Friday, October 30, 2015

မဲတစ်မဲဟာ ကျည်ဆန်တစ်တောင့်ဖြစ်​တယ်

Leave a Comment



သရ၀ဏ်(ပြည် )

ဘယ်သူ.ကိုမဲပေးကြမလဲဟူသောမေးခွန်းသည် ယခုလိုရွေးကောက်ပွဲနီးကပ်လာသောကာလတွင်အတော်ကျယ်လောင်လာတာတွေ.ရလေသည် ။ မဲပေးကြဖို. မဲဆန္ဒရှင်များအကြားဆွေးနွေးပြောဆိုကြရာတွင် အောက်ပါတိုင်းအဓိကအငြင်းအခုန်ဖြစ်ကြတာတွေ.ရလေသည်။

(က) NLD ကိုမဲပေးလိုသူ

(ခ) လက်ရှိအစိုးရပါတီဖြစ်သော ကြံ.ခိုင်ရေးကိုမဲပေးလိုသူ

(ဂ) မိမိတို.ဒေသအတွင်းမှ တိုင်းရင်းသားပါတီ အမတ်များကိုမဲပေးလိုသူ

(ဃ) ပါတီစွဲမရှိပဲ တသီးပုဂ္ဂလ ထဲမှကောင်းနိုးရာရာကိုယ်စားလှယ်လောင်းကိုမဲပေးလိုသူ

ဟူ၍ အကြမ်းအားဖြင်. လေးဖွဲ.ကွဲပြားနေသည်ကိုတွေ.ရပေသည် ။ ထိုလေးခုထဲတွင်မပါပဲ ပါတီပေါင်း (၉၂)ပါတီရှိသည်.အနက်အခြားပါတီတစ်ခုခုကိုမဲပေးလိုသူ အနည်းစုလည်းရှိနိုင်ပါသေးသည် ။ ထိုအမျိုးအစားလေးမျိုးကိုပဲ ဆန်းစစ်ကြည်.ကြပါစို. ။ နံပါတ် (က) အမျိုးအစားမှာ လူများစုဖြစ်သည်ဟုရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးပွဲများတွင် NLD ထောက်ခံသူများကိုကြည်.လျှင်တွေ.နိုင်၏ ။ထိုလူစုသည် NLD နိုင်မှ စစ်မှန်သောအပြောင်းအလဲများဖြစ်ပေါ်လာမည်ဟုယုံကြည်သူများဖြစ်သည် ။ အမှတ်စဉ်(ခ) ကိုထောက်ခံသူများမှာ ပိုနေမြဲကျားနေမြဲပဲကောင်းသည်ဟုထင်သူများ ၊ NLD နိုင်လျှင် ဘာသာခြားများလွမ်းမိုးတော.မည်ဟုထင်နေသူများ ၊ လက်ရှိ အစိုးရထံမှ ကောင်းကျိုးတစ်စုံတစ်ရာ ရရှိနေသူများ ပါဝင်ပါသည် ။ နံပါတ်(ဂ) အဖွဲ.များမှာ လူမျိုးစွဲပြင်းထန်လှသော တိုင်းရင်းသားများဖြစ်သည် ။ ထိုသူတို.၏အယူမှာ မိမိဒေသကို မိမိလူမျိုးကသာ ကိုယ်စားပြုသင်.သည်ဟူ၍ဖြစ်သည် ။ (ဃ)အဖွဲ.ကိုထောက်ခံမည်.သူများကတော. ပါတီထက် လူကိုသာအဓိကကြည်.သင်.သည်ဟူသော အမြင်ရှိသူများဖြစ်သည် ။ ထိုသူများကတော. ပါတီစွဲမထားပဲ တသီးပုဂ္ဂလအပါအ၀င် စွမ်းဆောင်ရည်ကောင်းမည်.အမတ်လောင်းများကိုမဲပေးကြမည်ဖြစ်သည် ဟုခန်.မှန်းရသည် ။

မကြာသေးမီရက်ပိုင်းက DVB debate အစီအစဉ်တွင် why we should vote ? ဟူသောခေါင်းစဉ်ဖြင်.ဆွေးနွေးကြသည်ကို သွားရောက်လေ.လာနားထောင်လေ.လာခွင်.ရခဲ.ပါသည် ။ ထို စကားဝိုင်းတွင် လာရောက်ဆွေးနွေးသောရှမ်းတိုင်းရင်းသားတစ်ဦး ၊ မွန်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးတို.ဖြစ်သည် ။ တိုင်းရင်းသားတို.သည် သူတို.မဲဆန္ဒနယ်တွင် NLD လာရောက်ယှဉ်ပြိုင်ခြင်းကိုမလိုလားသည်.သဘောမျိုးပြောကြားသွားသည်ကိုကြားရပါသည် ။ တသီးပုဂ္ဂလကိုယ်စားလှယ်များကလည်း တစ်နိုင်ငံလုံးတွင် ပြည်ထောင်စုလွှတ်တော်အတွက်ရွေးကောက်ခံအမတ်နေရာစုစုပေါင်း ၄၉၈ နေရာရှိသည်.အနက် NLD သည် ၃၃၃ နေရာတွင် အနိုင်ရလျှင် အစိုးရဖွဲ.နိုင်ပြီဖြစ်သဖြင်. ကျန်သော ၁၆၅ နေရာတွင် ၀င်ရောက်မယှဉ်ပြိုင်ပဲ တိုင်းရင်းသားနှင်. တသီးပုဂ္ဂလ ကိုယ်စားလှယ်များကိုနေရာဖယ်ပေးသင်.ကြောင်းပြောကြားတာတွေ.ရပေသည် ။ ဤတွင်ဆွေးနွေးစရာနည်းနည်းရှိလာပြီဖြစ်သည် ။

ပထမဆုံးနားလည်ရမည်မှာယခုကျင်းပသောရွေးကောက်ပွဲသည် ဒီမိုကရေစီတင်းပြည်ကျပ်ပြည်.ရရှိထားသောနိုင်ငံကြီးများမှာကဲ.သို. ဥပဒေပြုအမတ်များကို ပြည်သူလူထုက ၁၀၀ ရာခိုင်နှုန်းရွေးချယ်ပေးရသောစနစ်မဟုတ်ဘူးဆိုတာဖြစ်သည် ။ ပြည်ထောင်စုလွှတ်တော်တွင်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦးရှိသည်.အနက် ၁၆၆ ဦးသော တပ်မတော်သား ကိုယ်စားလှယ်များက ရွေးကောက်ပွဲမ၀င်ပဲ အခန်.သား လွှတ်တော်ထဲတွင်ရောက်ရှိနေနှင်.ပြီးသောစနစ်ဆိုးကြီးအောက်တွင် ရွေးကောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်ကိုသတိချပ်ရန်လိုသည် ။ ဒုတိယအချက်မှာ မြန်မာနိင်ငံတွင်ကျင်းပသော သမ္မတရွေးချယ်ပုံစနစ်မှာ နိုင်ငံတကာမှာ လို သမ္မတရွေးကောက်ပွဲလုပ်၍ပြည်သူလူထုကတိုက်ရိုက်တင်မြှောက်သောစနစ်မဟုတ်ပဲ ရွေးကောက်ပွဲတွင် အနိုင်ရသောအမတ်များနှင်.တပ်မတော်လွှတ်တော်ကိုယ်စားလှယ် များ စုစုပေါင်း ( ၆၆၄)ဦးက ပြည်ထောင်စုလွှတ်တော်တွင် လူသုံးဦးကိုမဲပေးရွေးချယ်ကြရသောစနစ်ဖြစစ်နေခြင်းဖြစ်သည် ။ ထိုသမ္မတလောင်းသုံးဦးကို တပ်မတော်တာကွယ်ရေးဦးစီးချုပ်ကတစ်ဦးရွေးချယ်ပေးသည် ။ ရွေးကောက်ခံအမတ်လူဦးရေ ၃၃၀ ပါဝင်သော ပြည်သူ.လွှတ်တော်က တစ်ယောက်ရွေးချယ်ပေးရသည် ။ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးပါဝင်သော အမျိုးသားလွှတ်တော်က တစ်ယောက်ရွေးချယ်ပေးရသည် ။ထိုသုံးယောက်ထဲကမှ ၆၆၄ ဦးစုံညီအဖွဲ.က တစ်ယောက်မဲပေးရွေးကြခြင်းဖြစ်သည် ။ အလွယ်သဘောပြောရလျှင် ထို လူ ၆၆၄ ယောက်ထဲတွင် ကိုယ်.လူ ၃၃၃ ဦး ရှိလျှင် ထက်ဝက်ကျော်ဆန္ဒမဲဖြင်. ကိုယ်.လူ သမ္မတဖြစ်မည်ဖြစ်သည် ။ထိုသမ္မတကအစိုးရအဖွဲ.ဖွဲ.မည် ။ ပြည်နယ်နှင်.တိုင်း ၁၄ ခု၏ ၀န်ကြီးချုပ်များကိုအမည်စာရင်းတင်သွင်းမည် ။ အုပ်ချုပ်ရေးယန္တယားကိုကိုင်တွယ်မည် ။ အစိုးရဖြစ်မည် ။ ထို.ကြောင်.အဓိကအခရာမှာ မြန်မာတစ်ပြည်လုံးမှ ကိုယ်စားလှယ် ၃၃၃ ယောက်ရရေးသည် (စစ်တပ်နှင်.လက်ဝါးရိုက်မထားနိုင်သောပါတီအဖို. ) သေရေးရှင်ရေးအရေးကြီးလှသည် ။ ပြည်ခိုင်ဖြိုးပါတီကဲ.သို.သော စစ်တပ်နှင်.တစ်သားတည်းဖြစ်နေသောပါတီအတွက်မူ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး၏ထောက်ခံမဲများပါရရှိပြီးဖြစ်သောကြောင်. ရွေးကောက်ပွဲတွင် ၁၆၇ ဦးနိုင်ရုံနှင်. ( ၁၆၆+ ၁၆၇ = ၃၃၃ )ဖြစ်ကာ အစိုးရဖွဲ.နိုင်မည်ဖြစ်သည် ။ ထိုအခါ ယခုပြည်သူလူထုကြုံခဲ.ရသော အုပ်ချုပ်ရေးမျိုး ၊ လွှတ်တော်မျိုး ၊အစိုးရမျိုးကိုသာထပ်ပြီးရဦးမည်ဖြစ်သည် ။ NLD ကဲ.သို.သော တပ်မတော်၏ အားပေးကူညီမှုမရသော နိုင်ငံရေးပါတီများမှာ ပြည်သူလူထုကမဲပေးရွေးချယ်သောအမတ်နေရာ ၃၃၃ နေရာ ရမှသာ ဒီမိုကရေစီပြည်သူ.အစိုးရဖွဲ.နိုင်မည်ဖြစ်သည် ။

ထို.ကြောင်.အစိုးရအပြောင်းအလဲကိုလိုချင်သည်ဆိုလျှင် NLD ပါတီ အနည်းဆုံး ပြည်ထောင်စုလွှတ်တော်တွင် အမတ် ၃၃၃ ဦးရွေးကောက်တင်မြှောက်ခံရရန်လိုပေလိမ်.မည် ။ 
ထိုသို.မဟုတ်ပါပဲ တိုင်းရင်းသားဒေသများမှ ပြည်သူလူထုသည် မိမိဒေသစွဲ ၊လူမျိုးစွဲဖြင်. လူမျိုးအမည်ခံပါတီများကိုအားပေးရွေးချယ်လိုက်ပါက တိုင်းရင်းသား ၁၃၅ မျိုး၇ှိသောနိုင်ငံ ၊ပါတီပေါင်း ၉၂ ပါတီရှိသော မြန်မာနိုင်ငံဝယ် မဲများကွဲပြားသွားကာ ဟိုပါတီနည်းနည်း ဒီပါတီနည်းနည်းဖြင်. မည်သူမျှ လွတ်လွတ်ကျွတ်ကျွတ်အစိုးရမဖွဲ.နိုင်ပဲ ပြည်ခိုင်ဖြိုးနှင်.စစ်တပ်အကြိုက်ဖြစ်သွားမည်ဖြစ်သည် ။ ရှင်းအောင်ပြောရလျှင် မဲပြားသွားပါက ပြည်ခိုင်ဖြိုးနှင်.တပ်မတော်အစိုးရပဲပြန်တက်လာမည်ဖြစ်သည် ။ ထိုအရာများကိုရပ်တန်.ချင်လျှင် ပြည်သူ.လွှတ်တော်နှင်. အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် (NLD ) ကိုမဲပေးသင်.ပေသည် ။ မိမိတို.၏တိုင်းရင်းသားများအတွက်မျိုးချစ်စိတ်ကိုပြချင်သည်ဆိုလျှင် ပြည်နယ်လွှတ်တော် (သို.မဟုတ်) တိုင်းဒေသကြီးလွှတ်တော်တွင် တိုင်းရင်းသား ကိုယ်စားလှယ်များကိုမဲပေးသင်.ပါသည် ။ ထိုအခါ NLD လည်းအစိုးရဖွဲ.နိုင် ၊ ထိုသို.အစိုးရဖွဲ.နိုင်သဖြင်. NLD မှတင်သောသမ္မတက ပြည်နယ်ဝန်ကြီးချုပ်များ ကိုခန်.နိုင်သည်ဖြစ်ရာ တိုင်းရင်းသားထဲမှသင်.တော်သူများကို သမ္မတထံ အကြံပေးတင်ပြခြင်းဖြင်. သမ္မတနှင်. ပြည်နယ်လွှတ်တော် အပေးအယူလုပ်နိုင်ပေသည် ။ သူလည်းနိုင် ၊ ကိုယ်လည်းနိုင်သော Win Win Situation တစ်ခုကိုတည်ဆောက်နိုင်မည်ဖြစ်သည် ။ ထိုသို.မဟုတ်ပဲ သူ.လူမျိုး ၊ငါ.လူမျိုး ၊ သူ.အမတ်လောင်း ၊ကိုယ်.အမတ်လောင်း စသည်ဖြင်. ကျဉ်းမြောင်းသောလူမျိုးရေးဝါဒကိုအခြေခံစဉ်းစားနေကြပါက စစ်အာဏာရှင်လွှမ်းမိုးသောခေတ်ဆိုးကြီးသာ ပြန်ပေါ်လာပြီး သူရှုံးကိုယ်ရှုံး အားလုံးရှုံးသော You’re loser ,I’m loser , Everybody loser ဖြစ်ကုန်လိမ်.မည် ။ နိုင်ငံနှင်.လူမျိုးအတွက် ရေရှည်တွင်အကျိုးရှိနိုင်သော ပြည်ထောင်စုစိတ်ဓါတ်ဖြင်.သာ ပြည်သူ.ဘက်တော်သားပါတီတခုကိုမဲပေးရွေးချယ်သင်.ပါသည် ။ တိုင်းရင်းသားအခွင်.အရေးသည် စစ်အာဏာရှင်များလက်ထဲမှတောင်းခံရသည်ထက် ၊

ဒီမိုကရေစီဘက်တော်သားများဘက်မှတောင်းဆိုရသည်ကပိုမိုလွယ်ကူမည်ဖြစ်ပါသည် ။ 
တသီးပုဂ္ဂလအမတ်များသည်လည်း အမှန်တကယ် အရည်အသွေးရှိသည်ဟုပြည်သူလူထုကယုံကြည်လျှင် မဲဆန္ဒရှင်များက မဲပေးရွေးချယ်ကြမည်ဖြစ်ပါသည် ။ မည်သူတွေဝင်မပြိုင်မှ ၊ မည်သူတွေရှောင်ပေးမှဟုတွက်ဆမနေသင်.ပါ ။ အရေးအကြီးဆုံးအချက်မှာ တသီးပုဂ္ဂလအမတ်များသည် လွှတ်တော်ထဲရောက်သွား၍ သမ္မတရွေးပွဲတွင် ပါဝင်မဲပေးသောအခါ မည်သူ.ဘက်ကရပ်တည်မည် (အနည်းဆုံးတော. တပ်မတော်သားအစုအဖွဲ.မှရွေးချယ်သော သမ္မတလောင်းကို မဲမပေးပါဟူသော ကတိမျိုးတော. မဲဆန္ဒရှင်များကိုတိကျသော သတင်းစကားပါးနိုင်ရမည်ဖြစ်သည် ) ။ လွှတ်တော်ထဲရောက်မှ ငွေဖြင်.အ၀ယ်ခံလိုက်ရသောအဖြစ်မျိုးမဖြစ်နိုင်ကြောင်းအခိုင်အမာ ရှင်းလင်းစွာကြေငြာရမည်ဖြစ်သည် ။

NLD ပါတီအနေဖြင်.လည်း အစိုးရဖွဲ.နိုင်ပါက ပြည်နယ်ဝန်ကြီးချုပ်များ ကို ထိုပြည်နယ်မှတိုင်းရင်းသားလွှတ်တော်အမတ်များအလိုကျ ရွေးချယ်ခန်.ထားပေးမည်ဟု ကတိပြုအာမခံကြေငြာချက်ထုတ်နိုင်ခဲ.လျှင် အတိုင်းထက်အလွန် အဆင်ပြေပေလိမ်.မည် ။ ထိုအခါ ကျွန်တော်တို.မဲဆန္ဒရှင်များသည် ရှမ်းဖြစ်စေ ၊မွန်ဖြစ်စေ ၊ကချင်ဖြစ်စေ ၊ကရင်ဖြစ်စေ ၊ချင်းဖြစ်စေ ၊ ကယားဖြစ်စေ ၊ရခိုင်ဖြစ်စေ NLD ကိုမဲပေးလိုက်ရုံပဲဖြစ်သည် ။ ၁၉၆၂ မှစကာ မြန်မာပြည်တွင် ဂုတ်သွေးစုတ်ချုပ်ကိုင်လာသောစစ်အာဏာရှင် အသွင်ပြောင်းမျိုးဆက်ကိုဖြုတ်ချနိုင်စရာဤတစ်နည်းသာရှိပါသည် ။ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ.တွင်ကျင်းပသောရွေးကောက်ပွဲသည် သာမန်ရွေးကောက်ပွဲတစ်ခုမဟုတ် ၊ ပါတီတစ်ခု နှစ်ခု၏အရေးကိစ္စမဟုတ် ။ ကျွန်တော်တို.ပြည်သူများစစ်ကျွန်ပြန်ဖြစ်မဖြစ်ကို စာမေးပွဲစစ်ဆေးမည်.ပွဲကြီးဖြစ်သည် ။ထို.ကြောင်.ပေါ.ပေါ.ဆဆသဘောမထားပဲ ခေတ်ပြောင်းတော်လှန်ရေးတစ်ခုဆင်နွှဲသလို တနိုင်ငံလုံးကညီညာဖျဖျ ပြည်သူ.ဘက်တော်သားများကိုမဲပေးကြဖို.လိုသည် ။

ရှင်းအောင်ပြောရလျင် ပြည်သူ.လွှတ်တော်နှင်. အမျိုးသားလွှတ်တော်အတွက် NLD ကိုမဲပေးပါ ။ ပြည်နယ်လွှတ်တော်အတွက် သင်ကြိုက်နှစ်သက်သောတိုင်းရင်းသားပါတီနှင်.တသီးပုဂ္ဂလကိုမဲပေးရွေးချယ်ကြပါ ။ စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ပြီးသော ၂၀၂၀ ရွေးကောက်ပွဲတွင်တော. သင်ကြိုက်ရာ တိုင်းရင်းသားပါတီနှင်.ကြိုက်ရာလူကို မဲပေးရွေးချယ်နိုင်ပါသည် ။ မဲတစ်မဲသည်ကျည်ဆန်တစ်တောင်.ဖြစ်၏ သင်.လက်ထဲမှကျည်ဆန်သည်သင်.ကိုပြန်ပစ်မည်.သေနတ်အတွက်မဖြစ်ပါစေနှင်. ။

သရ၀ဏ်(ပြည်)



0 comments:

Post a Comment

Facebook Like Page