Sunday, January 11, 2015

သဲကုန်းမြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူများက သဲကုန်းမြို့နယ်အတွင်း စက်ရုံတစ်ရုံလိုအပ်လျှက်ရှိဟုဆို ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment



သဲကုန်းမြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူများက သဲကုန်းမြို့နယ်အတွင်း စက်ရုံတစ်ရုံလိုအပ်လျှက်ရှိဟုဆို
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူများသည် ယခင်ကလယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူများဖြစ်ကြပြီးလယ်ယာလုပ်ငန်း၏ 
ဝင်ငွေနည်းပါးမှုကြောင့် ကြံလုပ်ငန်း ကို ၁၉၈၀ ခုနှစ်ကတည်းက အခြေချစိုက်ပျိုး
လုပ်ကိုင်သူများဖြစ်သည်။ သို့ရာတွင်  ၂၀၁၃ ခုနှစ်အထိကြံရောင်းချရသည်မှာ
အဆင်ပြေသော်လည်း ယခုနှစ် ၂၀၁၄ ကြံရာသီတွင်  ကြံတောင်သူများအနေဖြင့်
 န၀ဒေးစက်ရုံသို့ ရောင်းချရာတွင် အခက်အခဲများနှင့်နစ်နာမှုများ ကြုံတွေ့နေရ
ကြောင်းသိရသည်။

သဲကုန်းမြို့နယ်မှ ကြံစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးတင်မောင်ဇော်က " ကျွန်တော်
တို့သဲကုန်းမြို့နယ်ထဲက ကြံသယ်ကားတွေက န၀ဒေးသကြားစက်ကို ကြံသွားရောင်း
ရတယ်။ အဲဒီလိုရောင်းချတဲ့အခါမှာ အနည်းဆုံး (၃)(၄)ရက်ကြာမှ ကားတစ်စီး၊ 
တစ်ခေါက်သာ ရောင်းချရတယ်။ ကြံကားတစ်စီးအတွက် တစ်လလျှင် (၇)ခေါက်၊ 
(၈)ခေါက်သာရတဲ့အတွက် ကြံတောင်သူများအနေဖြင့် ကြံခုတ်လုပ်သား၊ ကြံတင်
လုပ်သားများ ငှားရမ်း၍ စောင့်ဆိုင်းလုပ်ကိုင်နေရသည့်အတွက် အလုပ်သမားစရိတ်
ထိခိုက်နစ်နာရတယ်" ဟု ပြောသည်။

ကြံတောင်သူများအနေဖြင့် ယခုနှစ်ကြံရာသီ၊ ကြံစတင်ရောင်းချသည့် ပထမ(၁၀)ရက်
ခန့်အတွင်း (၁၀)တန်ပါ ကားတစ်စီးပေါ်တွင် စက်ရုံမှ (၁)တန်ခန့်အလေးချိန်လျှော့၍ 
ကတ္တားချိန်သဖြင့် ကြံတောင်သူများ တန်ပေါင်းများစွာဆုံးရှုံးခြင်း၊သတ်မှတ်သည့်
ရက်ထက် စော၍ကြံများလာရောက်ရောင်းချသည့်အတွက် သဲကုန်းမြို့နယ်ရှိကြံသယ်
ကားများကို ပြန်လွှတ်ခိုင်းသည့် ပြဿနာများနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ကြံစိုက်ေ
တာင်သူကဆက်လက်ဆိုသည်။

" အမှန်တော့ကြံတောင်သူတွေရောင်းအားနဲ့ စက်ရုံအားကမမျှဘူးဗျ။ အခုဆိုရင် 
ကျွန်တော်တို့ စက်ရုံ (၂)ရုံ တည်းနဲ့လည်ပတ်နေရတာ။ အမှန်တကယ် စက်ရုံရဲ့ 
လိုအပ်ချက်တွေကို ကျွန်တော်တို့ကြံတောင်သူတွေက ခံနေရတာ။ ကျွန်တော်တို့
သဲကုန်းမြို့နယ်ထဲမှာ ဒီလိုမျိုးစက်ရုံဆောက်လုပ်ဖို့လိုအပ်တယ်။ သူတို့လုပ်နိုင်ရင်
လုပ်၊ တကယ်လို့မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ကို နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ဖို့
ချပေးသင့်တယ်။ စက်ရုံ (၂)ရုံ ကလည်း အင်ငါးခွသကြားစက်ကန၀ဒေးသကြား
စက်ပိုင်ကားတွေကို သူတို့စက်ရုံမှာ ရောင်းချခွင့်မပေးဘူး ဖြစ်နေတယ်" ဟု
 ကြံတောင်သူတစ်ဦးကပြောသည်။

စိုက်ဧကများပြီး ကြံဈေးရမှ စာချုပ်ချုပ်တဲ့လူတွေကို ချုပ်ပေးတာ၊ အစကတည်းက
 ချုပ်ထားတဲ့ ကြံတောင်သူတွေကို အဆင်ပြေအောင်လုပ်ပေးရမှာကို မလုပ်ပေးတာ။
 အဲဒီကတည်းက သူတို့တွေ မှားနေပြီ။ ယခင်တုန်းက စာချုပ်ချုပ်ထားတဲ့ကားတွေထက် သူတို့ကနောက်ကြံကားတွေကို ထပ်ပြီးစာချုပ် ချုပ်လိုက်တော့ ပထမချုပ်ထားတဲ့လူတွေ
က ဒုက္ခရောက်ကုန်တယ်။ ဘာလို့လဲဆိုတော့ နောက်မှစာချုပ် ချုပ်တဲ့လူတွေကို သူတို့နဲ့
အထာရှိရင်ရှိသလို တစ်ရက်ကို (၁)ခေါက်ကျ ကြံရောင်းချခွင့်ပေးနေတာ ဟု ၄င်းက
ဆက်လက်ပြောကြားခဲ့သည်။

အလုပ်သမား(၁၅)ယောက်တစ်ဖွဲ့ကို ကြံရာသီမစခင်ကတည်းက တစ်ရာသီလုံးစာ (၃)
(၄)သိန်း (၅)သိန်း အစားစားပေးပြီးငှားထားရတာ၊ ပြီးတော့ကျွန်တော်တို့ကြံတာင်
သူတွေက ကြိုတင်ပိုက်ဆံတွေချထားပေး ပြီးတော့ သူတို့ကိုခေါ်ထားရတာ။ အခုလိုမျိုး
 (၃)(၄)ရက်ကြာမှ တစ်ခေါက်ရောင်းချရတော့ ကြံတွေက နေပူလို့အလေးချိန်လျော့
တာကတစ်ပိုင်း၊ကားသမားခေါက်ကြေးတစ်ခေါက်ကို (၂)သောင်း၊စရိတ်ငြိမ်း ကျွေး
ထားရတာ။

ဒီအတွက် ကြံရောင်းတဲ့သူတွေအားလုံးထဲမှာ ကျွန်တော်တို့သဲကုန်းမြို့နယ်တစ်အုပ်စု 
တည်း ဒီလိုလုပ်တာခံနေရတယ်" ဟု ကြံတောင်သူ ဦးတင်အောင်လွင်ကပြောခဲ့သည်။
ယခင်အစိုးရနှင့်ဖက်စပ်လုပ်ကိုင်နေစဉ်အတွင်း ပြေလည်မှုရှိခဲ့ပြီးထိုင်းလူမျိုးနှင့်ကြီးကြပ်
သူများမှ ၄င်းတို့ စက်ရုံပိုင်ကြံများကိုလည်းကောင်း၊၄င်းတို့နှင့်အကျိုးတူပူးပေါင်းဆောင်
ရွက်နေသည့် ငွေရှင်၊ ကြေးရှင် ကြံတောင်သူ (၅၀)ခန့်၏ကြံများကိုလည်းကောင်း၊
နေ့စဉ် ကားအစီး (၁၀၀)ဖြင့်ဦးစားပေးဆွဲနေသည်။ တစ်နေ့(၁)ခေါက်သတ်မှတ်ရက်
ရှိ၍ ကျွန်တော်တို့သဲကုန်းမြို့နယ်မှ ကြံတောင်သူများအတွက် (၄)(၅)ရက် ကြာမှ  
 (၁)ခေါက်သာရရှိတာ လုံးဝမဖြစ်သင့်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်မြို့၊  န၀ဒေးသကြားစက်သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း 
ဆက်သွယ်မေးမြန်းခဲ့သော်လည်းဆက်သွယ်မရခဲ့ပါ။
         

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883



0 comments:

Post a Comment

Facebook Like Page