Tuesday, May 17, 2016

Leave a Comment


အပြည်ပြည်ဆိုင်ရာ တူညီသောချစ်ခြင်းမေတ္တာများအပေါ် မုန်းတီးမှုအားပပျောက်ရေးနေ့ကျင်းပပြုလုပ်
ပြည်၊မေ၊၁၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် အပြည်ပြည်ဆိုင်ရာ တူညီသောချစ်ခြင်းမေတ္တာများအပေါ် မုန်းတီးမှုအားပပျောက်ရေးနေ့ Metal Health and being(ကိုယ်၊စိတ်နှစ်ပါး ချမ်းသာခြင်းသုခ) (သို့မဟုတ်) စိတ်ကျန်းမာရေး နှင့် ဘ၀သာယာရေး)အခမ်းအနားအား မေ-၁၇ ရက်နေ့တွင် ပြည်မြို့စာရေးတန်းရပ်ကွက်အတွင်းမှစတင်ကာ ပြည်မြို့အတွင်းသို့ လှည့်လည်ကျင်းပခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ တူညီသောချစ်ခြင်းမေတ္တာများအပေါ် မုန်းတီးမှုအားပပျောက်ရေးနေ့သည် လွန်ခဲ့သည့် ၁၉၉၀-မေ-၁၇ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ တူညီသော ချစ်ခြင်းမေတ္တာရှိသူများအား စိတ်ရောဂါခံစားနေရသူများ၊စိတ်ဝေဒနာတစ်ရပ် တစ်ခုအနေဖြင့် သတ်မှတ်ထားသည့် စာရင်းမှနေပြီး ထုတ်ပယ်လိုက်သည့်နေ့ရက်ကိုအစွဲပြုကာ ထိုနေရက်အား အပြည်ပြည်ဆိုင်ရာ တူညီသောချစ်ခြင်းမေတ္တာရှိသူများအား ကြောက်ရွံ့မုန်းတီးမှုများအပေါ် ကန့်ကွက်ဆန့်ကျင်ရေးနေ့ အဖြစ်သတ်မှတ်ခဲ့တာဖြစ်ကြောင်းသိရသည်။
“လိင်တူချစ်သူတွေဟာမုန်းတီးစရာမဟုတ်ပါဘူး။မုန်းခြင်းတွေကနေပြီး အကြမ်းဖက်မှုတွေ နောက်ဆုံးသတ်ပစ်တာတွေအထိဖြစ်ပေါ်လာနိုင်တယ်။မွေးရာပါလာတဲ့စိတ်ကိုပြုပြင်ဖို့မလွယ်သလို ပြုပြင်လို့လည်းမရပါဘူး။တစ်ချို့က ကျွန်တော်တို့ကို အထိအတွေ့ပေးလိုက်ရင် နဂိုမိန်းကလေးစိတ်ပြန်ဖြစ်တယ်လို့ထင်နေတာဟာ အင်မတန်မှားပါတယ်။အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံအတွင်းမှာရော ပြည်ပမှာရောဖြစ်ပေါ်နေတာတွေရှိနေတယ်။ပြည်မြို့မှာ လွန်ခဲ့တဲ့နှစ်အတော်များများက ဂေလ်းတစ်ယောက်ကို ကြိုးချဉ်ပြီးဆိုင်ကယ်နဲ့ဆွဲခေါ်တာ တာလမ်းမမှာတရွတ်တိုက်ပါလာတဲ့အထိအကြမ်းဖက်တာခံခဲ့ရဖူးပါတယ်။ လိင်တူချစ်သူတွေကို ယဉ်ကျေးမှုချိုးဖောက်နေသူတွေလို့တစ်ချို့ကသတ်မှတ်တယ်။အဲဒါမှားနေပါတယ်။ဒီနေ့ပြုလုပ်တဲ့ပွဲမှာ လိင်တူရော လိင်ကွဲရော နှစ်မျိုးစလုံးချစ်ကြတဲ့သူတွေပါဝင်ပါတယ်။”ဟု ပဲခူးတိုင်းအခြောက်ခြမ်း-ပြည်မြို့ Sky Dragon Lesbians Group ၏ ဥက္ကဌ ကိုငြမ်း-ကပြောသည်။
အဆိုပါ ပြည်မြို့ပေါ်ရှိ လိင်တူချစ်သူများမှ မေ-၁၇ ရက်နေ့မှာကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တူညီသောချစ်ခြင်းမေတ္တာများအပေါ် မုန်းတီးမှုအားပပျောက်ရေးနေ့အခမ်းအနားတွင် ပြည်မြို့အတွင်းရှိ ရွှေကူရပ်ကွက်၊စာရေးတန်းလမ်း၊ထိုမှတဆင့်ရွှေတစ်ချောင်းလမ်းမှဗိုလ်ချုပ်လမ်းမကြီးအတိုင်း ကားများ၊ဆိုင်ကယ်များဖြင့်လှည့်လည်ခဲ့ပြီး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်မှာ “မကဲ့ရဲ့နဲ့” တေးသီချင်းများဖွင့်လှစ်ကာ လက်ကမ်းစာဆောင်များဝေငှခြင်း။စတေကာများဝေငှခြင်းများတို့ဖြင့် ကမ်ပိန်းပြုလုပ်ခဲ့ကြောင်းသိရသည်။
“လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့လူသားတစ်ယောက်ရဲ့လူ့အခွင့်အရေးတွေရှိပါတယ်။တစ်ခြားသူတွေကိုမထိခိုက်စေဖို့ပဲလိုပါတယ်။လူးတိုင်းမတူညီတဲ့ခံစားချက်တွေ လုပ်ဆောင်ချက်တွေများစွာရှိနေပါတယ်။ယခင်အစိုးရအနေနဲ့ ပြည်မြို့မှာ အပြစ်မရှိအပြစ်ရှာပြီး စစ်ဆေးတာတွေ၊မေးမြန်းတာတွေနဲ့ ဖမ်းဆီးတာတွေအထိ ကဲတို့လိုလူတွေကို ဆက်ဆံခဲ့တာတွေလည်းရှိခဲ့ပါတယ်။ကိုယ့်ဘာသာသွားတာလာတာကအစ မဟုတ်တာတွေလုပ်ပြီးသွားလာနေသူတွေလိုအဖြစ်သတ်မှတ်ခံရတာတွေလည်းအများကြီးပါ။ကိုယ့်ကိုမတရားစွပ်စွဲလာရင် ကဲတို့လို အနေနဲ့မဟုတ်ပါဘူး သာမန်ယောက်င်္ကျား မိန်းမတွေအနေနဲ့ညင်းပန်းနှိပ်စက်အနိုင်ကျင့်တယ်လို့သတ်မှတ်ရပါလိမ့်မယ်။”ဟု ပြည်မြို့ ဆံပင်နှင့် မိတ်ကပ်အလှဖန်တီးပညာရှင် ကဲကဲ-ကပြောသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ တူညီသောချစ်ခြင်းမေတ္တာများအပေါ် မုန်းတီးမှုအားပပျောက်ရေးနေ့အခမ်းအနားအားမြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊မန္တလေး၊မုံရွာ၊ပြည်၊ပခုက္ကူ၊ပဲခူး၊ထားဝယ်-စသည့်မြို့ကြီး ၁၀-ခုတွင်တစ်ပြိုင်တည်းကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်မြို့ပေါ်တွင်ကျင်းပသည့် ၄င်းအခမ်းအနားတွင် ပြည်မြို့ပေါ်ရှိ လိင်တူချစ်သူများအင်အား ၄၀-ခန့်ပါဝင်ခဲ့တာဖြစ်ပြီး ၄င်းအခမ်းအနားအား ထိုနေ့ နံနက်-၁၀နာရီအချိန်ခန့်တွင် အောင်မြင်စွားပြီးဆုံးသွားကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်-ပြည်သတင်း
၀၉၂၅၃၃၁၁၀၁၉
 





 

0 comments:

Post a Comment

Facebook Like Page