Wednesday, March 30, 2016

မြစ်မခတာရိုးကျိုးပေါက်ခဲ့မှုကြောင့် လယ်မြေဧကခုနှစ်ထောင်ကျော်ပျက်စီးခဲ့ရပြီး ယခုနှစ်ထပ်မံမဖြစ်ပေါ်စေရန်မိုးမကျမှီ ပြန်လည်ပြုပြင်ပေးရန် ဒေသခံများလိုလားနေ

Leave a Comment


မြစ်မခတာရိုးကျိုးပေါက်ခဲ့မှုကြောင့် လယ်မြေဧကခုနှစ်ထောင်ကျော်ပျက်စီးခဲ့ရပြီး ယခုနှစ်ထပ်မံမဖြစ်ပေါ်စေရန်မိုးမကျမှီ ပြန်လည်ပြုပြင်ပေးရန် ဒေသခံများလိုလားနေ



မိုးညို၊ မတ်၊၂၆


ပဲခူးတိုင်းဒေသကြီး၊
သာယာဝတီခရိုင်၊အတွင်း ဧကခုနှစ်ထောင်ကျော်ရေနစ်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် မိုးညိုမြို့နယ်၊
မြစ်မခမြစ်တာရိုးကျိုးပေါက်ရာနေရာ ဆယ့်လေးနေရာအား
မိုးမကျခင်အချိန်မီဆယ်ဖို့ပေးရန်ဒေသခံများတောင်းဆိုထားပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များမှ
အရေးကြီးအဆိုအဖြစ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းမည်ဖြစ်ကြောင်းသိရသည်။



အဆိုပါ သာယာဝတီခရိုင် မိုးညိုမြို့နယ်အတွင်းမှာ ပြီးခဲ့သည့်မိုးကာလအတွင်းရေကြီးရေလျှံမှုများကြောင့် မြစ်မခတာရိုး ကျိုးပေါက်ခဲ့သောကြောင့် ၄င်းမြို့နယ်အတွင်းရှိ ထန်းပင်ကုန်း၊ရွာသာယာ၊မြောက်လွတ်ကုန်း၊ကျောက်ဝ စသည့်ကျေးရွာ အုပ်စုများအပြင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဗိုလ်ရုံ၊ရှားပင်ထကျေးရွာအုပ်စု စသည့်ဒေသများမှ စုစုပေါင်း လယ်မြေဧက ခုနှစ်ထောင်ကျော် ရေနစ်၍ ပကျစီးဆုံးရှုံးခဲ့ရပြီး ၄င်းကျေးရွာအုပ်စုများရှိ လူနေအိမ်များ ရေကြီးနစ်မြှပ်ပျက်စီးခဲ့သောကြောင့် ယခုလာမည့် မိုးရာသီတွင် ယင်းကဲ့သို့ထပ်မံမဖြစ်စေရန်အတွက် ၄င်းမြစ်မခတာရိုးကျိုးပေါက်နေသည့်နေရာအား မိုးမကျမှီ အချိန်မှီပြုပြင်ပေးရန်အတွက် အရေးကြီးလိုအပ်ကြောင်း ဒေသခံများထံမှသိရသည်။


“ ပြီးခဲ့တဲနှစ်ကတာကျိုးလို့ စပါး၊ နှမ်းနဲ့ နေအိမ်တွေရေနစ်မြှပ်ကုန်တယ်
အဲဒီမြစ်မခကမိုးရာသီဆို တအားရေစီးသန်တယ် တာရိုးကျိုးပေါက်သွာတော့
ရေအလုံးအရင်းနဲ့ဝင်လာပြီးလူအတော်များများ မြင့်ရာနေရာကို
အမြန်ပြောင်းရတယ် စိုက်ခင်းတွေကတော့အကုန်နစ်ကုန်တာပေါ့
အခုနောက်တစ်လလောက်ဆို
မိုးကျတော့မယ်ဒါဆိုရေကျလာရင်အရင်လိုရေနစ်ကုန်မှာစိုလို့
စိုက်ပျိုးရေးမလုပ်နိုင်သေးဘူး အချိန်မီမလုပ်နိုင်ဘူးဆိုရင်
လာမဲ့နှစ်မိုးရာသီမှာတောင်သူ တွေဒုက္ခတွေ့မယ်” ဟု အင်းပွားကြီးကျေးရွာရှိ
ဦးအောင်မြင့်ကပြောသည်။



အဆိုပါ မြစ်မခတာရိုးအား ၂၀၁၃-၂၀၁၄ ခုနှစ်ဘတ်ဂျတ်ဖြင့်
ကြို့ပင်ကောက်မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး
အရှည်ပေနှစ်မိုင်ကျော်ရှိကြောင်းသိရသည်။ ၄င်းမြစ်မခတာရိုး
ကျိုးပေါက်ခဲ့သည့်နေရာများတွင် တာရိုးဧရိယာ အရှည်ပေတစ်ရာကျော်၊
အမြင့်ပေငါးပေခန့်၊ထုရှစ်ပေခန့် အထိရှိနေပြီး ဒေသခံများမှ ကိုယ်ထူကိုယ်ထ
အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ဒေသခံများထံမှသိရသည်။


“တာရိုးမချိုးခင်ကတည်းကမြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုပြောလို့
လာကြည့်တယ်ကျိုးလည်းကျိုး ရောလာမကြည့်တော့ဘူး
စားဝတ်နေရေးထားလို့ဘေးလွတ်ရာကိုပြောရတယ် ဒုက္ခတွေရောက်လိုက်တာ
အခုချိန်ထိဘယ်လိုလုပ်ရမယ်ဆိုတာမသိသေးဘူး
တာကိုပြန်မဖို့ပေးဘူးဆိုရင်ဒီနယ်သားတွေ အကုန်ဒုက္ခရောက်ကုန်မယ်” ဟု
မြောက်လွတ်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစန်းဝေကပြောသည်။


အဆိုပါ မြစ်မခတာရိုးကိစ္စများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးသည့်
ပဲခူးတိုင်းဒေသကြီး
စိုက်ပျိုးရေးမွေးမြူရေးတောင်သူလယ်သမားနှင့်မြေယာကိစ္စရပ်များရေးရာကော်မတီ
အတွင်းရေးမှူး မိုးညိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းကိုက
လာမည့်လွှတ်တော်အစည်းအဝေးများတွင် ယခုကိစ္စများအားလုံးကို အရေးကြီးအဆိုဖြစ်တင်သွင်းသွားရန်
စီစဉ်ထားရှိပြီး အချိန်ကာလအားဖြင့်လည်း နီးကပ်နေပြီဖြစ်ကြောင်း
ပြောဆိုခဲ့သည်။ ၄င်းကိစ္စများနှင့်ပတ်သက်ပြီး ကြို့ပင်ကောက်မြို့နယ်
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
မိုးတွင်းကာလမှာပင် ပြင်ဆင်ရန် သက်ဆိုင်ရာဌာနသို့တင်ပြထားပြီး
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြား မှုရရှိမှသာ
မိမိတို့အနေဖြင့်ပြင်ဆင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ နှင့် ပြည်သတင်းလူငယ်(ပြည်သတင်း) 09253311019

0 comments:

Post a Comment

Facebook Like Page