Friday, August 9, 2013

ဆိုင်ကယ်တိုက်မှုကြောင့်လူတစ်ဦးသေဆုံး

Leave a Comment
ဆိုင်ကယ်တိုက်မှုကြောင့်လူတစ်ဦးသေဆုံး
ပဲခူးတိုင်းဒေသကြီးအနောက်၊ ပြည်မြို့တွင် ၃၁.၇.၂၀၁၃ နေ့၌ ဆိုင်ကယ်တိုက်၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။ ဇူလိုင် ၃၁ ရက် ည ၁၀ နာရီခန့်အချိန်က ပြည်မြို့ ရွာဘဲရပ်ကွက် ရတနာမာန်အောင်လမ်း စည်ပင်သာယာဝန်ထမ်းအိမ်ရာရှေ့တွင် အသက် (၄၀) ခန့်ရှိ အမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံးခဲ့ကြောင်းသိရှိရပါသည်။ သေဆုံးသူ၏ အမည်နှင့်နေရပ်ကို စိစစ်ဆဲဖြစ်ကြောင်းသိရှိရပါသည်။ ၄င်းသေဆုံးမှုနှင့်ပတ်သက်၍ ပြည်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှုရုံးမှ တပ်ဖွဲ့ဝင်များသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူအမျိုးသားတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာရင်ဘတ်ပေါ်တွင် ဆိုင်ကယ်ဘီးရာတို့ဖြင့် လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
ကြေးမုံ
Pyay City

0 comments:

Post a Comment

Facebook Like Page