Sunday, November 22, 2015

မြို့တွင်း လှည့်လည်ပူဇော်ခံမည့် ပြည်မြို့ လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်ကာ ယာယီကိန်းဝပ် စံပါယ်မည့် စံကျောင်းတွင် စတင်ပူဇော်ခံ ထားရှိ

Leave a Comment



ပဲခူတိုင်း အနောက်ပိုင်း ဒေသကြီး၊ ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓမြတ်စွယ်တော် မူလစံတော်မူရာ စွယ်တော်တိုက်တွင်းမှ ပင့်ဆောင်ကာ၊ ယာယီကိန်းဝပ် စံပါယ်တော်မူမည့် စံကျောင်းတွင် စတင်ပူဇော်ခံ ထားရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြတ်စွယ်တော် ပင့်ဆောင်ပူဇော်ခံပွဲကို နိုဝင်ဘာလ ၂၂ ရက် (တန်ဆောင်မုန်းလဆန်း ဆယ့်တစ်ရက်)၊ ညနေငါးနာရီက ရွှေဆံတော် စေတီမြတ်ကြီး ရင်ပြင်တော် ကျားပျံမကောက် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကာ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်ဖွင့်လှစ် ပူဇော်ခံထားရှိခဲ့ခြင်း ဖြစ်သည်။

မြတ်စွယ်တော်အား ယင်းယာယီကိန်းဝပ် စံပါယ်ရာ စံကျောင်းတော်တွင် ထားရှိမည်ဖြစ်ကာ နိုဝင်ဘာလ ၂၄ ရက် (တန်ဆောင်မုန်းလဆန်း ဆယ့်သုံးရက်)နေ့တွင် မြို့တွင်းလှည့်လည် ပူဇော်ခံသွားမည်ဖြစ်ပြီး စွယ်တော်အား ပင့်ဆောင်ပူဇော်ရာတွင် စည်တော်ယိမ်း၊ လှေလှော်ယိမ်းတို့က စွယ်တော်ကို ပင့်ဆောင်လာမည်ဖြစ်ပြီး အခြားအလှပြယိမ်းတို့မှ နောက်တွင်ခြံရံကာ လိုက်ပါမည်ဖြစ်ကြောင်း သိရသည်။

■ ဝေလင်း (ပြည်)


0 comments:

Post a Comment

Facebook Like Page