Monday, December 8, 2014

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့သို့ မီးသတ်ရဲမေအဖြစ်ဝင်ရောက်

Leave a Comment

ပြည် တပ်ရင်းရုံး ၅.၁၂.၁၄

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့တပ်ရင်းရုံးလက် အောက်ရှိ တပ်ခွဲ(၅)၊ တပ်စု(၄၅)နယ်မြေမှမီးသတ်
်ရဲမေအဖြစ်မီးသတ်တပ်ဖွဲ့အတွင်း ၀င်ရောက်တာဝန်ထမ်းဆောင်ရန်အသက် ၁၄နှစ် မှ ၁နှစ်ကြား မိန်းခလေးငယ်လေး (၅) ဦးတပ်ရင်းရုံးသို့ လျှောက်ထားလာသဖြင့် ဒုတိယတပ်ရင်းမှုးမှ တပ်ရင်းရုံးသို့ခေါ်ကာ အဆိုပါမိန်းခလေးငယ်များအား ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ၍ ယ္ခုလိုအရန်မီးသတ်တပ်ဖွဲ့အတွင်းကိုဝင်ရောက်၍ မီးဘေးကာကွယ်ရေးနှင့် လူထုအကျိုးပြုလုပ်ငန်းများကို ကူညီလုပ်ကိုင်လိုခြင်းကို ဂုဏ်ယူကြောင်း မီးလောင်ပြင်ရှိ မီးသတ်သမားတစ်ဦး၏လုပ်ဆောင်ချက်များသည် ခက်ခဲကြမ်းတမ်းကြောင်း စွန့်လွတ်အနစ်နာခံစိတ်ဖြင့် ၀င်ရောက်ငြိမ်းသတ်ရကြောင်း ၊လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင်လည် ပင်ပန်းအဆင်းရဲခံနိုင်မှသာလျှင် ရည်မှန်ချက်ကိုရောက်နိုင်ကြောင်း စသည်ဖြင့် အကျယ်တပွင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

ယ္ခုလိုသိရှိသွား၍ မီးသတ်ရဲမေအဖြစ် ဆက်လက်မရှောက်ထားလိုပါကလဲ ဒုတိယတပ်ရင်းမှုးအနေဖြင့်ဗွေမယူကြောင်းပြောကြားရာ အဆိုပါမိန်းခလေးငယ်များကသူတို့သည် ဒီမီးသတ်တပ်ဖွဲ့အတွင်းသို့သာဝင်ရောက်လိုကြောင်း ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း သူတို့၏အကိုများ၊ ဦးလေးများသည်လဲ ပြည်မြို့၏အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ထို့ကြောင့် သမီးတို့အားတပ်ဖွဲ့ဝင်အဖြစ် မိမိတို့ဆန္ဒအရလျှောက်ထားခြင်းကို ဒုတိယတပ်ရင်းမှုးမှ လက်ခံပေးစေလိုကြောင်း ပြန်လည်ပြောကြားလာသဖြင့် ဒုတိယတပ်ရင်းမှုးမှ လျှောက်လွှာများကိုလက်ခံကာ ယူနီဖောင်းများထုတ်ပေးခဲ့သည်။

ယ္ခုအခါ အဆိုပါမီးသတ်ရဲမေများသည် အကိုများ၊ ဦးလေးများနှင့်အတူ စစ်ရေးပြသင်တန်း၊ မီးသတ်အခြေခံပညာသင်တန်းများကို ကယ်ဆယ်ရေးပညာသင်တန်းများကို လေ့ကျင်နေကြပြီဖြစ်သည်။

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊ ပြည်မြို့

0 comments:

Post a Comment

Facebook Like Page