Friday, October 17, 2014

ပြည့်မြို့၊ အမှတ်(၉၅၉)၊လျှပ်စစ်အင်ဂျင်နီယာတပ်ရင်းမှ တပ်သိမ်းမြေများ ပြန်လည်စွန့်လွှတ်ခြင်းကို ကျေးရွှာအုပ်ချူပ်ရေးမှူးလယ်/စီ ဥက္ကဌ ဦးအောင်ေ သာင်းမှရွှေပြည်မြေကုမ္ပဏီ ဒါရိုက်တာဦးဝင်းစိန် အား(၄၇.၉၂)ဧကကိုချ ထားပေးမှူ အားမကျေနပ်စွာကန့်ကွက်ကြောင်းဝန်ကြီးချုပ်အထိတိုင်တန်း

Leave a Comment




ပြည့်မြို့၊ အမှတ်(၉၅၉)၊လျှပ်စစ်အင်ဂျင်နီယာတပ်ရင်းမှ တပ်သိမ်းမြေများ ပြန်လည်စွန့်လွှတ်ခြင်းကို ကျေးရွှာအုပ်ချူပ်ရေးမှူးလယ်/စီ ဥက္ကဌ ဦးအောင်ေ
သာင်းမှရွှေပြည်မြေကုမ္ပဏီ ဒါရိုက်တာဦးဝင်းစိန် အား(၄၇.၉၂)ဧကကိုချ
ထားပေးမှူ အားမကျေနပ်စွာကန့်ကွက်ကြောင်းဝန်ကြီးချုပ်အထိတိုင်တန်း

ကျွန်တော်သည် ကျောသာအုပ်စု၊ကောက်ပင်းကွင်းရွာတွင် မွေးဖွားပြီး ကောက်
ပင်းကွင်းရွာသား တစ်ဦးဖြစ်ပါသည်။ အဖအမည်မှာ ဦးလှမြင့်ကြီး၊ မှတ်ပုံတင်

အမှတ်၇/ပမန(နိုင်)၀၉၄၅၉၈ဖြစ်ပါ သည်။ကျွန်တော်၏ဖခင်ဦးလှမြင့်ကြီး၏လ
ယ်မြေ(၁၄.၀၀) ဧကခန့်ကိုကျွန်တော်အား တစ်ဝက်ခွဲ ၍လုပ်ကိုင်စေခဲ့ပါသည်။ 
တပ်မြေပုံပေါ်တွင်လည်း ကျွန်တော်ဖခင်အမည်လည်ပါရှိပါသည်။

ယခု အခါတွင် ဦးလှမြင့်ကြီးအမည်သာပါရှိသည်ဟုဆိုပြီးငွေပေးချေခဲ့ပါသည်။ 
ကျွန်တော်မိဘနှင့်လုပ် ကိုင်စားသော မိဘပိုင်မြေအား (၁၄.၀၀) ခန့်မှ (၆.၀၀)
ကိုသာငွေပေးချေ၍ ကျွန်တော်လျှောက် တင်ထားသောမြေဧက (၇.၀၀)ဧကအား
ကျောသာကျေးရွှာအုပ်ချူပ်ရေးမှူး ဦးအောင်သောင်းမှ ရွှေပြည်မြေဒါရိုက်တာ ဦးဝ
င်းစိန်အား (၄၇.၉၂)ဧက ထည့်သွင်းချထားပေးမှူအား မကျေနပ်စွာ (အထူး) ကန့်
ကွက်ကြောင်း တင်ပြအပ်ပါသည်ဟုကန့်ကွက်ကြောင်း ၀န်ကြီးချုပ် အထိတိုင်တန်း
ရေးသားထားသော အကြောင်းအရာဖြစ်ပါသည်။


ထို့ကြောင့်တောင်သူ၏ကန့်ကွက်မှုအားအထက်လူကြီးများသိရှိစေရန်တင်ပြခြင်းနှ
င့်အမှန်တရားအတိုင်းဖြစ်စေရန်ထပ်မံတင်ပြရခြင်းဖြစ်ပါသည်။

 ဦးကိုနိုင်
ကန့်ကွက်သူတောင်သူ
၇/ပမန(နိုင်၁၃၀၂၉၆
ဖုန်း ၀၉ ၂၅၁၁၀၅၇၀၁
ကျောသာအုပ်စု ကောက်ပင်ကွင်း

မှတ်ချက်။              ။တောင်သူ၏ကန့်ကွက်စာအားထပ်မံဖော်ပြရခြင်းဖြစ်ပါသည်။


ထပ်မံဖော်ပြသူ  ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page