Monday, July 20, 2015
ပုဒ်မ(၁၈)(၇)မှု အတွက်၊ထောင်ထဲကနေ၊ရုံးချိန်း ရင်ဆိုင်ဖို့ ထွက်လာတဲ့၊နိုင်ငံရေးအကျဉ်းသားတယောက်က ပြည်ခရိုင်အုပ်ချုပ်ရေးမှု၊ နဲ့ မြို့နယ် အုပ်ချုပ်ရေးမှုး၊နှုပ်ထွက်ပေးဖို့တောင်းဆို လိုက်ပါတယ်။
ပုဒ်မ(၁၈)(၇)မှု အတွက်၊ထောင်ထဲကနေ၊ရုံးချိန်း ရင်ဆိုင်ဖို့ ထွက်လာတဲ့၊နိုင်ငံရေးအကျဉ်းသားတယောက်က ပြည်ခရိုင်အုပ်ချုပ်ရေးမှု၊ နဲ့ မြို့နယ် အုပ်ချုပ်ရေးမှုး၊နှုပ်ထွက်ပေးဖို့တောင်းဆို လိုက်ပါတယ်။
ဒီသတင်းကို ကိုမင်းညိုက ပို့ထားတာဖြစ်ပါတယ်။
ဇူလိုင်လ(၂၁)ရက်နေ့က၊ပဲခူတိုင်း၊ပြည်မြို့နယ်၊တရားရုံးမှာ၊ထောင်ထဲကနေ၊နောက်ထပ် ပုဒ်မ(၁၈)အမှု(၇)မှု ကို တရားရင်ဆိုင်ဖို့ထွက်လာတဲ့၊ကိုဝင်းလှိုင်၊ က တရားရုံးအချုပ်ကနေ၊ရုံးအထွက်မှာ၊ပြည်မြို့နယ်အုပ်ချုပ်ရေးမှုး နဲ့ ခရိုင်အုပ်ချုပ် အုပ်ချုပ်ရေးမှုးတွေ အလိုမရှိကြောင်း နဲ့ နှုပ်ထွက်ပေးဖို့ကို တောင်းဆိုလိုက်တာပါ။
လယ်သမားတွေ မိသားစုအလိုက်ပေါက်ခေါင်းမြို့မှာ၊ ထောင်ချခံနေရတာ နဲ့ပတ်သတ်ပြီးအခုလိုတောင်းဆို လိုက်တာပါ
(((လယ်တွေကိုသိမ်းထားတာ၊မြို့နယ်ကရှင်းမပေးနိုင်လို့၊ခရိုင်ကို တင်ထားတာ၊(၃)လကျော်ပြီအခုထိ ဘာမှ ရှင်းမပေးနိုင်ဘူး၊ပြီးခဲ့တဲ့ (၁ရ)ရက်နေ့ကလဲ၊လယ်သမားတွေကိုထောင်ချလိုက်တယ်၊အခု(၂၉)ရက်နေ့ကျရင်၊လယ်သမားတွေကို ထပ်ပြီးထောင်ချအုံးမှာ၊ဒါတွေက၊ခရိုင်အုပ်ချုပ်ရေးမှုးတွေ အလုပ်မလုပ်လို့ဖြစ်ရတာ၊ဒါကြောင့်၊မြို့နယ်အုပ်ချုပ်ရေးမှုး အောင်အောင်( အလိုမရှိ)၂၊ခရိုင်အုပ်ချုပ်ရေးမှုး။ တင်မောင်ဝင်း (အလိုမရှိ)၂ )))ဟု ကိုဝင်းလှိုင်(ပုဒ်မ-၅၀၅/ခ) နဲ့ ထောင်ကျနေသူ မှပြောသည်။
ပြီးခဲ့တဲ့ဇူလိုင်လ(၁၆)ရက်နေ့က ပေါက်ခေါင်းမြို့နယ်၊အင်ငါးခွသကြားစက်အတွက်၊သိမ်းယူထားတဲ့လယ်တွေ ကို သကြားစက်ကပြန်လည် စွန့်လွှတ်လိုက်ပေမဲ့၊စက်ရုံဝန်ထမ်းတွေ ကပြန်မပေးဘဲ၊အဆင့်ဆင့်ရောင်းချထားတာကြောင့်၊နဂို အသိမ်းခံလယ်သမားတွေထံပြန်မရောက်ပဲ၊တောင်သူ(၁၉)ယောက်ကို၊ပိုက်နက်ကျူးလွန်မှုတွေနဲ့၊တောင်သူ(၅)ယောက်ကို၊ပေါက်ခေါင်းမြို့နယ်တရားရုံးက၊အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၃)လစီအမိန့်ချလိုက်ပါတယ်။နောက်ထပ်တောင်သူ(၁၃)ယောက်ကို လဲ လာမဲ့ဇူလိုင်လ(၂၉)ရက်နေ့မှာ၊အမိန့်ချဖို့ရှိနေပါတယ်၊ထောင်ချခံရတဲ့ လယ်သမားအများစု က မိသားစုဝင်တွေ ဖြစ်ကြပြီး၊တအိမ်လုံးထောင်ချခံနေရတဲ့မိသားစုလိုက်တွေပါ ပါတာကြောင့် တောင်သူတွေ၊ဒုက္ခရောက်နေရတာဖြစ်ပါတယ်။
ကိုဝင်းလှိုင် ကို၊ဒီနေ့ပုဒ်မ(၁၈)(၇)မှုအတွက်၊ကို ရုံးထုပ်လာခဲ့တာ ဖြစ်ပြီး။သူ့ကို လက်ရှိ၊သပိတ်မှောက်ကျောင်းသားတွေ ကိုရုံးထုပ်စဉ်မှာ၊ဆန္ဒပြတာကြောင့်သာယာဝတီ တရားရုံးက ပုဒ်မ(၅၀၅/ခ)၊ပုဒ်မ(၁၈)တို့ နဲ့ ထောင်(၂)နှစ်။ချထားပြီး၊ပြည်ထောင်ကို ပို့ထားကာ။နောက်အမှုတွေအတွက်၊ဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။
မင်းညို(DVB)
တင်ဆက်..ပြည်သတင်းလူငယ်(09253311019)
0 comments:
Post a Comment