အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကျင်းရာ အမျိုးသမီးများ အများဆုံးတက်ရောက်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ပထမဆုံးအကြိမ်စတင်တော်ဝင်ရတနာခန်းမတွင် ဒီဇင်ဘာလ ၁၀-ရက်နေ့ နံနက် ၁၀-နာရီခန့်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အထိမ်းအမှတ်အခမ်းနားတစ်ခုအား အမျိုးသမီးကွန်ယက်မှ ဦးစီးကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
“ကျွန်မတို့အမျိုးသမီးကွန်ယက်က မိဘမဲ့ကလေးတွေကို မိဘမဲ့ဂေဟာတွေနဲ့ချိတ်ဆက်ပြီး လစဉ်ကူညီထောက်ပံ့မှုတွေရှိပါတယ်။ ဒီအခမ်းအနားလုပ်ရတဲ့ ရည်ရွယ်ချက်က အမျိုးသမီးတွေအသိပညာနဲ့အမြင်တွေကျယ်လာအောင် ရည်ရွယ်ချက်တွေလည်းပါတယ်။ ပြည်ဒေသအနေနဲ့ တက်ရောက်လာတဲ့ဆရာမတွေနဲ့ကူညီပှုပေါင်းလုပ်ဆောင်သွားဖို့ပြောချင်ပါတယ်။” ဟု အမျိုးသမီးကွန်ယက် (ရန်ကုန်) အတွင်းရေးမှူး ဒေါ်ထွေးထွေးမြင့်က ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။
အဆိုပါအခမ်းနားအား အစီစဉ်ခုနှစ်ခုဖြင့်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းအား အထက်တန်းရှေ့နေ ဦးကျော်စွာလင်းကရှင်းလင်း ပြောကြားခဲ့သည်။ ယင်းအခမ်းတွင် အမျိုးသမီးကွန်ယက် မှ လူ့အခွင့်ရေးဆိုတာ ထာဝရအတွက်ပါ ပြဇာတ် နှင့် SKY Dragon Group-ပြည် အဖွဲ့မှ တေးသရုပ်ဖော်များပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။
“အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ဖို့က အမျိုးသားတွေလည်းပါဝင်ကူညီဆောင်ရွက်ပေးဖို့လိုပါတယ်။ အမျိုးသမီးတွေအပေါ်မှာ အိမ်တွင်းကြမ်းဖက်မှုပုံစံတွေက တိတ်တိတ်ပုန်းတွဲတာတွေ နောက်အိမ်ထောင်တိတ်တိတ်ပုန်းပြုတာတွေ၊အမျိုးသမီးတွေက အိမ်ထောင်ကွဲမှာအရမ်းစိုးရိမ်ကြောက်ရွံ့သူတွေ၊အမျိုးသမီးတွေရှာတဲ့ဝင်ငွေနဲ့ ရပ်တည်ပြီး သောက်စားဖြုန်းတီးနေသူတွေ၊အတမ်းတမ်းယုတ်ရင်းကြမ်းတမ်းဆဲဆိုတာတွေ၊မိသားစုကိုပြန်လည်ထောက်ပံ့မှုမရှိတဲ့သူတွေ၊ဇနီးဖြစ်တဲ့သူကပြင်ပ၀င်ငွေရှာတာတွေကို လင်ယောက်င်္ကျားက ပိတ်ပင်တာတွေ၊စွပ်စွဲပြောဆိုတာတွေ၊ရိုက်နှက်တာတွေ၊မကွာရှင်းပေပဲ ခြိမ်းခြောက်တာတွေ၊တရားဥပဒေအရ မကာကွယ်ပေးနိုင်တာတွေ စသည်ဖြင့် နေ့စဉ် ကျွန်မတို့ မြန်မာနိုင်ငံမှာ ၈၀% နူန်းဟာ နည်းမျိုးဆုံနဲ့ အိမ်တွင်းအကြိမ်းက်မှုကို မြန်မာအမျိုးသမီးတွေ ခံစားနေရပါတယ်။ ဒီပွဲကိုလာရတာ အရမ်းအားတက်ပြီး ရပိုင်ခွင့် အခွင့်အရေးတွေသိလာတယ်။ ယောက်ကြားတွေကို အနုနည်းနဲ့ ပြည်လည်သိမ်းသွင်းနည်းတွေပါရခဲ့ပါတယ်။ဒါမျိုးပွဲတွေ နေရာတိုင်မှာကျင်းပပြုလုပ်သင့်ပါတယ်။” ဟု အဆိုပါအခမ်းအနားတက်ရောက်လာသူ အမျိုးသမီးတစ်ဦးက ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။
အဆိုပါအခမ်းနားအား ပြည်မြို့ခရိုင်အတွင်း နှင့် ပြည်မြို့ ဒေသခံအမျိုးသမီးများ အများဆုံး တက်ရောက်ခဲ့တာဖြစ်ပြီး ပြည်မြို့အတွင်းရှိ အသင်းအဖွဲ့အစည်းများ၊ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၁၃၀-ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားအား ထိုနေ့ နံနက် ၁၁-နာရီချိန် ခန့်တွင်ပြီးဆုံးခဲ့ကြောင်းသိရသည်။
ခေတ္တရာမောင်(ပြည်)
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment