Wednesday, May 11, 2016

ကျောင်းအိမ်သာဆောက်လုပ်ရန်မြေတူးရာမှ လက်ပစ်ဗုံး ၁၄-လုံး နှင့် ရိုင်ဖယ်ကျဉ်ဆံ အတောင့် တစ်ထောင်ခန့်တွေ့ရှိ

Leave a Comment


 
 
ကျောင်းအိမ်သာဆောက်လုပ်ရန်မြေတူးရာမှ လက်ပစ်ဗုံး ၁၄-လုံး နှင့် ရိုင်ဖယ်ကျဉ်ဆံ အတောင့် တစ်ထောင်ခန့်တွေ့ရှိ

ပြည်၊မေ၊၁၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ဆံတော်ရပ်အတွင်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းစာသင်ကျောင်းဝန်းအတွင်း ကိုးခန်းတွဲအိမ်သာ ဆောက်လုပ်ရန်အတွက် ဖောင်းဒေးရှင်းတူးမြောင်းတူးဖော်ရာမှ မေလ-၁၀ ရက်နေ့ နံနက် ၁၀း၃၀-မိနစ်အချိန်ခန့်တွင် အဆိုပါတူးမြောင်းတူးဖော်နေစဉ် ခဲရမ်းများတူးဖော်မိခဲ့ကြောင်းသိရသည်။

အဆိုပါ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျောင်းသား/သူများအတွက် ကိုးခန်းတွဲ အိမ်သာတည်ဆောက်ရန် ဖောင်းဒေးရှင်းမြောင်းတူးဖော်ရာ မြောင်းအတွင်းမှ စစ်လက်ကျန် လက်ပစ်ဗုံးအဟောင်းများ နှင့် ကျဉ်ဆံဟောင်းများတူးဖော်တွေ့ရှိခဲ့ရာ ၄င်းဗုံးများတွေ့ရှိခဲ့စဉ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတို့အကြောင်းကြားခဲ့၍ အမှတ်(၉၁၁)စစ်မြေပြင်အင်ဂျင်နီယာတပ်၊အမှတ်(၉၅၉)အလုပ်ရုံတပ်ခွဲ နှင့်(ဒ.က.စ-ပြည်) ဒေသကွပ်ကဲရေး-စစ်ဌာနချုပ်တို့မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးရှင်းလင်းပေးခဲ့ကြောင်းသိရသည်။ပထမအချိန် အလုပ်သမားများတူးဖော်တွေ့ရှိခဲ့ချိန်တွင် လက်ပစ်ဗုံးအဟောင်း ၇-လုံး နှင့် ကျဉ်ဆံအတောင့် ၂၀-ကျော်သာတွေ့ရှိခဲ့ကြောင်းသိရပြီး ထို့နောက် စစ်မြေပြင်အင်ဂျင်နီယာစစ်တပ်မှ မိုင်းကျွမ်းကျင်သူများမှ ထပ်မံပိုက်ဆိတ်တိုက်ရှာဖွေခဲ့ရာမှာ စုစုပေါင်း ဒဿမ-၃၀၃ ရိုင်ဖယ်ကျဉ်ဆံ-အတောင့်တစ်ထောင်ကျော် နှင့် ၃၆-ခွင်းဗုံး-လက်ပစ်ဗုံး ၁၄-လုံးတူးဖော်တွေ့ရှိခဲ့ကြောင်းသိရသည်။

“ကျောင်းအုပ်ဆရာမကြီးက ကျောင်းအတွင်းမှာ မြေတူးရာက လက်ပစ်ဗုံးတွေနဲ့ကျဉ်ဆံတွေတွေ့တယ်ဆိုပြီး လှမ်းခေါ်လို့လာခဲ့တာပါ။ကိုယ်တိုင်သွားရောက်ကြည့်ပြီးတော့မှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေဆီကို အဆင့်ဆင့်ဆက်လက်အကြောင်းကြားအသိပေးခဲ့တာပါ။”ဟု ပြည်မြို့ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွှန့်နိုင်-ကပြောသည်။

အဆိုပါ စစ်လက်ကျန် လက်ပစ်ဗုံးများ နှင့် ကျဉ်ဆံများအား ဖောင်းဒေးရှင်းတူးဖော်သူ အလုပ်သမားတစ်ဦးက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိကာစအချိန်မှာတွင် အလုပ်သမားခေါင်းဆောင်အားပြောကြားအသိပေးခဲ့ရာမှ အမှတ်(၃)အခြေခံပညာအထက်တန်း စာသင်ကျောင်းရှိ တာဝန်ရှိသူများထံသို့ ဆက်လက်အကြောင်းကြားခဲ့ကြောင်းသိရသည်။

“ဒီခဲယမ်းတွေ တူးဖော်တွေ့ရှိတာနဲ့ပက်သက်ပြီး စစ်မြေပြင်အင်ဂျင်နီယာတပ်နဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီခဲယမ်းကိစ္စကို သက်ဆိုင်ရာတပ်ကတာဝန်ယူဆက်လက်ဆောင်ရွက်သွားမှာပါ။ဒီနေရာမှာလည်း ဆက်လက်တူးဖော်ရှာဖွေသွားပါမယ်။ပစ္စည်းတွေကုန်လောက်တဲ့အထိရှာဖွေသွားမှာပါ။ခဲယမ်းတွေရှာဖွေမှုမတွေ့တော့ဘူးဆိုရင် ဒီပစ္စည်းတွေကို သက်ဆိုင်ရာဌာနကို ပျက်ဆီးခွင့်ပြုမိန့်တောင်းခံပြီး ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။”ဟု ပြည်မြို့ အမှတ်-၂-ရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ  ပြည်မြို့ အ.ထ.က(၃)-အခြေခံပညာအထက်တန်းကျောင်းကြီးအနီးဝန်းကျင်တွင် ယခင်အချိန်များမှလည်း ယခုလို ခဲယမ်းများတွေ့ရှိခဲ့မှုများဖြစ်ပေါ်လာခဲ့ပြီး ၄င်းစာသင်ကျောင်းဆောင်ကြီးအား ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ဆေးရုံအဖြစ်အသုံးပြုခဲ့ကြောင်း ဒေသခံများထံကသိရသည်။

K3(pyay)ဒီမိုက​ရေစီတူ​ဒေးသတင်းစာ

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)
09253311019


0 comments:

Post a Comment

Facebook Like Page