ကျောင်းမြေနေရာကိစ္စစီမံဆောင်ရွက်မှုကြန့်ကြာနေ၍ တိုင်းသံဃနာယကအဖွဲ့(ဝေဠုန်ဝန်)မှစည်းဝေးပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ဥသျှစ်ပင်မြို့အမှတ်(၁၀)ရပ်ကွက် အတွင်းရှိ လယ်တီကမ္မ၀ံသကျောင်း ၀ိဝါဒါဓိကရုဏ်းမှုခင်းကိစ္စအား အကောင်အထည်မဖော်ပေးပဲ ကြန့်ကြာနေခြင်းကြောင့် သက်ဆိုင်ရာဌာနများမှ ကူညီပေးရန် တိုင်းသံဃနာယကအဖွဲ့(ဝေဠုဝန်) မှ မေလ-၁၂ရက်နေ့ နေ့လည် ၂-နာရီအချိန်ခန့်တွင် ပြည်မြို့၊ပွင့်လှသိမ်ကုန်း ပရိယတ္တိစာသင်တိုက်တွင် တိုင်းသံဃနာယကအဖွဲ့(ဝေဠုဝန်) ဆရာတော်ကြီးများ နှင့် သက်ဆို...င်ရာဌာနများနှင့်ညှိနိုင်းဆွေးနွေးပွဲအခမ်းအနားပြုလုပ်သွားခဲ့ကြောင်းသိရသည်။

“ဘုန်းကြီးတို့က လောဘသက္ကာရရှိလို့ပြောဆိုနေတာမဟုတ်ပါဘူး။နိုင်ငံတော်အဆင့်ဆင့်တိုင်းအဆင့်ဆင့်ကချမှတ်ပေးထားတာကိုအကောင်ထည်မဖော်ပေးတော့ခံပြင်းနေတာပါ။ဒီကိစ္စကိုအမြန်ဆုံးအကောင်ထည်ဖော်ပေးစေချင်ပါတယ်။ဒီကျောင်းမှာမြေကျန်ခဲ့ရင်ပြီးနေပါပြီ။အခုလိုနိုင်ငံတော်အဆင့်ဆင့်ကပြောကြားသတ်မှတ်ညှိနိုင်းဆွေးနွေးပြီးတာကို ခုထိအကောင်ထည်ဖော်မပေးသေးဘူးဖြစ်နေတာ။ဒီကျောင်းမြေနေရာကို အလှူရှင်ဒကာတစ်ဦးက ပထမဆုံးအကြိမ်မှာ သုဓမ္မာ အဖွဲ့ကိုလှူခဲ့ပါတယ်။လှူထားတဲ့မြေနေရာမှာကျောင်းဆောက်ရန်ကြန့်ကြာနေသောကြောင့် သုဓမ္မမာအဖွဲ့ကဆရာတော်က မှုလမြေအလှူရှင်ဒကာကိုမြေနေရာပြန်လည်စွန့်လိုက်ပါတယ်။စွန့်လိုက်တဲ့မြေကို ဒကာက ဦးဇင်းတို့ ဝေဠုဝန်အဖွဲ့မှာလာလှူတော့ ဦးဇင်းတို့က သက်ဆိုင်ရာဌာနတွေ စာတင်ပြီးကျောက်ဆောက်လုပ်ခွင့်တောင်းခံပြီး ကျောင်းဆောက်လိုက်ပါတယ်။အဲဒိကျောင်းက လယ်တီကမ္မ၀ံသကျောင်းဖြစ်ပါတယ်။အခုအဲဒိကျောင်းပေါ်မှာနေတဲ့ သံဃာတွေ နေထိုင်ခွင့်တောင်းပန်လို့ ဦးဇင်းတို့က နေထိုင်ခွင့်ပေးထားခဲ့တာ။အခုနေရာကို ပြန်မပေးဘူး။နိုင်ငံတော်အဆင့်ဆင့် သက်ဆိုင်ရာအဆင့်ဆင့်က ဖယ်ရှားပေးရန်စာများထုတ်ဝေခဲ့သော်လည်း ယနေ့အထိ ဖယ်ရှားမပေးခြင်းနှင့်ပတ်သက်ပြီး အခုလို သက်ဆိုင်ရာ ဌာနတွေနဲ့ တိုင်ပင်ညှိနိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ရတာပါ။” ဟု ၄င်းအခမ်းအနားသို့တက်ရောက်လာသည့် တိုင်းသံဃမဟာနာယကအဖွဲ့(ဝေဠုဝန်)မှဆရာတော်ကြီးတစ်ပါးကမိန့်တော်မှုခဲ့သည်။
“တိုင်းသာသနာရေးကသဘောထားတောင်းခံလာတော့မကန့်ကွက်ထောက်ခံပါတယ်လို့ပြန်လည်တင်ပြခဲ့ပါတယ်။တပည့်တော်တို့အနေနဲ့တိုင်းသာသနာရေးကိုစာတင်ထားပါတယ်။ ပူးပေါင်းဆောင်ရွက်သွားမှာပါ။လတ်တလောက ဘာမှထပ်ပြီးပြုလုပ်ထားတာမရှိသေးတဲ့အတွက် ပူးပေါင်းဆောင်ရွက်တာမလုပ်ဖြစ်သေးတာပါ။မြို့နယ်အဆင့်ဖြစ်လို့တိုင်းသာသနာရေးကလမ်းညွှန်မှုကိုစောင့်ဆိုင်းရအုံးမှာဖြစ်ပါတယ်။အဓိကတိုင်းသာသနာညွှန်ကြားချက်လိုပါတယ်။” ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး-ကပြောသည်။
အဆိုပါ ပန်းတောင်းမြို့နယ်အတွင်းရှိ လယ်တီကမ္မ၀ံသကျောင်း ၀ိဝါဒါဓိကရုဏ်မှုခင်းကိစ္စအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ၅.၇.၂၀၁၄-ရက်နေ့တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)-ပါးစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့သည့်အတိုင်း အကောင်ထည်ဖော်ဆောင်ရွက်နိုင်စေရန် ညွှန်ကြားထားခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းဖြစ်သည့် တိုင်းသာသနာရေးအဖွဲ့ နှင့် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးခြင်းမရှိ၍ ၂-နှစ်တာကာလသို့အချိန်ကျန့်ကြာစွာရောက်ရှိနေခဲ့ကြောင်းသိရသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉
ပြည့်သဲမောင်(ပြည်)-ပြည်ခရိုင်မှုခင်း နှင့် သတင်းစုံ
၀၉၄၂၃၆၇၁၈၈၃

0 comments:
Post a Comment