Tuesday, May 17, 2016

-ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး အထွတ်တင်ရတနာများ နှင့် စေတီရံထီးတော်သစ်တင်လှူပွဲကျင်းပ

Leave a Comment


-ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး အထွတ်တင်ရတနာများ နှင့် စေတီရံထီးတော်သစ်တင်လှူပွဲကျင်းပ


ပြည်၊မေ၊၁၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၏ အထင်ကရစေတီတစ်ဆူဖြစ်သည့် လေးဆူးဓါတ်ပျော်-ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးအထွတ်တင်ရတနာများ ပြန်လည်ပင့်ဆောင်တင်လှူခြင်း နှင့် အရံစေတီတော်များ ထီးတော်အသစ်တင်လှူခြင်းမင်္ဂလာအခမ်းအနားအား မေလ-၁၄ ရက်နေ့ နံနက် ၈-နာရီအချိန်က လေးဆူးဓါတ်ပျော် ပြည်-ရွှေဆံတော်စေတီတော်မြတ်ကြီး အင်္ဂါထောင့်တွင်စတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
...
အဆိုပါအခမ်းအနားအား နမော တဿ ဗုဒ္ဓ ပဏာမဂါထာတော်မြတ် ၃-ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်းသိရပြီး လေးဆူးဓါတ်ပျော်-ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၀ါတွင်းနိဗ္ဗာန်ဆော်ဝေယျာဝစ္စအဖွဲ့မှ အောင်စည်အောင်မောင်းများတီးမှု၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်မြို့ ဇော်တိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်၊ဂေါပကအဖွဲ့၏ သြ၀ါဒါစရိယ၊နိုင်ငံတော်သြ၀ါဒါစရိယ၊အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဘိဓဇမဟာရဌဂုရု၊ဘဒ္ဒန္တကုဏ္ဍလဇောတိ ဆရာတော်ဘုရားကြီးထံမှ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ငါးပါးသီလဆောက်တည်ခဲ့ပြီး ဥပသကာများက ပရိတ်ရေ၊ပရိတ်သဲ၊ပရိတ်ပန်း၊ပရိတ်ချည်များဆပ်ကပ်လှူဒါန်းခဲ့၍ ဆရာတော်ကြီးများက မေတ္တာသုတ်၊ရတနာ့သုတ်၊ပုဗ္ဗဏသုတ် စသည့်ပရိတ်တော်များ ချီးမြှင့်ရွတ်ဆိုသရဇ္ဈာယ်ခဲ့ပြီး ၄င်းပရိတ်ချည်၊ပရိတ်သဲ၊ပရိတ်ရေ၊ပရိတ်ပန်းများအားလုံးကို စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်တွင် ဖတ်ဖြန်းချည်နှောင်ခဲ့ကြောင်းသိရသည်။
အဆိုပါ လေးဆူးဓါတ်ပျော်-ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးအထွတ်တင်ရတနာများ ပြန်လည်ပင့်ဆောင်တင်လှူခြင်း နှင့် အရံစေတီတော်များ ထီးတော်အသစ်တင်လှူခြင်းမင်္ဂလာအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့-၀န်ကြီးချုပ်-ဦးဝင်းသိန်း၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့-စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီးဌာန-၀န်ကြီး-ဦးအောင်ဇော်နိုင်၊ဒေသကွက်ကဲမှူးစစ်ဌာနချုပ်(ပြည်)-ဒကစမှူး-ဗိုလ်မှူးချုပ်-မြင့်အောင် နှင့် ပြည်ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး နှင့်အဖွဲ့ဝင်များ၊ဂေါပကအဖွဲ့ဝင်များ၊ဖိတ်ကြားထားသည့်ဧည်သည်တော်များ၊သက်ဆိုင်ရာဌနအသီးသီး နှင့် ပြည်မြို့ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် လေးဆူးဓါတ်ပျော်-ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးအထွတ်တင်ရတနာများကို မင်္ဂလာမဏ္ဍပ်မှ ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအားလက်ယာ သုံးပတ်လှည့်လည်ပှုဇော်ခံ၍ ပန်းရထားပေါ်သို့ပင့်ဆောင်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့-၀န်ကြီးချုပ်-ဦးဝင်းသိန်းမှ စိန်ဖူးတော်မြတ်အားပင့်ဆောင်သယ်ယူ အပှုဇော်ခံခဲ့ကြောင်းသိရသည်။
အဆိုပါလေးဆူးဓါတ်ပျော်-ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး နှင့် အရံစေတီတော်များအား လုံးတော်ပြည့်ရွှေသားအစစ်ရွှေသင်္ကန်းတော်များကပ်လှူပှုဇော်ပြီးဖြစ်သောကြောင့် အထွတ်ရတနာများဖြစ်သည့် စိန်ဖူးတော်၊ငှက်မြတ်နားတော်၊ရွှေဟင်္သာတော်၊ဆပ်သွားဖူးတော်၊ရွှေခေါင်းလောင်းပဒေသာများ၊ရွှေဇွန်းတော်၊ဆရာတော်ကြီး နှစ်ပါးခေါင်းလောင်းတော်၊အဘပထမံဘိုးဘိုးအောင်၏ ခေါင်းလော်တော်တို့အား မေလ-၁၄-ရက်နေ့နံနက်တွင်ပင့်ဆောင်တင်လှူခဲ့တာဖြစ်ပြီး အရံစေတီတော်များ၏ ရွှေထီးတော်အသစ်တင်လှူခြင်းမင်္ဂလာအခမ်းအနားအား မေလ-၁၅-ရက်နေ့ နံနက်၆း၃၀မိနစ်-အချိန်တွင် အခမ်းအနားစတင်၍ ၇-နာရီအချိန်တွင် စေတီရံထီးတော်များအသစ်တင်လှူခြင်းမင်္ဂလာအခမ်းအနားအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်-ပြည်သတင်း
၀၉၂၅၃၃၁၁၀၁၉









0 comments:

Post a Comment

Facebook Like Page