ဇူလိုင် ၂၇
SSA (ရွက်ဆစ်) အဖွဲ့တစ်ဖွဲ့သည်
မိုင်းယောင်းမြို့နယ် အတွင်းရှိ ကျေးရွာများသို့ ဇူလိုင် ၂၄ ရက်၊
ညနေပိုင်း တွင် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်၍ ဝင်ရောက်လာပြီး ည ၈
နာရီခန့်တွင် ဝမ်ဒေ ကျေးရွာမှ ရွာသား ၂၈ ဦး၊ ည ၉ နာရီ ခန့်တွင် ဝမ်ကြူး
ကျေးရွာမှ ရွာသား ၉ ဦး၊ ည ၁ဝ နာရီခန့်တွင် ဝမ်မိုင် ကျေးရွာမှ ရွာသား ၁၈
ဦး၊ စုစုပေါင်း ၅၅ ဦးအား အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ယင်းကဲ့သို့ အပြစ်မဲ့ ကျေးရွာသူ၊
ကျေးရွာသား များအား လက်နက် အားကိုးဖြင့် အဓမ္မ ခေါ်ဆောင် သွားမှုကြောင့်
မိသားစုဝင်များ အနေဖြင့် စိုးရိမ်သောက ရောက်နေကြပြီး ဒေသခံ
ပြည်သူများမှလည်း လာရောက် သတင်းပို့သဖြင့် တပ်မတော် စစ်ကြောင်းများမှ
လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment