Monday, August 12, 2013

ပြည်မြို့တွင် (အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေကြမ်း) နှင့်ဆိုင်ရာများဆွေးနွေးသွား

Leave a Comment













ပြည်မြို့တွင် (အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေကြမ်း) နှင့်ဆိုင်ရာများဆွေးနွေးသွား
****************************************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ် ရွာဘဲနယ်မြေ ရတနာမာန်အောင်ကျောင်းဝန်း အတွင်းရှိ ဓမ္မာရုံတွင် အဆိုပါအခမ်းအနားကို အစီအစဉ်(၇)ခုဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် တက်ရောက်သူစုစုပေါင်းလူဦးရည်(၁၀၈) ဦးခန့်
တက်ေ၇ာက်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်အသီးသီးမှ အသင်းအဖွဲ့ပေါင်း(၄၉)သင်း ကျော်တက်ရောက်ဆွေးနွေးခဲ့သည်။ အဆိုပါ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း မှာပါရှိသော( အခန်း(၁) အပိုဒ်(ဃ)တွင်ပါရှိသော( အသင်းအဖွဲ့) ဆိုသည်မှာ အမည်
သီးခြားရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေး တို့ကို မထိခိုက်စေဘဲ ရည်ရွယ်ချက်တစ်ခုခု သို့မဟုတ် လုပ်ငန်းစဉ်တစ်ခုခုအတွက် ဆန္ဒတူသည့်လူအများ စုပေါင်းဖွဲ့စည်းထားသော အသင်းအဖွဲ့
၊အစည်းအရုံး၊သမဂ္ဂ၊ကော်မတီ၊ဖောင်ဒေးရှင်း၊ကွန်ရက်၊အဖွဲ့ချုပ်၊အသင်းအစု နှင့် အလားတူပြည်တွင်း၌ ဖွဲ့စည်းထားသော အသင်းအဖွဲ့ကိုဆိုလိုသည်။ ယင်းစကားရပ်တွင် အသင်းအဖွဲ့၏ အဖွဲ့ခွဲများ၊နိုင်ငံတကာ တကာအစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့်
ယင်းတို့၏ အဖွဲ့ခွဲများလည်းပါဝင်သည်။ ဟုဆိုသောစာတမ်းပါ အချက်များနှင့် အခန်း(၁) အပိုဒ်(စ)တွင်ပါရှိသော (ဖွဲ့စည်းခွင့်လက်မှတ်) ဆိုသည်မှာ ဗဟိုအဖွဲ့က အသင်းအဖွဲ့များအား ထုပ်ပေးသော အသင်းအဖွဲ့အဖြစ် ဖွဲ့စည်းခွင့်ပြုသည့် ခွင့်ပြုချက်ကိုဆိုလိုသည်။
ဟူသောစာတမ်းပါအချက်များကို ဦးစားပေးဆွေးနွေးသွားကြပါသည်။ အဆိုပါ အခမ်းအနားကို ဒီကနေ့မနက် 13.8.2013 ရက်နေ့ မနက်(10း00) နာရီမှာစတင်ခဲ့ပြီး အဆိုပါအခမ်းအနားအား ပြည်မြို့ မိုးမေတ္တာ ပရဟိတလူငယ်သွေးလှုရှင်များအသင်း မှ ဦး
စီးကျင်းပသွားခဲ့ပါကြောင်းသတင်းရရှိခဲ့ပါသည်။ပြည်သတင်း...


0 comments:

Post a Comment

Facebook Like Page