Thursday, August 1, 2013
မူးလို့မောင်းတဲ့သူနောက်ကလိုက်တော့ မမောင်းလည်းသေခဲ့ရတာပေါ့(ဆိုင်ကယ်ဦးထုပ်ဆောင့်ကြပါ)...ပြည်သတင်း...
Leave a Comment
ဇူလိုင်.၂၄
          ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ရွှေတောင်မြို့နယ် နွားမယံ စံပြကျေးရွာအုပ်စု နတ်မှော်ကျေးရွာ
ပြည်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် ၆/၁၇၄ တွင် ဆိုင်ကယ်နောက်မှ လိုက်ပါလာသူပြုတ်ကျပြီး ဆိုင်
ကယ်မောင်းသူ တိမ်းမှောက်သွားကြောင်း သတင်းရရှိခဲ့ပါသည်။
          ဖြစ်စဉ်မှာ ဇူလိုင်(၂၃)ရက်နေ့ ညနေ(၃)နာရီခန့်က ပြည်မှပေါင်းတည် သို့ သက်နောင်ဦး(၁၉)နှစ် (ဘ)
ဦးနိုင်ဦး  ပေါင်းတည်နေသူမောင်းနှင်ပြီး နောက်တွင် ၀င်းထွန်း (ဘ)ဦးညီပု (၃၅) နှစ် နတ်ပုတီးကျေးရွာ ပေါင်း
တည်မြို့နေသူ လိုက်ပါလျှက် မောင်းနှင်လာသော ဆိုင်ကယ်အမှတ် ပမ/၄၆၅၅၂   Kenbo(အနက်ရောင်)ဆိုင်
ကယ်ပေါ်မှ ပြုတ်ကျသွားသည်ကို နောက်သို့လှည့်ကြည့်ရာ ဆိုင်ကယ်မထိန်းနိုင်ပဲ တိမ်းမှောက်သွားခဲ့သည်။
         ယင်းဆိုင်ကယ်တိမ်းမှောက်မူ့ကြောင့် အရက်သောက်ပြီး ဆိုင်ကယ်မောင်းနှင်လာသူ သက်ဦးနောင်မှ
ပွန်းပဲ့ဒဏ်ရာများသာ ရရှိပြီး နောက်မှ လိုက်ပါလာသူ ၀င်ထွန်းမှာ ဦးခေါင်း၊ရင်ဘတ်တို့တွင် ဒဏ်ရာရရှိပြီး
(စိုးရိမ်ရ) သတိလစ်နေသည့်အတွက် နတ်မှော်ကျေးရွာမှ ပြည်သူများက  ရွှေတောင်မြို့ ပရဟိတ နာရေးကူ
ညီမူ့အသင်းသို့  ဖုန်းဖြင့်အကြောင်းကြားရာ နာရေးကူညီမူ့အသင်းမှ ရွှေတောင်ပြည်သူ့ဆေးရုံကြီးသို့ ပို့
ဆောင်ပေးခဲ့ပါသည်။ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးဝါးကုသပြီး ညနေ(၄း၃၀)ခန့်အချိန်တွင်
ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ရွှေ့ပြောင်းတင်ပို့ခဲ့ရာ ညနေ(၅း၀၀)နာရီချိန်တွင် သေဆုံးသွားခဲ့
ပါသည်။
            ထို့ကြောင့် အရက်သောက်ပြီး ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ  သက်နောင်ဦး ကို ယာဉ်ထိမ်းရဲ
တပ်ဖွဲ့မှ  ဒုရဲအုပ်တင်အောင်မိုး မှ (ပ) ၂၃/၂၀၁၃ ပြစ်မူ့ပုဒ်မ ၃၀၄ (က) ဖြင့် အမှူ့ဖွင့်အရေးယူဆောင်ရွက်
ထားကြောင်းသိ၇ပါသည်။
လိုက်နာခဲ့ပါလျှင် မတော်တဆ ယာဉ်တိမ်းမှောက်ခဲ့လျှင်တောင်မှ ဦးထုပ်ဆောင်းထားခြင်းဖြစ်သည့်အတွက်
သေကံမရောက် သက်မပျောက်နိုင်ပါကြောင်း နယ်မြေခံ ဦးမင်းမော်မှ  ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။
0 comments:
Post a Comment
Facebook Like Page