Thursday, October 2, 2014

နိုင်ငံတကာသို့ ၃၀ ကျပ်ဖြင့် SMS ပေးပို့နိုင်ဟု Telenor ပြော

Leave a Comment
Telenor ၏ မိုဘိုင်းဖုန်းလိုင်းများသည် တစ်ကမ္ဘာလုံးရှိ မိုဘိုင်းဖုန်းလိုင်းများဆီသို့ SMS (စာတိုစနစ်) ပေးပို့နိုင်ကြောင်း၊ ထိုကဲ့သို့ SMS ပေးပို့ရာတွင် ဈေးနှုန်းအနေဖြင့် ၃၀ ကျပ် သတ်မှတ်ထားကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်လိုက်သည်။

လက်ရှိအချိန်၌ Telenor သည် ၎င်း၏ မိုဘိုင်းဖုန်းလိုင်းများအတွင်း နိုင်ငံ ၅ နိုင်ငံဆီသို့ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန် Roaming ကွန်ရက်ကို ဖွင့်လှစ်ပေးထားပြီး နိုင်ငံတကာသို့ မိုဘိုင်းဖုန်း ခေါ်ဆိုမှု အဖြစ် နိုင်ငံပေါင်း ၂၃၄ နိုင်ငံဆီသို့ ခေါ်ဆိုမှုပြုလုပ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သော Telenor ဆင်းမ်ကတ်များသည် နိုင်ငံပေါင်း ၂၄၃ နိုင်ငံဆီသို့ အထွက်ခေါ်ဆိုမှု ပြုလုပ်လိုပါက နိုင်ငံအပေါ်မူတည်၍ တစ်မိနစ်လျှင် အနည်းဆုံး ၂၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ကျသင့်မည်ဟု Telenor က သတင်း ထုတ်ပြန်ထားသည်။ နိုင်ငံပေါင်း ၂၃၄ နိုင်ငံအနက် ခေါ်ဆိုမှုပြုလုပ်ရန် ခက်ခဲသည့် အက်စတိုးနီးယားနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်မိနစ်လျှင် ၈,၀၀၀ ကျပ် သတ်မှတ်ထားပြီး ခေါ်ဆိုမှုပြုလုပ်ရန် လွယ်ကူသည့် ကနေဒါနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်မိလျှင် ၁၀၀ ကျပ်သာ ကျသင့်မည်ဟုလည်း သိရသည်။

Telenor သည် မန္တလေးမြို့၌ ဆင်းမ်ကတ်များကို စတင်ရောင်းချခဲ့ပြီဖြစ်ပြီး ပြည်တွင်း SMS စနစ်အတွက် တစ်စောင်လျှင် ၁၅ ကျပ် သတ်မှတ်ထားသည်။ အသံခေါ်ဆိုမှုအတွက် မည်သည့်အော်ပရေတာ ကိုမဆို ခေါ်ဆိုသည့်အခါ တစ်မိနစ်လျှင် ၂၅ ကျပ် ကျသင့်သည်ဟု သိရသည်။Telenor ၏ ပြိုင်ဘက်အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo သည် မိုဘိုင်းဖုန်းခေါ်ဆိုမှုကို ၎င်း၏ အော်ပရေတာတူ ဖုန်းလိုင်း အချင်းချင်း ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး အခြားသော အော်ပရေတာ၏ မိုဘိုင်းဖုန်းလိုင်းကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။

Ooredoo ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းအချက်အလက်အရ ၎င်းတို့ မိုဘိုင်းဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ပြည်ပနိုင်ငံများနှင့် Roaming ကွန်ရက်ရရှိရန် ကြိုးစားနေကြောင်း၊ Roaming ကွန်ရက်ကို ရရှိပါက ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Internet Journal
Read More...

ပြည်မြို့တွင်လိုင်စင်မဲ့အဖြူရောင်ပြိုင်ကားတစ်စီးဖမ်းဆီးရမိခဲ့ ပြည့်သဲမောင်(ပြည်)

Leave a Comment




ပြည်မြို့တွင်လိုင်စင်မဲ့အဖြူရောင်ပြိုင်ကားတစ်စီးဖမ်းဆီးရမိခဲ့

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင်လိုင်စင်မဲ့အဖြူရောင်
ကားတစ်စီးအားဖမ်းဆီးရမိကြောင်းသိရှိရသည်။

အောက်တိုဘာ ၁ရက်နေ့ ညနေ(၆း၂၀)အချိန်ခန့် ပြည်မြို့နယ်
အမှတ်(၁)နယ်မြေရဲစခန်းအနောက် (၂)ဖာလုံခန့် ရွာဘဲ ရပ်
ကွက် အောင်သုခရပ် အောင်သုခလမ်းတွင်လိုင်စင်မဲ့မော်တော်
ယာဉ်တစ်စီးရပ်တန့်ထားကြောင်းအမှတ်(၁၀)ယာဉ်ထိန်းတပ်ဖွဲ့စု

 (ပြည်)သို့သတင်းပေးတိုင်တန်းချက်အရ ယာဉ်ထိန်းတပ်ဖွဲ့မှဒုရဲမှူး
ဝင်းနိုင်ဦးနှင့်အဖွဲ့သည် သက်သေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်း
ကြိုင်၊ရာအိမ်မှူး ဦးသံလုံး ၊ဦးသိန်းမြင့် တို့နှင့်အတူသွားရောက်စစ်
ဆေးခဲ့သည်။

ထိုသို့သွားရောက်စစ်ဆေးရာ အောင်သုခလမ်းရှိ တည်းခိုခန်းေ

ရှ့တွင်9c/------နံပါတ်တပ်လျှက်ရှိသောFAIRKADYအမျိုးအစား
(အဖြူရောင်ပြိုင်ကား)တစ်စီးအားတွေ့ရှိရ၍ ယာဉ်ပိုင်ရှင်အားစုံ
စမ်း မေးမြန်းရာ ဟိန်းထက်စိုး(၂၀)နှစ်အောင်သုခလမ်းအောင်

သုခရပ် ရွာဘဲရပ်ကွက်နေသူပိုင်ဆိုင်ကြောင်း သိရှိရသည်။

ထို့ကြောင့်သက်သေများရှေ့တွင် ယာဉ်နှင့်ပက်သက်သော စာရွက်
စာတမ်း အထောက်အထားများအား မေးမြန်းခဲ့ရာ ယာဉ်နှင့် ပက်သ
က်၍စာရွက် စာတမ်းအထောက်အထား(ယာဉ်မှတ်ပုံတင်)တစ်စုံတစ်
ရာ ခိုင်လုံစွာပြသနိုင်ခြင်းမရှိ၍ ရှာဖွေပုံစံပြုလုပ်သိမ်းဆည်းခဲ့သည်ဟု
ဆို၏။

ဖြစ်စဉ်နှင့်ပက်သက်၍ လိုင်စင်မဲ့ယာဉ်လက်ဝယ်ထားရှိသူ ဟိန်းထက်စိုး
အားအရေးယူပေးပါရန် ဒုရဲမှူး ဝင်းနိုင်ဦးမှတရားလိုပြုလုပ်တိုင်တန်းချက်
အရ ပြည်အမှတ်(၁)နယ် မြေ ရဲစခန်း(ပ)၂၆၅/၂၀၁၄ ၊ပို့ကုန်သွင်းကုန်
ဥပဒေပုဒ်မ ၈/၁၀ဖြင့် အမှုရေးဖွင့်ခဲ့ကာဒုရဲအုပ်ခင်ဝင်းထွန်း မှလက်ခံစစ်
ဆေးလျှက်ရှိကြောင်းသတင်းရရှိပါသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင်(ပြည်)
Read More...

ဓနသိဒ္ဓိသာသနာပြုအဖွဲ့ (ကုသိုလ်ဖြစ်) ရွှေထီးတော်အဖွဲ့ အဘရဲမင်းခေါင်(ပုပ္ပား) သားတပည့်များသည် အလှူ ရှင်များ လှူ ဒါန်း သောငွေများထဲမှ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်

Leave a Comment



ဓနသိဒ္ဓိသာသနာပြုအဖွဲ့ (ကုသိုလ်ဖြစ်)
ရွှေထီးတော်အဖွဲ့ အဘရဲမင်းခေါင်(ပုပ္ပား)
သားတပည့်များသည် အလှူ ရှင်များ လှူ ဒါန်း
သောငွေများထဲမှ သာသနာပြုလုပ်ငန်းများ
ဆောင်ရွက်ရန် လိုအပ်တဲ့ တူရိယာ ပစ္စည်း
များပြန်လည်ဝယ်ယူအသုံးပြုပါပါသည်။ထို့
ကြောင့်အလှူ ရှင်များ လှူ ဒါန်းမှုအစုစုအတွက်
သာဓုခေါ်ဆိုနိုင်ပါရန်

Read More...

အများသိစေရန်ကြေညာခြင်း

Leave a Comment





အများသိစေရန်ကြေညာခြင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆံတော်နယ်မြေ၊ ဆေးရေးရပ်ကွက်၊ 
အမှတ်( ၃၉၄ )၊စစ်ကဲလမ်းတွင်တည်ရှိ သောအလျားပေ ၃၀၊ အနံပေ
 ၁၅၀ အကျယ်အ၀န်းရှိသော မြေကွက်နှင့်မြေကွက်ပေါ်ရှိ အဆောက်
အအုံ အပါအ၀င် အကျိုးခံစားခွင့် အရပ်ရပ်၏ ၅/၇ တစ်နည်းအားဖြင့်
 အလျားပေ ၂၁ဒသမ၄၂၈၅၇၊ အနံပေ ၁၅၀ ကို ဒေါ်မြမြ၀င်း၇/ပမန
(နိုင်)၀၀၀၂၇၇က ပိုင်ဆိုင် အကျိုးခံစားလျက်ရှိပါသည်။
          သို့ရာတွင် အထက်ဖော်ပြပါရှိသော ပြည်မြို့၊ ဆံတော်နယ်မြေ၊
 ဆေးရေးရပ်ကွက်၊ အမှတ်( ၃၉၄ )၊ စစ်ကဲလမ်းတွင်တည်ရှိသော မြေ
ကွက်နှင့်မကွက်ပေါ်ရှိ အဆောက်အအုံ အပါအ၀င် အကျိုးခံစားခွင့်အ ရပ်
ရပ်နှင့်ဆက်နွယ်သော စာရွက်စာတမ်းများ ပျောက်ဆုံးနေပါသဖြင့် သက်
ဆိုင်ရာဌာနများသို့ အကြောင်း ကြားစာများပေးပို့ထားပြီးဖြစ်ပါသည်။ သို့
ဖြစ်ပါ၍ အမှတ်( ၃၉၄ )၊ စစ်ကဲလမ်း၊ ဆေးရေးရပ်ကွက်၊ ဆံ တော်နယ်မြေ၊
 ပြည်မြို့ရှိ မြေကွက်နှင့်မြေကွက်ပေါ်ရှိ အဆောက်အအုံအား ဒေါ်မြမြ၀င်း၏
ခွင့် ပြုချက်မရဘဲ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ပေါင်နှံခြင်း၊ အပေါင်ခံခြင်း၊လွှဲ
ပြောင်းခြင်း၊ လက်ခံခြင်း၊အာမခံထားခြင်း၊ အာမ ခံလက်ခံခြင်း၊ ပေးကမ်းခြင်း၊ 
လှူဒါန်းခြင်း၊ အမည်ပြောင်းခြင်းများမပြုလုပ်ရန် အများသိစေရန် အသိပေး ကြေ
ညာအပ်ပါသည်။

ဒေါ်မြမြ၀င်း၏လွှဲအပ်ညွှန်ကြားချက်အရ -ဒေါ်ဖြိုးသဉ္ဇာမြင့်သောင်း LL.B
အထက်တန်းရှေ့နေ ( စဉ် - ၂၇၀၈၉ )အမှတ်- ၁၄၃၊ ရွှေတစ်ချောင်းလမ်း၊
ကိုးသောင်း၊ ဂျပန်ကွက်၊ ရွာဘဲနယ်မြေ၊ ပြည်မြို့ ဖုန်း- ၀၉-၅၃၆၃၆၂၅၊ ၀၉-၄၄၈၅၃၆၉၁၆
Read More...

၁.၁၀.၂၀၁၄ ရက်နေ့ဆင်တဲ တောင်ပိုင်း ကြာသပတေး ဆွမ်းလောင်းသင်းဆွမ်းသိမ်းပွဲနှင့်စုပေါင်းရှင်ပြုအလှူ တော်

Leave a Comment


၁.၁၀.၂၀၁၄ ရက်နေ့ဆင်တဲ တောင်ပိုင်း ကြာသပတေး
ဆွမ်းလောင်းသင်းဆွမ်းသိမ်းပွဲနှင့်စုပေါင်းရှင်ပြုအလှူ တော်
မင်္ဂလာတွင်ဓနသိဒ္ဓိသာသနာပြု (ကုသိုလ်ဖြစ်)မင်္ဂလာရှမ်း
အိုးစည်အဖွဲ့မှဒါနပြု ကုသိုလ်ပါဝင်နေပုံများ




Read More...

Facebook Like Page