Sunday, November 3, 2013

အမျိုးသမီးအားငယ်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျုးလွန်သူကို တရားစွဲရန်ပြင်ဆင်နေ

Leave a Comment


အမျိုးသမီးအားငယ်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျုးလွန်သူကို တရားစွဲရန်ပြင်ဆင်နေ
*********************************************************
၂.၁၁.၂၀၁၃...
အခုဖော်ပြပါသတင်းကို တရားရုံးသို့ ဦးတိုက်လျှောက်ရန်အတွက် အမှတ်(၁)ရဲစခန်းမှ ထုတ်ပေးသော နောက်ဆက်တွဲ(က/ခ)စာအရသိရခြင်းဖြစ်သည်။

နောက်ဆက်တွဲ(က)
*************
မသင်းသင်းအေး(၁၈)နှစ်(ဘ)ဦးအောင်ဆန်း (Romatic) မုန့်ဆိုင်လုပ် ဆံတော်နယ်မြေ၊ရှားရုံရပ်ကွက်၊ပြည်မြို့နေသူမှ တိုင်တန်းသည်မှာ (၃၀.၁၀.၂၀၁၃)ရက်နေ့(၁၁း၀၀)အချိန်ခန့်တွင် ကျွန်မတွင်(Romatic) မုန့်ဆိုင်
၏ ဒုတိယထပ်တွင် မုန့်ကြော်ရန် မီးမွှေးနေစဉ် ကျော်ဇေယျာငြိမ်း(၂၄)နှစ်သည် ကျွန်မနောက်လိုက်လာပြီး ငါ့ကောင်မလေးနဲ့ပက်သတ်ပြီး စကားလည်းလာမပြောနဲ့ ဟုပြောသောအခါ ကျွန်မမှ ကိုဇေယျာငြိမ်းနဲ့ဘာဆိုင်
လို့လဲ ပြော၍ ကိုဇေယျာငြိမ်းမှ ဆိုင်လား သိချင်ရင်ပြောပြီး ကျွန်မ၏ ရင်ဘတ်အားဆောင့်ဆွဲ၍ မျက်နှာအား လက်သီးနှင့်(၂)ချက်ဆင့်ထိုးပါသည်။ (၉)လပိုင်းခန့်က ကျွန်မအားဓါးဖြင့်လှမ်းပေါက်ပါသည်။ ကျော်ဇေယျာငြိမ်း
မှ နင်ငါနဲ့ ကြည့်ရှောင်ဟုနေဟု ခဏခဏ ကြိမ်းဝါးပါသည် ကျော်ဇေယျာငြိမ်းမှ လက်သီးဖြင့် ထိုး၍ ကျွန်မတွင် ၀ဲဘက်ပါးနာကျင်ဒဏ်ရာ ရရှိခဲ့ပါသည် အခင်းဖြစ်စဉ် သဇင်၊သီရိ၊ယုယုအောင် တို့တွေမြင်ပါသည်။ သို့ဖြစ်ပါ၍
ကျွန်မ၏ ရင်ဘတ်အား ဆောင့်ဆွဲပြီး မျက်နှာကိုလက်သီးဖြင့်ထိုးသူ ကျော်ဇေယျာငြိမ်းအား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းအပ်ပါသည်။ တိုင်တန်းသူ...မသင်းသင်းအေး(၁၈)နှစ်(ဘ)ဦးအောင်ဆန်း ဟုသတင်းရရှိ
ခဲ့ပါသည်။

နောက်ဆက်တွဲ(ခ)
************
အမှတ်(၁)နယ်မြေရဲစခန်း ဖြစ်စဉ်အမှတ်... (၄၈/၁၃) လျှောက်ထားသူ..မသင်းသင်းအေး(၁၈)နှစ်(ဘ)ဦးအောင်ဆန်း (Romatic) မုန့်ဆိုင်လုပ် ဆံတော်နယ်မြေ၊ရှားရုံရပ်ကွက်၊ပြည်မြို့ ...လျှောက်ထားခံရသူ..ကျော်ဇေယျာငြိမ်း
(၂၄)နှစ် တရုတ်တန်းလမ်း (Romatic) မုန့်ဆိုင်လုပ်..ပြည်မြို့ ...သွားရောက်ရမည့်တရားရုံး..မြို့နယ်တရားရုံး...သွားရောက်ရမည့်ရက်စွဲ...(၃၀.၁၀.၂၀၁၃)ရက်နေ့ (၁၁း၀၀)အချိန် ဟုဖော်ပြထားပါကြောင်းသတင်းရရှိခဲ့ပါသည်။
အဆိုပါကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး၊ပြည်ခရိုင်/မြို့နယ်ရဲရုံးများ နှင့် အမျိုးသမီးရေး၇ာအပါဌာနဆိုင်များသို့ တိုင်ကြားပေးပို့သွားမည်ဟု ရပ်ဆွေရပ်မျိုးဖြစ်သူ..မသင်းမြတ်မွန်မှ ပြည်သတင်းသို့ ပြောကြား
သွားခဲ့သည်။ ။ပြည်သတင်း...

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page