ခြေတစ်လှမ်း-ကုဋေတစ်သန်း-အဘမင်းခေါင်း၏ပုံတူရုပ်ထုအောင်ပွဲမှတ်တမ်းလွှာ
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့တွင်
၂၀၁၆-ခုနှစ်၊မေလ၊၇-ရက်နေ့ မနက်ပိုင်းအချိန်မှစတင်၍ ခြေတစ်လှမ်း-ကုဋေတစ်သန်း-ဓါတ်နမိတ်ဆင်၍
သာသနာ့အကျိုးဆောင် အဘအောင်မင်းခေါင် ကိုယ်တိုင်တည်ထားခဲ့သည့် ပြည်ခရိုင်-ရွှေတောင်မြို့ရှိ
လေးကျွန်းစင်္ကြာ ပြည်တော်ဝင် အောင်မင်းခေါင်စေတီတော်မြတ်ကြီ၏ ပရ၀ဏ်အတွင်းရှိ အဘအောင်မင်းခေါင်၏
မှုလဓာတ်နန်းအတွင်းတွင် ပှုဇော်ခံထားရှိမည့် “ခြေတစ်လှမ်း-ကုဋေတစ်သန်း”ဓါတ်နိမိတ်ဖြင့်
အဘမင်းခေါင်၏ မြေးဖြစ်သူ အဘ-ဆရာ အောင်ခေတ်မင်း-(သာသနာပြု ရသေ့လေး) ဦးဆောင်မှုဖြင့်ပြုလုပ်ဆောင်ရွက်ခဲ့ပြီး
၎င်းခြေတစ်လှမ်း-ကုဋေတစ်သန်း ဓါတ်နိမိတ်ဖော်ဆောင်ရာမှာ အစ မှ အဆုံးပြီးမြောက်အောင်
ပါရမီဖြည့်ပြီး အဘ၏ ခြေတစ်လှမ်း-ကုဋေတစ်သန်းပုံတော်ရုပ်ထုအလှူရှင် ကိုရဲကျော်သူ+မနန်းငြိမ်းငြိမ်းထွေး
သမီး-မနန်းခြူးမြတ်နိုး မျိုးသုခဆေးရုံမိသားစု(ပြည်မြို့) မှလှူဒါန်းပါရမီ ဖြည့်ပေးခဲ့ပြီး
အဘက်ဘက်မှ ပါဝင်ကူညီကြသည့် ၇-ရက်သားသမီးများ၊အဘ၏ ပဌာန်းဆက်၊ဓါတ်ဆက်၊နတ်ဆက်၊သိုက်ဆက်
စသည့်ပါဝင်ကူညီပေးကြသူအားလုံးအားနှင့် အဘရဲမင်းခေါင်(ပုပ့္ပား)၏တပည့်သားဖြစ်သူ ပြည်မြို့
စကားတောင်ရပ်-ဦးအေးမင်းထွန်း-ဦးဆောင်သည့် ဓနသိဒ္ဓိသာသနာပြု မင်္ဂလာရှမ်းအိုးစည်အဖွဲ့တွင်ပါဝင်သူအားလုံးတို့မှလည်း
လုပ်အားဒါနကုသိုလ်ပါဝင်ခဲ့သောကြောင့် အောင်မြင်ပြီးမြောက်ခဲ့ပါသည်။ ထို့ကြောင့် အစစ
အရာရာ အဘက်ဘက်မှ ကူညီပေးခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ယနေ့မှစ၍
၃၁-ဘုံသားအားလုံး သာသနာ့အကျိုး ဘာသာ့အကျိုး ဒီထက်မက အောင်မြင်စွာသယ်ပိုးနိုင်ကြပါစေကြောင်း
ဓနသိဒ္ဓိသာသနာပြု မင်္ဂလာ ရှမ်းအိုးစည်အဖွဲ့(ပြည်) မှ မှတ်တမ်းတင် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
ဓနသိဒ္ဓိသာသနာပြု
မင်္ဂလာ ရှမ်းအိုးစည်အဖွဲ့(ပြည်)
0 comments:
Post a Comment