ဇော်မင်းထိုက်
နိုဝင်ဘာ ၈ ရက်တွင် ကျင်း ပမည့်အထွေထွေရွေးကောက်ပွဲ ၌ လုံခြုံရေးထားရှိဆောင်ရွက် မှုများအား ပြည်ခရိုင်ရဲတပ်ဖွဲ့က အသိပေး ရှင်းလင်းခြင်းကို အောက်တိုဘာ ၂ ရက်တွင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲမကျင်းပမီ အကြိုကာလ လုံခြုံရေးဆောင် ရွက်မှုများ၊ မဲဆွယ်စည်းရုံးရေး ကာလ လုံခြုံရေးနှင့်ရွေးကောက် ပွဲကာလ၊ ရွေးကောက်ပွဲလွန်ကာ လများတွင် မဲဆန္ဒရှင်ပြည်သူများ၊ ရွေးချယ်ခံကိုယ်စားလှယ်လောင်း များ၊ ကော်မရှင်ရုံးများ၊ ဆန္ဒမဲ လက်မှတ်များကို လုံခြုံရေးအရ စီမံ ဆောင်ရွက်ထားမှုများကို ပြည်ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီအတွင်းရေး မှူး ဒုရဲမှူးကြီးအောင်သက်နိုင်က ရှင်းလင်းအသိပေး ဆွေးနွေးခဲ့ သည်။
‘‘အထူးရဲတွေကိုလည်း ရွေး ကောက်ပွဲနဲ့ပတ်သက်တဲ့ သင် တန်းတွေ ပို့ချပေးထားပြီး လုံခြုံ ရေးကို စနစ်တကျဆောင်ရွက် ထားရှိတယ်။ အဓိက ကတော့ အထူး ရဲတွေက သတင်းအတွက်ပဲ ဖွဲ့စည်းထားတာဖြစ်တယ်။ လုံခြုံ ရေးအဆင့်ဆင့်၊ ရဲစခန်းအဆင့် ကစပြီး ဗဟိုဌာနချုပ်အထိ တစ် ချိန်တည်း ချိတ်ဆက်ဆောင်ရွက် မှုတွေ ပြုလုပ်ထားပါတယ်’’ဟု ဒုရဲမှူးကြီးအောင်သက်နိုင်က ပြောသည်။
ပြည်ခရိုင်အတွင်း မဲပေးနိုင် သည့်မဲဆန္ဒရှင် ၆၅၂,၀၂၈ ဦးရှိပြီး မဲရုံပေါင်း ၉၄၃ ရုံထားရှိကြောင်း၊ မဲရုံလုံခြုံရေးအတွက် မဲရုံတစ်ရုံ လျှင် ရွေးကောက်ပွဲအထူးရဲတစ် ဦး၊ အရန်မီးသတ်လေးဦးနှင့်အုပ် ချုပ်ရေးအဖွဲ့ဝင် နှစ်ဦးစီ ဆောင် ရွက်ပေးထားသည်။
ထို့ပြင် လုံခြုံရေးဇုန်များ သတ်မှတ်ထားရှိပြီး ဇုန်တစ်ခု လျှင် ရဲအရာရှိတစ်ဦးနှင့် အခြား အဆင့်လေးငါးဦးခန့်နှင့် အုပ်ချုပ် ရေးအဖွဲ့ဝင်နှစ်ဦးစီ ထပ်မံဖွဲ့စည်း ထားရှိကြောင်း သိရသည်။
ပြည်ခရိုင်အတွင်း နိုင်ငံရေး ပါတီရှစ်ခုနှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့က စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၉၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါ သည်။
By 7Day Daily
0 comments:
Post a Comment