ပဲခူးတိုင်းဒေသကြီး(နောက်)
ပြည်ခရိုင် သဲကုန်းမြို့နယ် အုပ်ဖိုအုပ်စု သင်တောကျေးရွာမှာ 28.6.2013
ရက်နေ့ ညနေပိုင်မှာ မိုးကျရေ နှင့် ဆည်မှလွှတ်သောရေးများ ပေါင်းစီးပြီး
ချောင်းမြောင်းများ ပိတ်ဆို့ပြီး ရွာထဲနှင့် လယ်မြေများပေါ်
ရေများလွှမ်းမိုးမှု့ကြောင့် တောင်သူတွေအခက်တွေ့နေရ...
28.6.2013 ရက်နေ့မိုးရွာတယ် အဲလိုမိုးရွာတော့ ဆည်ကပါရောပြီးရေတွေလွှတ်လိုက်ပါတယ် ဒါ့ကြောင့်လယ်တွေထဲရောရွာတွေထဲပါရေလွှမ်းမိုးခဲ့ရပါတယ်
ကျွန်တော့က အုပ်ဖိုအုပ်စု သင်တောရွာ သဲကုန်းမြို့နယ်ကပါ ကျွန်တော်တို့က
(၆)ရွာ(၁)အုပ်စုပါ အောင်ကုန်းရွာ ၊ အုပ်ဖိုရွာ ၊ သင်တောရွာ ၊
ကန်စွန်းအင်းရွာ ၊ ရင်းတိုက်ရွာ ၊ နှောကုန်း၇ွာ (၆)ရွာ(၁)အုပ်စုပါ
အဆိုးဆုံးကတော့ ကျွန်တော်တို့ သင်တောရွာနှင့် အောင်ကုန်းရွာက ပိုဆိုးပါတယ်
သုံးအုပ်စုပေါင်း လယ်မြေဧကပေါင်း(၂၀၀)ကျော် ပျတ်စီးဆုံးရှုံးခဲ့ကြရပါတယ
် မိုးကရွာတာနည်းနည်း ဆည်ကရေလွှတ်လိုက်တာကများသွားတာပါ ပြီးတော့ (သမ.လီမိတက်.၃)ကဦးထိုင်ထိုင်က မီးလောင်ချောင်းကိုပေ(၂၀)လောက်ကျူးပြီးမြေခိုးသွားတော့
ရေသွားရေလာမြောင်း ကျဉ်းသွားခဲ့ရပါတယ် အစက ဒီမီးလောင်ချောင်းဟာ အကျယ်
(၅၀)ပေ ခန့်ရှိပါတယ် အခုတော့ ဦးထိုင်ထိုင် သ.မ လီမိတက်.(၃)
ကချောင်းအလယ်လောက်ထိမြေကို ခိုးယူလိုက်တဲ့အတွက် ချောင်းကရေထောက်ပြီး
ရွာတွေထဲရေ၀င် ပျိုးခင်းတွေထဲရေ၀င်နဲ့ ဆုံးရှုံးလိုက်ကြတာမပြောတတ်အောင်ပါပဲ ကျန်းမာရေးတွေကတော့ ခြင်တွေတော်တော်ကိုက်လာပါပြီ သောက်သုံးရေအဆင်မပြေပါဘူး ကလေးတွေကျောင်းကိုလည်းရေတွေဝင်နေလို့ ကျောင်းကိုလည်းးပိတ်ထားရပါတယ် ဌာနဆိုင်ရာတွေကိုအရင်ကတော့ပြောပြခဲ့ဘူးပါတယ် လာကြည့်တယ် ပြန်သွားတယ် ဘာမှမထူးခြားခဲ့ပါဘူး ဒီမီးလောင်ချောင်းကိုလည်း ပြန်ဖော်ပေးမယ်လို့ပြောပြီးဘာမှ မဖော်ပေးခဲ့ပါဘူး စာဝတ်နေရေးကတော့တွေးသာကြည့်ပါ ကျွန်တော်တို့တောင်သူတွေဟာဒီလယ်တွေနဲ့ ရှာဖွေစားသောက်နေရပါတယ် လယ်တွေထဲရေ၀င်လာတော့ လယ်တွေပျတ်စီးလို့ ပျိုးတွေဆုံးရှုံးသွားခဲ့ရသလို
စိုက်ထားတဲ့ နွေစပါး (နောက်ကျစိုက်တဲ့နွေစပါး) တွေပျတ်စီးခဲ့ရပါတယ်
အခုတော့ ဖားရှာငါးရှာနဲ့ အသက်မွေးနေရပါတယ် ဌာနဆိုင်ရာတွေကိုလည်းတင်ပြခြင်ပါတယ် ကျွန်တော်တို့ ရွာတွေကို အမြန်ဆုံးလာရောက်ဖြေရှင်းပေးကြပါအုံးလို့ အဓိက ကတော့ အင်းမဆည်ကြီးရယ် ဦးထိုင်ထိုင်ရဲ့ ပိုင်စိုးထားတဲ့ ကျွန်တော်တို့ မီးလောင်ချောင်းကြီးကိုအရင်လို ရေစီးရေလာကောင်းအောင် ပြုပြင်ပေးကြပါလို့ပြောချင်ပါတယ်......ပြည်ခရိုင် သဲကုန်းမြို့နယ် အုပ်ဖိုအုပ်စု သင်တောကျေးရွာမှ ကိုခင်ထွန်း၏ ပြောကြားချက်......
0 comments:
Post a Comment