Saturday, July 27, 2013

မကွေးမြို့ရပ်ကွက်အချို့တွင် တန်ဖိုးနည်းဆင်းကဒ်လျောက်ထားခြင်းအငြင်းပွားမှုရှိလာသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တာဝန်ယူစေခြင်းမပြုတော့ဘဲ မြန်မာ့ဆက်သွယ်ရေးရုံးမှ လျှောက်လွှာများလက်ခံဆောင်ရွက်ပေးနေ

Leave a Comment


0728phone
မကွေး- ဇူလိုင်၂၇

တန်ဖိုးနည်းဆင်းကဒ်များကို ဆက်လက်ရောင်းချပေးမည်ဖြစ်ရာ မကွေးမြို့ပေါ်တွင် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများမှ တာဝန်ယူချထားပေးခြင်းမျိုးမဟုတ်ပဲ မြန်မာ့ဆက်သွယ်ရေးရုံးမှ တိုက်ရိုက် တာဝန်ယူဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။ “ကျနော်တို့ရပ်ကွက်ကအသံချဲ့စက်နဲ့ညကကြေညာတယ်၊ ဆယ်အိမ်မှူးတွေကလည်း စနေတနင်္ဂနွေ(၂)ရက်အတွင်း အပြီးလျှောက်လွာတင်ရမယ်ပြောလို့လာတင်တာပါ”ဟုမြင်သာရပ်ကွက်နေပြည် သူတစ်ဦးမှပြောပြခဲ့သည်။


ယခင် CDMA ဆင်းကဒ်များ ချထားပေးရာတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တာဝန်ယူခဲ့သော်လည်း၊ အငြင်းပွားမှု ၊ အဂတိလိုက်စားမှုများ ရှိလာသဖြင့်မြန်မာ့ဆက်သွယ်ရေးရုံးသို့လွှဲပြောင်းတာ ၀န်ယူ ခိုင်းရခြင်းဖြစ်သည်ဟု သိရသည်။ “ရပ်ကွက်က ဒီမှာလျှောက်လွှာပေးပါ ဆိုလို့လာထပ်တာ၊ ခုတော့ပြန်ပေးနေတယ်၊ ကျမတို့နား မလည်တော့ဘူး၊ တစ်ရပ်ကွက်ခြင်းပေါင်းထပ်ပါပြောနေတယ် ၊ပေးကောပေးမှာလား”ဟုစိတ်ဆန္ဒစောလျှက်ရှိ သူပြည်သူတစ်ဦးမှ ယုံမှားသံသယဖြစ်လျှက်ရှိသည်။ “လျှောက်လွှာအားလုံးကိုလက်ခံထားမှာပါ၊ ရပ်ကွက်အလိုက်ပြန်ခွဲရမယ် ၊နောက်ရပြီးသားမရ
သေးသူကိုစီစစ်ရမယ်၊ ခါတိုင်းလိုရပ်ကွက်ကနေ တဆင့်ဆိုရင်ပိုမြန်တာပေါ့၊ ဒီမှာတော့ားလုံးကိုစစ်ရမှာဆိုတော့ကြာမယ်၊”ဟုမြန်မာ့ဆက်သွယ်ရေးမြို့ နယ်မန်နေဂျာဦးသန်းဦးမှရှင်းပြခဲသည်။


ယခင် Simcard များချထားစဉ်က ပြင်မှ ၀ယ်ယူသူများရှိခဲ့ရာ ဆင်းကဒ်တစ်ခုလျှင် ကျပ် (၇၀၀၀၀) ထိပေါက်ခဲ့၍ အရောင်းအ၀ယ်ဖြစ်သည်ဆိုသော အသိက လူတိုင်းမှ ဆင်းကဒ်ရရှိနိုင်ရန် စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း မိုဘိုင်းဆိုင်ရှင်တစ်ဦးကပြောသည်။ ရုံးဝန်ထမ်းများလျှေက်ထားခြင်း က ဇူလိုင်၂၆နေ့ကတည်းကလက်ခံခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ယခုတစ်ကြိမ်ချထားမှုတွင် GSM ဆင်းကဒ်အလုံးရေ(၁၀၀၀၀)နှင့် CDMA ဆင်းကဒ် အလုံးရေ(၁၀၁၅၀) ဖြစ်ပြီးစုစုပေါင်း(၂၀၁၅၀) ချထားပေးမည်ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လက်ထောက် ညွှန်ကြားရေးမှူးဦးအောင်ဝင်းက ဖြေကြားသည်။

Credit: ဦးမင်း/ Popular Myanmar News Journal

0 comments:

Post a Comment

Facebook Like Page