Saturday, October 3, 2015

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက်အရေးယူ

Leave a Comment



လင်မယားအဖြစ်တရားဝင်ကွာရှင်းပြတ်စဲခြင်းမရှိဘဲ အကြင်လင်
မယား အဖြစ်ပေါင်းသင်းနေထိုင်သူအား တစ်လင်တစ်မယားစနစ်
ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့်မြန်မာနိုင်ငံတွင် ဒုတိယ
အကြိမ်မြောက် အရေးယူခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြည်မြို့နယ်၊ပေါင်းတလည်နယ်မြေရဲစခန်းအနောက်ဘက်
(၂)မိုင်ခန့်၊မြောင်းဆုံကျေးရွာ/အုပ်စုနေမ……….(၂၁)နှစ်၊(ဘ)ဦး…….. မှီခိုသူသည်၎င်းနှင့်လွန်ခဲ့သော (၃)နှစ်ခန့်က မြန်မာ့ဓလေ့ထုံးတမ်းစဉ်
လာ အရ မြောင်းဆုံရွာတွင်အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်
သောမောင်….(၂၁)နှစ်(ဘ)ဦး………..၊ပန်းရံလုပ်၊ဘွေးကုန်းရွာ၊မြောင်း
ဆုံအုပ်စု နေသူ နှင့်ပေါင်းသင်းနေထိုင်ခဲ့ရာ အသက်(၁)နှစ် အရွယ်သမီး
တစ်ဦးမွေးဖွားခဲ့ပြီး၊၂၀၁၅ စက်တင် ဘာ(၉)ရက်နေ့တွင် ခင်ပွန်းဖြစ်သူ
မောင်…….သည်အလုပ်လုပ်ကိုင်ရန်အကြောင်းပြပြီး ခရီးထွက်သွားရာမှ
ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ စုံစမ်းရာမ……….(၂၇)နှစ်၊(ဘ)ဦး....... ၊ဈေးရောင်း၊(ခင်ပွန်း ဖြစ်သူနှင့်တရားဝင်ကွာ ရှင်းပြတ်စဲထားသူ) အရှေ့ေ ပါက်တောရွာ/အုပ်စုနေသူနှင့်ပြည်မြို့ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
တွင် ၂၀၁၅ စက်တင်ဘာ(၁၅)ရက်နေ့တွင် နှစ်ဦးသဘောတူလက်မှတ်
ရေးထိုးပြီး အကြင်လင်မယားအဖြစ် မအိအိမွန် ၏မိခင် ဖြစ်သူနေထိုင်ေ
သာ အရှေ့ပေါက်တောရွာရှိနေအိမ်တွင်အကြင်လင်မယားအဖြစ်ပေါင်း သင်းနေထိုင်လျက်ရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။

ထိုကြောင့် လင်မယားအဖြစ်တရားဝင်ကွာရှင်းပြတ်စဲခြင်းမရှိဘဲ အခြား
အမျိုးသမီးတစ်ဦးအား အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်သူ
မောင်....... အားအရေးယူပေးပါရန် မ……….. မှ ၂၀၁၅ အောက်
တိုဘာ(၂)ရက် ညနေ(၅)နာရီ(၅)မိနစ်အချိန် တရားလိုပြုလုပ်တိုင်တန်း
ချက်အရ ပေါင်းတလည် နယ်မြေရဲစခန်း (ပ)၁၁၀/၂၀၁၅၊တစ်လင်တစ်
မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုရေးဖွင့်ထားရှိ
ကာ အမှုအားဒုရဲအုပ်သန်းမင်းစိုး မှစစ်ဆေးပြီး မောင်………….အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။

အဆိုပါ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ကို(၂၀၁၅
ခုနှစ် ၊ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၅၄။)၁၃၇၇ ခုနှစ်၊ ဝါခေါင်
လပြည့်ကျော် ၁ ရက်(၂၀၁၅ ခုနှစ်၊သြဂုတ်လ၃၁ ရက်)ပြည်ထောင်စု
လွှတ်တော်သည် ဤဥပဒေကိုပြဠာန်းလိုက်ပြီး မန္တလေးတိုင်းဒေသကြီး
အမရပူရမြို့နယ်၊တံတားဦးရဲစခန်းတွင် တစ်ကြိမ်အမှုဖွင့်ထားပြီး၊ယခု ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပေါင်းတလည်နယ်မြေရဲစခန်းတွင်ဒုတိယ
အကြိမ်ထပ်မံ၍ အမှုရေးဖွင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

ပြည့်သဲမောင်(ပြည်)
09-4236 71883

ပြည်​သတင်း


0 comments:

Post a Comment

Facebook Like Page