ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ဆေးရုံနောက်ကြောလမ်းသည် ကိုးသောင်းရှမ်းစုသို့လည်းကောင်း၊ ကိုးသောင်းချင်းစုသို့ လည်းကောင်း၊သူနာပြုသင်တန်းကျောင်းသို့လည်းကောင်း၊
ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ အောင်ဆန်းပြည်သာယာတိုးချဲ့ကွက်သစ်သို့လည်းကောင်း၊ အောင်ဆန်းပြည်သာယာရပ်ကွက်သို့လည်းကောင်း အများပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ သွားလာနေသော လမ်းဖြစ်သည်ကို ပြည်မြို့တွင်တာဝန်ထမ်းဆောင်နေသော သက်ဆိုင်ရာလူကြီးမင်းများ အသိပင်ဖြစ်ပါသည်။
သက်ဆိုင်ရာလူကြီးမင်းများအနေဖြင့် ရွေးကောက်ပွဲကာလနီးလာသည်နှင့်အမျှ သက်ဆိုင်ရာဌာနအလိုက် ရုံးလုပ်ငန်းများ မအားမလပ်
ဆောင်ရွက်နေရသည်ကိုလည်း ပြည်သူများအနေဖြင့်နားလည်သဘောပေါက်ပါသည်။ သက်ဆိုင်ရာဌာနနှင့် ဆိုင်ရာအစိုးရဝန်ထမ်းတွေများသည် ဦးစားပေးလုပ်ရမည့် အလုပ်ရှိသလို၊ ဦးစားပေးဆောင်ရွက်ရန် မလိုအပ်သည့် အလုပ်တွေလဲရှိသည်ကို ပြည်သူများ သဘောပေါက်နားလည်ပြီး ဖြစ်ပါသည်။
သို့ပါသော်လည်း ယခုအခါ အများပြည်သူ ကျောင်းသား/ကျောင်းသူများအသုံးပြုနေသော အဆိုပါ အောင်ဆန်းပြည်သာယာလမ်း (ခ) ဆေးရုံနောက်ကြောလမ်းပိုင်းတစ်နေရာသည် ဆိုင်ကယ်၊ စက်ဘီး၊ ကားများ၊ ရှောင်တိန် မောင်းနှင်၍ မရအောင် ဆိုးရွားနေပါသည်။ ဆိုင်ကယ်၊ ကား အစရှိသည့်ယာဉ်များသည် လမ်းမကောင်းတဲ့ကြားက ရှောင်တိန်းမောင်းနှင်ရသည့်အတွက် ကျောင်းဆင်းချိန်များတွင် ကျောင်းသား/ကျောင်းသူ
ကလေးသူငယ်များအတွက် အန္တရာယ်များနေသည်ကို သက်ဆိုင်ရာ ဌာနမှလူကြီးမင်းများ ကျောင်းဆင်း/ကျောင်းတက်ချိန်များတွင် သွားရောက် ကြည့်ရှု့လေ့လာပါကတွေ့ နိုင်ပါသည်။
ထို့ကြောင့် အများပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသော အဆိုပါ လမ်းပျက်ဆီးမှုအား ကျွန်တော်တို့ပြည်မြို့ရှိ ရပ်ကွက်အထောက်အကူပြုအဖွဲ့မှ လူကြီးမင်းများ၊ ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ
လူကြီးမင်းများ၊ အဆိုပါလမ်းပျက်ဆီးနေမှုနှင့် သက်ဆိုင်သောဌာနဆိုင်ရာလူကြီးမင်းများက ညှိုနှိုင်းတိုင်ပင်ပြီး ပျက်ဆီးနေသောလမ်းပိုင်းအား ပြည်သူများလက်ခံနိုင်သော ပုံစံဖြစ်အောင် ပြု ပြင်ပေးနိုင်ပါရန် အပြုသဘောဆောင်၍ တင်ပြအပ်ပါသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment