April 28, 2016

ရင်ခုန်..ပျော်ရွှင်…ကြည်နူးစရာတွေကို သင်ကိုယ်တိုင်..ခံစားနိုင်ဖို့…Lwin Happy Zone ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Leave a Comment



မင်္ဂလာပါ….ရင်ခုန်..ပျော်ရွှင်…ကြည်နူးစရာတွေကို သင်ကိုယ်တိုင်..ခံစားနိုင်ဖို့…Lwin Happy Zone ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
ပြည်မြို့သူ ပြည်မြို့သား များနှင့် ... ညီအစ်ကို၊မောင်နှမ၊ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမတို့ စိတ်းတိုင်းကျ ပျော်ရွှင်ကြည်နူးစရာတွေနဲ့ စီစဉ်မှု အသစ်အဆန်းတွေ ပါဝင်တင်ဆက်သွားရင်ခုန် ပျော်ရွှင်ကြည်နူးစရာတွေကို ယခုလာမည့် 1.5.2016 “မေဒေး”(အလုပ်သမားနေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အများပြည်သူ စိတ်ချမ်းမြေ့စွာ ပျော်ရွှင်စေရန် ပျော်ပွဲ/ရွှင်ပွဲ အစီစဉ်များစွာနှင့်အတူ ၀န်ဆောင်မှုပေးချင်သောကြောင့် ဆက်ဆက်ကြွရောက်ကြပါရန် ပြည်သူ ပြည်သားအားလုံး နှင့် ကလေးလူငယ်အားလုံးကို နွေးထွေးလှိုက်လှဲစွာ ဦးစွာဖိတ်ကြားလိုက်ပါသည်။
1.5.2016 “မေဒေး”(အလုပ်သမားနေ့)မှာ ကျွန်တော်တို့ ပြည်မြို့၊ရွာဘဲနယ်မြေ၊ဗိုလ်ချုပ်လမ်းရှိ Lwin Happy Zone မှာ ညနေ ၆-နာရီ မှ ည-၁၀-နာရီအချိန်အထိ ပျော်ရွှင်စရာအစီစဉ်များဖြစ်သည့်……..
၁။ မျက်လှည့်ပြပွဲ
၂။ ကံစမ်းမဲအစီစဉ်များ
၃။ ကလေးငယ်များအတွက် ဂိမ်းကစားပြိုင်ပွဲများ
၎။ ဆယ်ကျော်သက် လူငယ်တွေအတွက် ထူးခြားဆန်းပြားစွာ နွားရိုင်းစီးပြိုင်ပွဲများ နှင့် အခြားရင်ခုန်စိတ်လှုပ်ရှား ပျော်ရွှင် ကြည်နူးစရာ အစီစဉ်ပေါင်းများစွာထည့်သွင်းထားပါကြောင်း ဦးစွာသတင်းကောင်းလေးပါးလိုက်ပါသည်။
ကျွန်တော်တို့ Lwin Happy Zone တွင်…..
တစ်နေကုန် ပင်ပန်းလို့ စိတ်ထွက်ပေါက်ပေးချင်နေလား…..
မိသားစု နှင့် အတူတူ အချိန်ပေးပြီး အပန်းဖြေချင်နေလား…..
လူကြီး လူငယ် ကလေး အရွယ်မရွေး စိတ်အပန်းဖြေဖို့အတွက် တစ်ချိန်တည်းမှာ…….တစ်နေရာတည်းမှာ…….ရသပေါင်းစုံ…..ပြီးပြည့်စုံတဲ့ခံစားမှု……ပျော်ရွှင်…ကြည်နှုး..ရန်ခုန်စရာ ကစားနည်းပေါင်းများစွာ နှင့် စိတ်အပန်းဖြေစေဖို့ Lwin Happy Zone သို့ ကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ…..
Lwin Happy Zone မှ Skate…..
သင့်ရဲ့ တစ်နေ့တာအတွင်း စိတ်ပင်ပန်းမှုတို့ကို ထွက်ပေါက်ပေးချင်တာလား….သင့်ရဲ့ တစ်နေ့တာအတွက် အားကစားလုပ်ရန် အချိန်မပေးနိုင်တာလား…..သင့်ကျန်းမာရေးအတွက် ခေတ်မှီမြူးကြွတဲ့ သံစဉ်များနှင့်အတူတူ စကိတ်စီးရင်း စိတ်မွန်းကြပ်မှုတို့ကို ဖြေပျောက်စေနိုင်ပါတယ်။
Lwin Happy Zone မှ Floral Service
သင့်ရဲ့ မိတ်ဆွေ၊သူငယ်ချင်း၊ချစ်သူ၊မိဘ၊ကိုကို၊မမ တို့အတွက် မွေးနေ့လက်ဆောင် ပန်းစည်းများ၊အမှတ်တရ ပန်းစည်းများ၊ ၁၀-နှစ်အာမခံ Snowy Flower ၊ ပန်းအိုးများကို အထူး ဈေးနူန်းချိုသာစွာဖြင့် စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါပြီ။
Surprise Party ပွဲ
မွေးနေ့ပွဲများကိုလည်း စိတ်ဝင်စားဖွယ်ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးနေပါပြီ….ဆက်သွယ်မှာယူလိုပါက www.facebook/lwinfloralservice.com တွင်မှာယူနိုင်သလို 09-794080747 တို့ကိုလည်းဆက်သွယ်မှာယူနိုင်ပါသည်။ Door to door ဖြင့်လည်း ပြည်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးနေပါသည်။
Lwin Happy Zone မှ Body Fitness & Weightloss Centre
မိမိ ကိုယ်ကို အ၀လွန်ပြီး ယုံကြည်မှုကင်းမဲ့နေပါသလား….ကျစ်လစ်တောင့်တင်းသော ခန္ဓာကိုယ်ပိုင်ဆိုင်လိုပါသလား….အ၀လွန်သော ကလေးငယ်များအတွက် သင့်လျှော်သော လေ့ကျင့်ခန်းများ နှင့် အဆီချပေးခြင်း၊အိမ်ထောင်သည် အမျိုးသမီးများ နှင့် အ၀လွန် အမျိုးသား အမျိုးသမီးများအတွက် သောက်ဆေးမပါဘဲ လိမ်းဆေးဖြင့် အဆီချပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိပါသည်။
Lwin Happy Zone မှ ချွေးပေါင်းခန်း
မိတ်ဆွေ တစ်ကိုယ်လုံး ညောင်းပြီးကိုက်ခဲနေတာလား…..အလုပ်ထဲမှာ စိတ်ရှုပ်ပြီး အကြောတက်နေတာလား…..ကျီးပေါင်းရောဂါကြောင့် စိတ်ညစ်နေတာလား…..ချွေးငုတ်ပြီး ကိုယ်လက် မအီမသာဖြစ်နေတာလား…..ဒါတွေအားလုံးအတွက် စိတ်မပှုပါနဲ့တော့ ကိုယ်လုံးကို ချွေးပေါင်းခြင်းဖြင့် ပေါ့ပါးလန်းဆန်းသွားစေမှာမလို့ လူကြီးမင်းတို့ သဘောကျမှာအမှန်ပါ။
Lwin Happy Zone မှ ရေလွှာလျှော
သင့်ရဲ့ တစ်နေ့တာ ပင်ပန်းလာသမျှကို ရေလွှာလျှောစီးရင်းဖြင့် စိတ်ထွက်ပေါက်ပေးလိုက်ပါ။
Lwin Happy Zone မှ နွားရိုင်းစီးခြင်း
သင် ကောင်းဘွိုင်တစ်ယောက်ရဲ့ စိတ်ခံစားချက်ပေါင်းများစွာနဲ့ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ကစားနည်းက Lwin Happy Zone မှာရှိသည့် နွားရိုင်စီးရသည့်အရသာ သင်ဘာနဲ့မှ မလဲနိုင်တာသေချာပါတယ်။
Lwin Happy Zone မှ 5D Cinema
ရုပ်ရှင်ထဲသို့ မိမိကိုယ်တိုင် ခံစားစီးဝင်စေနိုင်သည်သာမက စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ခံစားမှု ရသကိုလည်း ပေးနိုင်မှာဖြစ်ပါတယ်။
Lwin Happy Zone မှာ ရှိသည့် Lwin Jewelry Shop
ခေတ်မှီဆန်းသစ် ဆန်းပြားမှုများစွာနဲ့ ခေတ်မှီ ပွဲတက် Fancy ကျောက် နှင့် Lucky Stone ကျောက်များကိုလည်း လက်လီ/လက်ကား ရောင်းချပေးနေပါပြီ။….
ဒါတွေအားလုံးကို တစ်နေရာတည်းမှာရှိနေပါတယ်။ ဒီထက်မက ကစားစရာ နှင့် ကစားနည်းပေါင်းများစွာလည်း ကျန်ရှိနေပါတယ်။ 1.5.2016 “မေဒေး” အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ပျော်ရွှင်စရာအစီစဉ်တွေထည့်သွင်းတင်ဆက်ပေးသွားမှာဖြစ်၍ လူကြီး၊လူငယ်၊ကလေး မည်သူမဆိုကြွရောက်ခဲ့ပါလို့ Lwin Happy Zone မိသားစုမှ နွေးထွေးပျူငှာ လှိုက်လှဲစွာ ဖိတ်ကြားလိုက်ပါသည်။
Lwin Happy Zone ၊ ပြည်မြို့၊ရွာဘဲရပ်၊ဗိုလ်ချုပ်လမ်း(လွင်-ခြံ)
https://www.facebook.com/Lwin-Happy-Zone-389797954519304/…

















 
Read More...

Facebook Like Page