ပြည်သူများက တရားဥပဒေကိုချိုးဖောက်သော ၀န်ထမ်းများကို တိုင်ကြားရာတွင် နိုင်ငံတော်အစိုးရက အရေးယူအပြစ်ပေးမှုမရှိသေးသည့်အတွက်ဆန္ဒပြတောင်းဆို
ပြည့်သဲမောင်(ပြည်)
လမ်းဘေးအခြေအနေမဲ့ ကလေးများနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ပြည်မြို့နယ် စည်ပင်သာယာမှ ရိုက်နှက်၍ အမှိုက်ကားပေါ်တင်ပြီး အမှိုက်များကဲ့သို့ ရခိုင်ပြည်နယ် တောကြီးထဲသို့ တရားဥပဒေမဲ့ စွန့်ပစ်ခဲ့သည်။ ထိုစွန်ပစ်မှုကြီးကိုပြုလုပ်သော စည်ပင်ဝန်ထမ်းများကို ဖော်ထုတ် အရေးယူပေးရန်လိုအပ်နေကြောင်း၊ မတ်လ (၂၉)ရက်နေ့ နံနက် (၉း00)နာရီအချိန်တွင် ပြည်မြို့တွင် လမ်းလျှောက်ချီတက်ဆန္ဒပြတောင်းဆိုခဲ့သည်။
“ပြည်သူများက တရားဥပဒေချိုးဖောက်သောဝန်ထမ်းများကို တိုင်ကြားရာတွင် နိုင်ငံတော်အစိုးရ ကအရေးယူအပြစ်ပေးမှု မရှိသည့်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်” ဟုဆန္ဒပြပွဲကို ဦးဆောင်သူ
ကိုဝင်းလှိုင်ကပြောသည်။“စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ပြီးပြီဆိုရင်ဗျာ အဲဒီတုန်းက စည်ပင်လူကြီး ဦးမြတ်စိုး ပြုတ်သွားလား၊ ဘယ်ကိုပြောင်းရလဲ၊ ဘယ်လိုအရေးယူလဲမေးတာ မပြောဘူး။ ကိုယ်ကိုတိုင် လုပ်သွားတဲ့ စည်ပင်ဝန်ထမ်း မင်းနိုင်တို့၊ ဖြိုးဝေအောင်တို့ ဘာဖြစ်လဲ၊ ရာထူးရှောလား၊ ဘာအရေးယူမှုမှ မရှိဘူးဗျာ။ ဒီအတိုင်းဘဲဗျာ။ အမှန်တကယ်ဆိုရင် အရပ်သားပဲဖြစ်ဖြစ်၊ ၀န်ထမ်းပဲ ဖြစ်ဖြစ် ဥပဒေအရအရေးယူရမယ်။ သူတို့တွေ ဥပဒေချိုးဖောက်ရင် ဥပဒေနဲ့တိတိကျကျ အစိုးရက အရေးယူပေးရမယ်ဗျာ။ ဒီကိစ္စမျိုးမှာ အစိုးရကတရားလိုလုပ် လွှင့်ပစ်ခံရတဲ့ကလေးတွေနဲ့ ဗိုက်ကြီးသည် မိန်းမတွေက သက်သေလုပ်ရမှာကိုလည်း မလုပ်ဘူး။ ဥပဒေချိုးဖောက်တဲ့ ၀န်ထမ်း တွေကို တရားခံလုပ်ရမှာကိုမလုပ်ဘူး။ ဒီလိုလုပ်မှ တရားဥပဒေစိုးမိုးမှုဆိုတာ ပြည်သူတွေက ယုံကြည်မှာ”ဟုဆန္ဒဖော်ထုတ်သူ ကိုဝင်းနိုင်ကပြောသည်။
“ပြည်သူများက တရားဥပဒေချိုးဖောက်သောဝန်ထမ်းများကို တိုင်ကြားရာတွင် နိုင်ငံတော်အစိုးရ ကအရေးယူအပြစ်ပေးမှု မရှိသည့်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်” ဟုဆန္ဒပြပွဲကို ဦးဆောင်သူ
ကိုဝင်းလှိုင်ကဆက်လက်ပြောသည်။
ဆန္ဒပြတောင်းဆိုရန် အတွက် မေလ ၂၄ ရက်တွင် ခွင့်ပြုမိန့် တောင်းခံခဲ့ရာ မေလ ၂၇ရက် နေ့က ခွင့်ပြုမိန့်ကိုငြင်းပယ်လိုက်တယ်။ ထိုနေ့မနက်က ဆန္ဒပြသူများသည် ပြည်မြို့ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်တွင် စုဝေးပြီး ဗိုလ်ချုပ်ကျောက်ရုပ်မှ လမ်းရှည်လမ်း ၊ ရွှေဘုန်းပွင့် ဘုရားလမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ အရောက်တွင် ခေတ္တဆန္ဒပြပြီး ရွှေတစ်ချောင်း လက်သမားလမ်း၊ လမ်းမတော်လမ်း များအတိုင်း ချီတက်ခဲ့ပြီး ကမ်းနားလမ်းရှိ စည်ပင်သာယာရုံးရှေ့ တွင် ဆယ့်ငါးမိနစ်ခန့်ဆန္ဒပြခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကိုရပ်နားခဲ့သည်။ဆန္ဒပြသူများသည် “တရားဥပဒေ စိုးမိုးရေး ဒို့အရေး၊ တရားဥပဒေချိုးဖောက်သော စည်ပင်ဝန်ထမ်းများကို အပြစ်ပေး အရေးယူရေး ဒို့အရေး၊ တရားရေးမဏ္ဍိုင်ဖြောင့်မတ်ရေး ဒို့အရေး”ဟုကြွေးကြော်ကာ “ လမ်းဘေးအခြေအနေမဲ့ ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပါ။ အစိုးရမှာ တာဝန်ရှိသည်။” “တရားဥပဒေချိုးဖောက်နေသော ၀န်ထမ်းများကို ပြည်သူများက အစိုးရထံသို့ တိုင်ကြားလျှင် တရားဥပဒေအရ အပြစ်ပေး အရေးယူခြင်းကို မြင်ချင်ပါသည်။ ကြားချင်ပါသည်။ သမ္မတကြီးခင်ဗျား” “၀န်ထမ်းပဲဖြစ်ဖြစ်၊ ပြည်သူပဲဖြစ်ဖြစ်၊ ဥပဒေချိုးဖောက်လျှင် တရားဥပဒေအရ အပြစ်ပေးအရေးယူမှုကို ခံယူရမည်။ ဒါမှ တရားဥပဒေစိုးမိုးမှုရှိမည်” “ဆိုက္ကားယာဉ်လိုင်စင်စာအုပ် ပါတယ်ဆိုလျှင် ဆိုက္ကားလိုင်စင်သက်တမ်းတိုးခွင့်ကို လွယ်ကူစွာပေးလိုက်ပါ။”ဟု စက္ကူကတ္တူပြား ပေါ်တွင် ရေးသားထားသော ပိုစတာများကို ကိုင်ဆာင်ဆန္ဒ ပြခဲ့ကြသည်။
“အနှေးယာဉ်လိုင်စင်သက်တမ်းတိုးရေးကိစ္စမှာ အနှေးယာဉ်လိုင်စင်သက်တမ်း တိုးရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်ပေးစေချင်တယ်ဗျာ။ ပေးဖို့အတွက်လည်း အခုတစ်ပါတည်း ဆန္ဒထုတ်ဖော်တာပါ။ အနှေးယာဉ်ဆိုက္ကားနှင့် ဆိုက္ကားလိုင်စင်ပါရင် မည်သူ့ကိုမဆို လိုင်စင်လွယ်ကူစွာ လဲပေးရမှာဗျ၊ ကျောက်မီးကိစ္စ၊ လက်တန်းကိစ္စ၊ ရှေ့နံပါတ်ပြားကိစ္စ၊ လူလိုင်စင်ကိစ္စ၊ အဲဒါတွေကဗျာ မလိုအပ်ပါဘူး”ဟု ဆိုက္ကားဆရာများကိုယ်စား ဆိုက္ကားဆရာကိုဝင်းလှိုင်က အပိုငွေကုန်မယ့်ကိစ္စတွေကို မလိုအပ်ဘဲ မလုပ်ပါနဲ့လို့ ၄င်းကဆက်လက်ပြောကြားခဲ့သည်။
“(၄.၈.၂၀၁၂)ရက်နေ့တွင် ဖြစ်ပွားသော ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ (၂)ဖွဲ့ဖြင့် လာရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ၀န်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ရေးယူခဲ့ပြီး ဖြစ်ခြင်းတို့အတွက် မလိုလားအပ်သော ပြသနာများအပေါ်ပေါက်စေရေးအတွက် ခွင့်မပြုသင့်ကြောင်း” မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုမိန့်လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း အမိန့်စာအရ သိရသည်။
ပြည့်သဲမောင်(ပြည်)
0 comments:
Post a Comment