Monday, October 20, 2014

ကျိုက်ထီးရိုးရှုခင်းကြည့်ခရီးစဉ် ပျံသန်းရန် မြန်မာ့လေကြောင်း စီစဉ်

Leave a Comment

ကျိုက် ထီးရိုးစေတီတော်ကိုဖူးမြော်ရင်း ဝေ ဟင်ရှုခင်း ကြည့်နိုင်မည့် ခရီးစဉ်ကို ပျံသန်းပေးရန် မြန်မာ့လေကြောင်း က စီစဉ်လျက်ရှိကြောင်း ယင်းဌာန မှ စုံစမ်းသိရသည်။

ကျိုက်ထီးရိုးခရီးစဉ်အတွက် လက်မှတ်ခဈေးနှုန်းကို အကြမ်းဖျင်း အားဖြင့် ကျပ် ၄ဝဝဝဝခန့်သတ်မှတ် ထားပြီး သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များတွင် ပျံသန်းပေးသွားမည်ဖြစ် ကြောင်း မြန်မာ့လေကြောင်းမှ လက် ထောက် အထွေထွေမန်နေဂျာ (စီး ပွားရေးဌာန)မှ ဦးထင်လင်းက ပြော သည်။

မြန်မာ့လေကြောင်းမှ အဆိုပါ ခရီးစဉ်အတွက် ခရီးသည် ၁ဝဦးစီး Grand Caravan လေယာဉ်ဖြင့် ပျံ သန်းပေးမည်ဖြစ်ပြီး ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ ကျိုက်ထီးရိုး သို့ မိနစ် ၂ဝကြာပျံသန်းမည်ဖြစ်ကာ ကျိုက်ထီးရိုးစေတီကို ဖူးမြော်နိုင်ရန် ပေ ၃ဝဝဝအမြင့်မှ လက်ဝဲရစ် သုံး ပတ်ပတ်ပျံသန်းပေးမည်ဖြစ်ပြီး ထိုမှ တစ်ဆင့် မိနစ် ၂ဝကြာပျံသန်း၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ယင်းခရီးစဉ်အတွက် ပျံသန်းပေးမည့် လေယာဉ်မှူးက ပြောသည်။

ထိုသို့ကျိုက်ထီးရိုးရှုခင်းကြည့် ခရီးစဉ်အပြင် ရန်ကုန်-ပုသိမ်-ရန်ကုန် ခရီးစဉ်၊ ပုသိမ်-ငွေဆောင်-ချောင်း သာ-ပုသိမ်ရှုခင်းကြည့် ခရီးစဉ်နှင့် ပုသိမ်-ငွေဆောင်-မော်တင်စွန်း- ပုသိမ်ရှုခင်းကြည့် ခရီးစဉ်များကို လည်း ပျံသန်းမည်ဖြစ်ကြောင်း မြန်မာ့ လေကြောင်းမှ သိရသည်။

ယခုလက်ရှိတွင် မြန်မာ့လေ ကြောင်းလိုင်းသည် လေယာဉ် ၁ဝစီး ဖြင့် ပြည်တွင်းခရီးစဉ်များကိုပျံသန်း ပေးလျက်ရှိပြီး ၂ဝ၁၅ခုနှစ်တွင် ပြည် ပခရီးစဉ်များကို ပထမဆုံးအကြိမ် ပျံသန်းပေးရန် စီစဉ်လျက်ရှိသည်။

TZO

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

0 comments:

Post a Comment

Facebook Like Page