Thursday, July 4, 2013

ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက် ကုလသမဂ္ဂ ထောင်စုနှစ် ပန်းတိုင် သတ်မှတ်ပေးရန် နိုင်ငံ အကြီးအကဲများ တောင်းဆို

Leave a Comment
ကုလသမဂ္ဂ အနေဖြင့် ၂၀၃၀ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှုများ ပပျောက်ရေး အတွက် ရည်မှန်းချက် ချမှတ် ဆောင်ရွက်သွားရန် ဗြိတိန်နိုင်ငံ ၊ အင်ဒိုနီးရှား နိုင်ငံနှင့် လိုင်ဘေးရီးယား နိုင်ငံ ခေါင်းဆောင် များမှ

 တိုက်တွန်း ပြောကြားလိုက်သည်။





၂၀၁၅ ခုနှစ်အတွက် ရည်မှန်းချက်ထားခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင်များတွင် အဆိုပါ အချက်အား အစားထိုး ထည့်သွင်းရန် အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘန်းဘန်း ၊ လိုင်ဘေးရီးယား သမ္မတ အီလန်နှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကန်မရွန်တို့မှ စာတမ်းတစ်စောင် ပြုစုကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းထံသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ အဆိုးရွားဆုံး ဆင်းရဲမှုကို လျှော့ချနိုင်ရန် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ပြောင်းလဲရန် ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရန် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ထားရှိ သတ်မှတ်ပြီး နိုင်ငံအစိုးရများ အချင်းချင်းမှလည်း လက်တွဲ ပါဝင် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။




0 comments:

Post a Comment

Facebook Like Page