Friday, February 19, 2016
အင်းမ
အင်းမတံတားအနီးယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦး ဦးခေါင်းတွင်လေးချက်ချုပ်လိုက်ရ စိုးရိမ်ဖွယ်မရှိ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် အင်းမတိုက်နယ်ရှိ ရန်ကုန်/ပြည် ကားလမ်း မိုင်တိုင်အမှတ် ၁၅၃/၃ နှင့် ၁၅၃/၄ ကြားတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လည် ၁၂း၃၀ မိနစ်အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ ဖောကား အနီရောင်ယာဉ်သည် ပြည်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ဦးတည်မောင်းနှင်လာခဲ့ရာ ရန်ကုန်/ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၅၃/၃ နှင့် ၁၅၃/၄ ကြားရှိ အင်းမတံတားအနီးတွင် ဘားတန်းပြုတ်၍ လမ်းဘေးသို့ ထိုးကျကာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး အဆိုပါကားပေါ်ပါရှိလာသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုတွင် ကားပေါ်ပါရှိလာသည့် ယာဉ်မောင်း မောင်ငြိမ်းထိုက် အပါဝင် လေးဦးလိုက်ပါလာခဲ့တာဖြစ်ပြီး အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်လိုက်ပါလာသူ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိကာ(မစိုးရိမ်ရ) သဲကုန်းဆေးရုံကြီးတွင် လေးချက်ချုပ်လိုက်ရကြောင်းသိရပြီး ကျန်လူများထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်းသိရသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး ယာဉ်မောင်း မောင်ငြိမ်းထိုက်အား ဖမ်းဆီးကာ ယာဉ်/ပ ၆/၂၀၁၆ ဖြင့်အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါယာဉ်မောင်းအား အမှုစစ်အရာရှိမှ အာမခံပေးထားခဲ့ကြောင်း အင်းမရဲစခန်း ရဲ-ဒုတပ်ကြပ် ရန်နိုင်စိုးထံမှသိရသည်။
မောင်ပန်ကာ(ပြည်)
0 comments:
Post a Comment