Monday, May 9, 2016

Leave a Comment


လေပြင်းဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့်ကျေးရွာများကို အိမ်မိုးသွပ်များ လှူဒါန်း အစိုးရ၏ အကူအညီများလိုအပ်လျှက်ရှိနေ
ရွှေတောင်၊မေ၊၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်အတွင်းရှိ ပြည်၊ရွှေတောင်၊ပေါင်းတည်၊ပေါက်ခေါင်း၊သဲကုန်း၊ပန်းတောင်းစသည့်မြို့နယ်များတွင် ပြီးခဲ့သည့် ဧပြီလ ၁-ရက်နေ့က တိုက်ခိုက်ခဲ့သည့် လေပြင်းဒဏ်ကြောင့် အိမ်ခြေပေါင်း ၁၃၀၀-ကျော်ခန့် ရွှေတောင်မြို့နယ်အတွင်းမှာပျက်စီးပြိုကျမှုအများဆုံးဖြစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းဒဏ်အား ဆိုးရွားစွာကြုံတွေ့ခဲ့ရသည့် ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်းရှိ ကျီးသဲ၊ညောင်လှ၊တောင်ယာကုန်း၊သရက်သုံးပင်၊လက်ပံပု-စသည့်ကျေးရွာများတွင် လေပြင်းဒဏ်ခံရမှုကြောင့် နေအိမ်များပြိုကျပျက်စီးခဲ့ရ၍ အများပြည်သူစုပေါင်း လှူဒါန်းငွေကျပ်-သိန်းတစ်ရာအား ရန်ကုန်နာရေးကူညီမှုအသင်းမှ ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်းသို့ လွဲပြောင်းပေးအပ်ခဲ့ပြီး ယခုလို လေပြင်းတိုက်ခိုက်မှုဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် လူနေအိမ်များသို့ ပထမဆုံးခရီးစဉ်အနေဖြင့်-မေလ-၉ ရက်နေ့မနက်မှစတင်ကာ ညနေပိုင်အချိန်အထိ အိမ်မိုးရန် ကာလာ-လိုင်းသွပ်များလှူဒါန်းမှုကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
“ပြီးခဲ့တဲ့ ၃၀-ရက်နေ့လောက်က လေပြင်းတိုက်ပြီး ကျွန်တော့အိမ်ကသွပ်တွေအမိုးတွေလန်ကုန်ပြီးပျက်စီးခဲ့တယ်။မိသားစုလေးယောက်လောက်ရှိတော့ အဆင်မပြေတော့ပြန်မမိုးနိုင်တာအခုထိပါပဲ။မိသားစုစားဝတ်နေရေးအခက်ခဲတွေကြောင့်ပြန်မလုပ်နိုင်သေးခဲ့တာပါ။ဖြစ်ခါစမှာ ဆန်တို့ဆီတို့အနည်းငယ်ကို စစ်တပ်တစ်ခုကလာလှူပါတယ်။အိမ်ကိုတော့နေသာအောင်တော့ တာလပတ်မိုးပြီး အနည်းငယ်ကာရံထားရပါတယ်။မာလာမုန်တိုင်းဖြစ်တုန်းကလည်းကျွန်တော့အိမ်ပါခဲ့တယ်။အခုဖြစ်တော့လည်းပါတယ်။အခုနာရေးကူညီမှုအသင်းက သွပ်အကောင်းစာတွေလာလှူတာဝမ်းသာပါတယ်။ပြည့်စုံမှုကတော့မရှိပါဘူး။နိုင်ငံတော်အနေနဲ့ လိုအပ်နေတာတွေလုပ်ပေးစေချင်ပါတယ်။”ဟု သရက်သုံးပင်ကျေးရွာနေထိုင်သူ ဦးကျော်မြင့်-ကပြောသည်။
အဆိုပါ အိမ်မိုးသွပ်များသည်ကာလတန်ဖိုးအားဖြင့် ၇x၃-ပေ ကာလာ-လိုင်းသွပ်တစ်ချပ်အား ၃၅၀၀-ခန့်ရှိကြောင်းသိရပြီး ပျက်စီးဆုံးရှုံးမှုများအပေါ်မှုတည်၍ တစ်အိမ်လျှင် ၂၄-ချပ် သို့မဟုတ် ၁၂-ချပ်-လှူဒါန်းလျှက်ရှိကြောင်းသိရသည်။
အဆိုပါ လှူဒါန်းမှုခေါင်းစဉ်အား အများပြည်သူ လှူဒါန်းငွေဖြင့် အများပြည်သူကို လှူဒါန်းမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၄င်းလှူဒါန်းမှုအား မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)၊ရွှေတောင်-နာရေးကူညီမှုအသင်း၊ကျီးသဲလေးထပ်ရောင်ခြည်-ပရဟိတအသင်းတို့ပှုးပေါင်းကာ ပျက်စီးပြိုကျသွားသည့် နေအိမ်များရှိရာ ကျေးရွာများသို့သွားရောက်၍ တစ်ရွာဝင် တစ်ရွာထွက်သွားရောက်လှူဒါန်းခဲ့တာဖြစ်ကြောင်းသိရသည်။
“ရန်ကုန်နာရေးကူညီမှုအသင်းကနေ အများပြည်သူလှူဒါန်းငွေထဲက သိန်းတစ်ရာကို မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)၊ရွှေတောင်နာရေးကူညီမှုအသင်း၊ကျီးသဲလေးထပ်ရောင်ခြည်ပရဟိတအသင်း သုံးသင်းပေါင်းပြီး သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ ပြည်ခရိုင်အတွင်းမှာရှိတဲ့ လေပြင်းဒဏ်ကြောင့် ပျက်စီးပြိုကျသွားတဲ့ ကျေးရွာတွေမှာ အိမ်မိုးကာလာ-လိုင်းသွပ်တွေပြန်လည်လှူဒါန်းခဲ့ကြတာပါ။ရွှေတောင်မြို့နယ်ထဲမှာ လေပြင်းဒဏ်ကြောင့် အိမ်ခြေပေါင်း ၁၃၀၀-ခန့်လေပြင်းဒဏ်ခံခဲ့ရာမှာ အဆိုးဝါးဆုံးဖြစ်တဲ့ အိမ်ပြိုကျတာရယ် အိမ်တစ်ချမ်းအမိုးလန်ပျက်စီးတဲ့နေရာကျေးရွာတွေကို တစ်ပါတ်တစ်ဦးစားပေးအဆင့်အနေနဲ့ပထမဆုံးလှူဒါန်းတာပါ။ကျန်းရှိနေတဲ့ ပြည်ခရိုင်အတွင်းကမြို့တွေကိုလည်းသွားရောက်လှူဒါန်းအုံးမှာပါ။အခုလှူဒါန်းမှုက ပြည့်စုံလုံလောက်မှုတော့မရှိပါဘူး။မျှမျှတတ ပရဟိတအဖွဲ့တွေကလှူဒါန်းရခြင်းဖြစ်လို့ လေဘေးသင့်ပြည်သူတွေအနေနဲ့ ဘယ်လိုမှ ပြည့်စုံနိုင်မယ်မထင်ပါဘူး။တစ်ဖက်တစ်လှမ်းကအထောက်ကူပြုရုံတော့ရှိပါတယ်။အစိုးရပိုင်းရဲ့အကူညီလည်းလိုအပ်ပါတယ်။”မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) အတွင်းရေးမှူး ဦးညီညီအောင်-ကပြောသည်။
အဆိုပါ လေပြင်းဒဏ်ကြောင့် ပျက်စီးပြိုကျသွားသည့် ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်းရှိ လက်ပံပုရွာတွင်-နေအိမ်-၂၁-အိမ်အတွက်-ကာလာလိုင်းသွပ်အချပ်ရေပေါင်း-၄၅၆-ချပ်၊သရက်သုံးပင်ရွာတွင်-နေအိမ်-၁၂-အိမ်အတွက်-ကာလာလိုင်းသွပ်အချပ်ရေပေါင်း-၁၉၂-ချပ်၊တောင်ယာကုန်းရွာတွင်-နေအိမ်-၂-အိမ်အတွက်-ကာလာလိုင်းသွပ်အချပ်ရေပေါင်း-၄၄-ချပ်၊ညောင်လှရွာတွင်-နေအိမ်-၁၃-အိမ်အတွက်-ကာလာလိုင်းသွပ်အချပ်ရေပေါင်း-၂၆၄-ချပ် နှင့် ကျီးသဲတိုက်နယ်အတွင်းရှိ နေအိမ်-၁၁-အိမ်စာအတွက်-ကာလာလိုင်းသွပ်အချပ်ရေပေါင်း-၂၂၈-ချပ် စုစုပေါင်း မတ်လ ၉-ရက်နေ့တွင်သွားရောက်လှူဒါန်းခဲ့သည့် ပြိုကျ ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ၅၄-လုံးစာအတွက်သွားေ၇ာက်လှူဒါန်းခဲ့ပြီး အဆိုပါရွှေတောင်မြို့နယ်အတါင်းရှိ ကျေးရွာတစ်ချို့မှာလည်း ထပ်မံသွားရောက်လှူဒါန်းရန်ကျန်ရှိနေပြီး ရွှေတောင်မြို့တွင်မကဘဲ ပြည်ခရိင်အတွင်းရှိ ကျန်ရှိနေသည့် ပြိုကျပျက်စီးသွားသည့်နေရာဒေသများသို့ သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019









0 comments:

Post a Comment

Facebook Like Page