Wednesday, September 4, 2013

ပဲခူးတိုင်းအနောက်ခြမ်းရှိ လူမှုရေးအသင်းအဖွဲ့များ သဘောထားကြေငြာချက်

Leave a Comment

ပဲခူးတိုင်းအနောက်ခြမ်းရှိ လူမှုရေးအသင်းအဖွဲ့များ သဘောထားကြေငြာချက်
*****************************************************
2013 ခုနှစ်၊စက်တင်ဘာလ၊(4)ရက်နေ့

ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်ခရိုင် ပြည်မြို့တွင် ယနေ့မနက်(၉း၀၀)ခန့်တွင် ပြည်မြို့ ရတနာမာန်အောင်ကျောင်းတိုက်ကြီး အတွင်းရှိဓမ္မာရုံကြီးတွင် ပဲခူးတိုင်းအနောက်ခြမ်းရှိ လူမှုရေးအသင်းအဖွဲ့များ၏
သဘောထားကြေငြာချက်ကို လူမှုရေးအသင်းအဖွဲ့(၃၄)သင်း နှင့် တက်ရောက်သည့်ကိုယ်စားလှယ်လူဦးရည်(၁၀၉)ယောက် တို့မှအောက်ပါသဘောထားကြေငြာချက်များကို တစ်ညီတစ်ညွှတ်တည်းထုတ်ပြန်လိုက်သည်
ဟုသတင်းရရှိထားပါသည်။ အဆိုပါ ပဲခူးတိုင်း အနောက်ခြမ်းရှိ လူမှုရေးအသင်းအဖွဲ့များ သဘောထားကြေငြာချက် များမှာ.................................................

၁။နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စက်တင်ဘာလ(၁)ရက် နေ့စွဲပါ စာအမှတ် ၀/၂ နာကူ/စီမံ/ကြေငြာချက်/၂၀၁၃ဖြင့် ကြေငြာထားသောသဘောထားကြေငြာချက်ပါ လူမှုရေးအသင်းအဖွဲ့များ နှင့် ပတ်သက်၍ အခြေ
ခံ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများအတိုင်း လွတ်လပ်စွာအသင်းအဖွဲ့များနှင့် ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိပြီး ချုပ်ချယ်ကန့်သတ်သည့် ဥပဒေများထုတ်ပြန်ခြင်းလုံးဝမပြုလုပ်ရန် မလိုကြောင်းသဘောထားကို ကျွုန်ုပ်တို့ ပဲခူး
တိုင်းအနောက်ခြမ်းရှိ လူမှုရေးအသင်းအဖွဲ့များ အားလုံးမှ ကန့်ကွက်ရန်မရှိ၊ချွင်းချက်မရှိ ထောက်ခံကြောင်းကြေငြာလိုက်သည်။

၂။အကယ်၍ အသင်းအဖွဲ့ဥပဒေအသစ် မဖြစ်မနေပြဌာန်းရပါလျှင်လည်း အသင်းအဖွဲ့များအပေါ် ချုပ်ချယ်ကန့်သတ်သည့် ဥပဒေ နှင့် အခြားနည်းဖြင့် တစ်ဖက်လှည့်၍ ထုတ်ပြန်သည့် အမျိုးမျိုးသော နည်းဥပဒေ၊လုပ်ထုံး
လုပ်နည်း၊အမိန့်ကြော်ငြာစာ၊ညွှန်ကြားစာများအား ထုတ်ပြန်ခြင်း မပြုရန် နှင့် လှုမှုရေးအသင်းအဖွဲ့များအား ထောက်ပံ့ကူညီအားပေးနိုင်သော ဥပဒေ နှင့် နည်းဥပဒေ များသာထုတ်ပြန်ရန် ကျွန်ုပ်တို့ ပဲခူးတိုင်းအနောက်ခြမ်း
လူမှုရေးအသင်းအဖွဲ့ အားလုံးမှ ပြည်သူ့လွှတ်တော် ဥပဒေပြုရေးကော်မတီ သို့ တောင်းဆိုလိုက်သည်။ လူမှုရေးအသင်းအဖွဲ့များ(ပဲခူးတိုင်းအနောက်ခြမ်း) ဟုသတင်းရရှိခဲ့ပါသည်။ အဆိုပါ သဘောထားကြေငြာချက် နှင့် ဆပ်
လျဉ်းပြီး( မိုးမေတ္တာ ပရဟိတလူငယ်သွေးအလှုရှင်များအသင်း) မှ တာဝန်ရှိသူ ဦးညီညီအောင် အားပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့ရာ ..(xxxxx ယနေ့ပြုလုပ်တဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမှုကျမ်းဆွေးနွေးပွဲကြီးက ဒုတိယ အကြိမ်ပါ
ဒီဒုတိယအကြိမ် မှာ ပဲခူးတိုင်းအနောက်ခြမ်းက အသင်းအဖွဲ့ပေါင်း(၅၀)လောက်ကိုဖိတ်ကြားထားခဲ့တယ် (၁၉.၈.၂၀၁၃)ရက်နေ့ မှာထုတ်တဲ့ ဥပဒေကျမ်းက တရားဝင်တော့မထုတ်ပြန်ရသေးပါဘူး ပြည်သူ့လွှတ်တော်ဝက်ဆိုဒ်
ကနေကူးယူပြီး သုံးသပ်တာပါ ပထမအကြိမ်အသင်းအဖွဲ့ဆိုင်ရာဥပဒေမှုကျမ်းကိုတော့ ဒီနေရာမှာပဲ (၁၃.၈.၂၀၁၃)ရက်နေ့မှာ ဆွေးနွေးသွားခဲ့ပါတယ် ယနေ့ဒုတိယအကြိမ်ဆွေးနွေးသွားခဲ့တာပါ လာမည့် (၈.၉.၂၀၁၃)ရက်နေ့
မှာ နာရေးကူညီမှု့အသင်းအဖွဲ့(ရန်ကုန်) မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ညီလာခံပုံစံမျိုး တင်သွင်းသွားမှာပါ ပဲခူးတိုင်းအနောက်ခြမ်းရဲ့ ကြေငြာချက်ကိုတင်သွင်းမယ့် ကိုယ်စားလှယ်တစ်ဦးကိုလည်းရွေးချယ်ထားပြီးဖြစ်ပါတယ်
ကိုယ်စားလှယ်ကတော့( ပြည်မြို့ ဂရုဏာလက်များကွန်ယက်) မှ မစုဝေဖြိုး ကိုရွေးချယ်ထားပါတယ် လူမှုရေးအသင်းအဖွဲ့အနေနဲ့ ၈.၉.၂၀၁၃ ရက်နေ့ နာရေးကူညီမှု့အသင်း(ရန်ကုန်) မှာရွေးချယ်ထားတဲ့ ကိုယ်စားလှယ်များက
ဆွေးနွေးထားတဲ့ လူမှုရေးအသင်းအဖွဲ့ဆိုင်ရာသဘောထား ကြေငြာစာတမ်းကို တင်သွင်းဖတ်ကြားပြီး ဘုံကြေငြာချက်ထွက်လာမှာဖြစ်ပါတယ် ဒီလိုဘုံကြေငြာချက်ထွက်လာပြီးရင်တော့ ထွက်လာတဲ့ဘုံကြေငြာချက်ကို ( နိုင်ငံတော်
သမ္မတ ၊ လွှတ်တော် ၊ သံရုံးတွေကိုအကုန်ပေးပို့သွားမှာပါ xxxxx ဟု( မိုးမေတ္တာ ပရဟိတလူငယ်သွေးအလှုရှင်များအသင်း) မှ တာဝန်ရှိသူ ဦးညီညီအောင် မှ ပြည်သတင်း သို့ပြောကြားသွားခဲ့သည်။

အဆိုပါ မိုးမေတ္တာ ပရဟိတလူငယ်သွေးအလှုရှင်များအသင်းကို (၁၃.၇.၂၀၁၀)ရက်နေ့မှာ ပြည်မြို့တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်အထိ လူနာပေါင်း(၂၀၀၀၀)ကျော် (နှစ်သောင်း)ကျော် နှင့် ယနေ့အချိန်အထိသွေး
အလုံးရည်စုစုပေါင်း(၄၀၀၀)ခန့်(လေးထောင်ခန့်)လှုဒါန်းပြီးဖြစ်ကြောင်း မိုးမေတ္တာ ပရဟိတလူငယ်သွေးအလှုရှင်များအသင်း နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ယခုလက်ရှိ အလုပ်အမှု့ဆောင်(၁၁)ဦး၊အသင်းအဖွဲ့ဝင်(၁၅၀)ကျော်ဖြင့်
ဖွဲ့စည်းထားကြောင်း ( မိုးမေတ္တာ ပရဟိတလူငယ်သွေးအလှုရှင်များအသင်း) မှ တာဝန်ရှိသူ ဦးညီညီအောင် မှ ပြည်သတင်း သို့ပြောကြားသွားခဲ့သည်။

နောက်ဆက်တွဲသတင်းအနေဖြင့်တစ်ပါတည်းတင်ပြရပါလျှင် မနက်ဖြန်(၅.၉.၂၀၁၃) ရက်နေ့ မနက်(၇း၄၅)အချိန်တွင် (ရန်ကုန် နာရေးကူညီမှု့အသင်း ဥက္ကဌ..ဦးကျော်သူ)၏ စကျင်ကျောက်ရုပ်တုကိုယ်တစ်ပိုင်းပုံ အမြင့်ပေ
(၃)ပေ အကျယ်ပေ(၂ပေခွဲ)ရှိ (ရန်ကုန် နာရေးကူညီမှု့အသင်း ဥက္ကဌ..ဦးကျော်သူ)၏ စကျင်ကျောက်ရုပ်တုကိုယ်တစ်ပိုင်းပုံကို စကျင်မြို့ မှ ကရိန်းကား(အလတ်)ဖြင့် စတင်သယ်ဆောင်လာမှာဖြစ်ပြီး မန္တလေး၊မိတ္ထီလာ၊ကျောက်ပန်း
တောင်း၊မကွေး၊တောင်တွင်းကြီး၊အောင်လံ၊ပြည် မှ ရန်ကုန်မြို့သို့ သယ်ဆောင်လာမှာဖြစ်ပြီး ပြည်မြို့သို့ (၅.၉.၂၀၁၃)ရက်နေ့ မနက်ဖြန်ည(၈း၀၀)၀န်းကျင်ခန့်အချိန်တွင် ရောက်ရှိမည်ဟုသိရပါသည်။ အဆိုပါ (ရန်ကုန် နာရေးကူညီမှု့
အသင်း ဥက္ကဌ..ဦးကျော်သူ)၏ စကျင်ကျောက်ရုပ်တုကိုယ်တစ်ပိုင်းပုံကို စကျင်မြို့ နာရေးကူညီမှု့အသင်း မှ လှုဒါန်းထားကြောင်း ( မိုးမေတ္တာ ပရဟိတလူငယ်သွေးအလှုရှင်များအသင်း) မှ တာဝန်ရှိသူ ဦးညီညီအောင် မှ ပြည်သတင်း
သို့ပြောကြားသွားခဲ့သည်။ ပြည်သတင်း.....

0 comments:

Post a Comment

Facebook Like Page