Sunday, November 3, 2013

ပြည်မြို့ဈေးကြီးပြင်ပ ဗျံကျ သား/ငါး(ကြက်သား နှင့် ငါး)သည်များ(၄)ရက်နေ့မှစ၍ ရောင်းချခွင့်မပြု

Leave a Comment


ပြည်မြို့ဈေးကြီးပြင်ပ ဗျံကျ သား/ငါး(ကြက်သား နှင့် ငါး)သည်များ(၄)ရက်နေ့မှစ၍ ရောင်းချခွင့်မပြု
***************************************************************
၂.၁၁.၂၀၁၃
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ရှိ ဈေးကြီးပြင်ပ ဗျံကျဈေးသည်များဖြစ်သော ကြက်သား/ငါး များကို ၄.၁၁.၂၀၁၃ ရက်နေ့နောက်ဆုံးထားပြီး ဈေးကြီးပြင်ပ မည်သည့်နေရာမှ ရောင်းချခွင့်မပြုတော့
ကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါသတင်းကိစ္စနှင့်ပက်သတ်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်သော (ဒုဦးစီးမှုး..(ဈေး)..ဦကျော်မိုးလွင်) အားပြည်သတင်းမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ယခုလိုပြန်လည်ဖြေကြား
ခဲ့ပါသည်။...

အခုကျွန်တော်တို့ ဈေးကြီးမှာ မြို့ခံမဟုတ်တော့တဲ့ ပြင်ပမြို့တွေကပါ တရားဝင်ရောင်းချခွင့်ပြုထားတဲ့နေရာတွေမှာ ရောင်းချခြင်းမရှိဘူး မြို့နယ် ပြင်ပဖြစ်တဲ့ ရွှေတောင်၊အင်းမ၊ကံမ တို့ကနေလာရောက်ကိုယ်တိုင်
ရောင်းချခြင်းတွေကိုတွေ့ရှိခဲ့ပါတယ် အစတုန်းက သား/ငါးတွေကို ဒိုင်မှာပြန်သွင်းပြီးတန်းပြန်ခဲ့ကြရာကနေ အခုနောက်ပိုင်းမှာ တော့ သတ်မှတ်နေရာမဟုတ်တဲ့ နေရာတွေမှာ ဒိုင်တွေဆီမသွင်းတော့ပဲ မိမိတို့ကိုယ်
တိုင် ရောင်းထွက်နေကြပါတယ် ဈေးကြီးပြင်ပ မှာစည်ကားနေပြီး ဈေးကြီးထဲမှာ စည်းကမ်းတကျ ဆိုင်ခန်းငှားပြီး ရောင်း/၀ယ်လုပ်နေကြတဲ့ဆိုင်တွေ အရောင်းအ၀ယ်အတော်ကလေးထိခိုက်နေကြပါတယ်
ကျွန်တော်တို့ ဈေးစည်းကမ်းတားမြစ်ချက် ဥပဒေ အပိုဒ်(၆၄)အရ ကုန်စည်တစ်စုံတစ်ရာကို ယင်းကုန်ပစ္စည်းမျိုးရောင်းချရန် သီးသန့်သတ်မှတ်ချထားပေးသည့် နေရာတွင်မှ တပါးအခြားနေရာ၌ တည်ခင်းရောင်းချ
ခြင်းမပြုဆိုတာရှိပါတယ် ဈေးကြီးပြင်ပ မှာဗျံကျဈေးသည်တွေအထဲက ကြက်သားနှင့် ငါးသည်များမှာ ကျွန်တော်တို့ ဈေးကြီးထဲကသတ်မှတ်ပေးထားတဲ့ ဆိုင်ခန်းတွေရှိပါတယ် အခုဖြစ်နေတာက အဲလိုသတ်မှတ်ပေး
ထားတဲ့ နေရာမှာရောင်းချခြင်းမရှိဘဲ ဈေးကြီးပြင်ပ မှာတရားမ၀င်ရောင်းချနေတော့ ဈေးကြီးအတွင်းက ဈေးသည်တွေအထိနာတာပေါ့ နောက်ဆုံးဘယ်လိုမှ သူတို့လည်းရောင်းမကောင်းကြတော့ သူများတွေထွက်သ
လို ဈေးကြီးပြင်ပ မှာထွက်မယ်တွေဖြစ်ကုန်ရော ဒါကြောင့်(၃၀.၁၀.၂၀၁၃)နေ့လည်အစည်းအဝေး ဈေးမိဈေးဖ တွေနဲ့ ဈေးသည်တွေအကုန်ခေါ် ကျွန်တော်တို့ဌနဆိုင်ရာတွေနဲ့ အစည်းအဝေးပြုလုပ်ပြီး အစည်းအဝေး
ဆုံးဖြတ်ချက်အရ .....၁။ ။မြို့နယ်ပြင်ပ သား/ငါး သည်များ မိမိတို့ပို့လိုသော ဒိုင်များမှာသာရောင်းချပြီးပါက ဖောက်သည်ပေးပို့ပြီးတန်းပြန်ရန်(ဈေးရောင်းခွင့်မပြု)..
၂။ ။မြို့ပေါ်ရှိ အခြားဈေးများမှ လာရောက်ရောင်းချသော သား/ငါး သည်များလုံးဝရောင်းချခြင်းမပြု
၃။ ။ကျန်ဈေးသည်များမှာလည်း မိမိတို့အစီအစဉ်ဖြင့် ဗျက်ထိုးဝန်းထဲမှာ စည်းကမ်းတကျသာရောင်းချခွင့်ပြုတော့မည်။ဆိုတဲ့အချက်တွေသဘောတူညီမှုတွေကို အဲဒိအစည်းအဝေးမှာ ရရှိသဘောတူခဲ့ကြပါတယ်။

ကျွန်တော်တို့ဈေးကြီးမှာ အခုလက်ရှိ ဗျံကျဈေးသည်က(၄၀)ခန့်ရှိနေပြီး စည်းကမ်းနဲ့ညီတဲ့သတ်မှတ်ထားတဲ့ဆိုင်ခန်းနေရာတွေမှာရောင်းချခြင်းရှိတာကတော့(၃၂)ဦးခန့်ရှိပါတယ် ကျွန်တော်တို့ ဈေးကြီး မှာ ဆိုင်ခန်း
ပေါင်း(၁၉၈၁)ခန်းရှိပါတယ် စည်းကမ်းလိုက်နာခြင်းမရှိတဲ့ဈေးသည်တွေကိုတော့ ၁။ရုံးခေါ်ပြောမယ်....၂။နောက်မရောင်းချဖို့သတိပေးပြီး ခံဝန်ထိုးခိုင်းမယ်...၃။စီမံဒဏ်ရိုက်ပြီး ဒုတိယအကြိမ် ခံဝန်ထိုးခိုင်းမယ်......၄။
ဈေးရောင်းချခွင့်ပိတ်မယ် ဘယ်ဈေးမှ ရောင်းချခွင့်မပြုတဲ့စာပါ....၅။ဒါမှ မလိုက်နာသေးဘူးဆိုရင်တော့ နောက်ဆုံးအနေနဲ့ စည်ပင်သာယာရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ ယနေ့အချိန်အထိတော့ ကျွန်တော်
တို့ ဈေးကြီးမှာ ဒါမျိုးတွေမရှိခဲ့သေးပါဘူး ကျွန်တော်တို့က နှစ်ဦး နှစ်ဘက်နားလည်မှု့တွေရှိကြပါတယ် ကျွန်တော်တို့ဘက်ကလည်း ဈေးရောင်းချသူတွေအပေါ်အတတ်နိုင်ဆုံးကူညီပေးမှုတွေနဲ့ ကျွန်တော်တို့ ဈေးကြီးရေရှည်
တည်တံ့ခိုင်မြဲစေရန် စိတ်အားသန်စွာဆောင်ရွက်လျှက်ရှိပါတယ် (၁၀)လပိုင်းကဆိုရင် ကျွန်တော်တို့ ကွန်ကရစ်လမ်းခင်းပေးပြီးသွားပါပြီ အရှည်(ပေx၄၀၀)အနံ(ပေx၂၇)ပေအမြင့်ဒုအားဖြင့်(၆xလက်မ)ရှိတဲ့လမ်းလည်းအောင်
မြင်စွာခင်းနိုင်ခဲ့လို့ ဈေးသူ/သားများလည်း ၀မ်းသားလို့မဆုံးဖြစ်နေကြပါပြီ အဲဒိလမ်းကိုတော့ အခာလာမဲ့(၄)ရက်နေ့မှာဖွင့်ပွဲလုပ်ဖို့ရှိပါတယ်လို့ တာဝန်ရှိသူတစ်ဦးဖြစ်သော (ဒုဦးစီးမှုး..(ဈေး)..ဦကျော်မိုးလွင်) မှ ပြည်သတင်းသို့
ပြောကြားသွားခဲ့ပါသည်။ ။ပြည်သတင်း...

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page