Sunday, August 24, 2014

ကျန်းမာရေး,

Leave a Comment

တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်ခန့် သီချင်းဆိုပါ
**************************************

နေ့တိုင်း ၁၀ မိနစ်ခန့် အနည်ဆုံး သီချင်ဆို လိုက်ခြင်းဟာ ကျန်းမာရေး အတွက် အထောက်အကူ ပြုပါတယ်။ ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် ဆိုနိုင်ပါတယ်။ အဲလို သီချင်းဆိုလိုက်သည့် အတွက် ပူပင်သောက ကြောင့်ကြစိတ်တွေကို လျော့ချပေး နိုင်ပါတယ်။

ဒါ့အပြင် စိတ်ကိုပေါ့ပါး လွတ်လပ်စေပြီး တက်တက် ကြွကြွ ဖြစ်စေမှာ ဖြစ်ပါတယ်။ သီချင်းဆိုလိုက်သည့် အတွက် အာရုံကြောများကို အထောက် အကူပြုစေပြီး အတွေးမြင်သစ်တွေကို ရရှိလာမှာ ဖြစ်ပါတယ်။

ဒီအတွက် စိတ်ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကျန်းမာရေး နှစ်ခုစလုံးကို အထောက်အကူ ပြုစေတာကြောင့် တစ်နေ့ကို ၁၀ မိနစ်ခန့် သီချင်းဆိုဖို့ မမေ့ပါနဲ့။




မန်ကျဉ်းသီးမှည့်က ဝမ်းကိုပျော့စေပါတယ်
***********************************

အထိုင်များသူပဲ ဖြစ်ဖြစ် ဝမ်းချုပ်တတ်သူပဲ ဖြစ်ဖြစ် မှီဝဲပေးသင့်ပါတယ်။

မန်ကျဉ်သီးမှည့်ဟာ ရှေးယခင်ကတည်းက စားသုံးလာကြတဲ့
ဆေးဘက်ဝင် အစားအစာ တစ်ခုဖြစ်ပါတယ်။ ဝမ်းချုပ်နေတယ် ဆိုရင် မကျဉ်းသီးမှည့်ကို စားပေးလိုက်ရုံမျှဖြင့် ဝမ်းပျော့စေမှာ ဖြစ်ပါတယ်။

မန်ကျဉ်သီးမှည့်ကို ဝမ်းနုတ်ဆေးဖော်စပ်တဲ့ နေရာများမှာလည်း အသုံးပြုနိုင်ပါတယ်။

 



ပျော်ရွှင်ခြင်းနှင့် အကြောင်းပြချက်
***************************

ပျော်ရွင်ခြင်းမှာ အကြောင်းပြချက် ဆိုတာ မရှိပါဘူး။ ဘာမှ မသိသေးတဲ့
ကလေး တစ်ယောက်နဲ့ တူညီပါတယ်။ ဒါပေမယ့်လည်း သင်ဟာ အကြောင်း ပြချက် တစ်စုံတစ်ခုကြောင့် ပျော်ရွှင်မယ် ဆိုရင်တော့ ဒုက္ခရောက် ပါလိမ့်မယ်။

ဘာလို့လဲ ဆိုတော့ အဲဒီ အကြောင်းပြချက်ဟာ သင့်ကို ဒုက္ခရောက်စေမှာ မိုလို့ပါ။



 ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

0 comments:

Post a Comment

Facebook Like Page