Monday, February 22, 2016

ပြည်

Leave a Comment


တပို့တွဲလပြည့်နေ့တွင် ထမင်းနဲထိုးပွဲများနှင့် ထူးခြားစွာဥာဏ်ရိုးပှုဇော်ပွဲ ပြည်ခရိုင်အတါင်းကျင်းပပြုလုပ်

သတင်းတို...

ပြည်၊ဖေဖော်ဝါရီ၊၂၃

ပဲခူးတိုင်းဒေသကြိး ပြည်ခရိုင်အတွင်းရှိ စေတီပုထိုးများတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၃း၃၀ မိနစ်အချိန်ခန့်မှစတင်ကာ တပို့လပြည့်နေ့အထိမ်းအမှတ်အနေဖြင့် ထမင်းနဲထိုးခြင်း နျင့် ဥာရိုးပှုဇော်ခြင်းများကို ယခင်နှစ်များထက်ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပြည်ခရိုင်အတွင်းရှိ စေတီပုထိုးများနှင့် သရေခေတ္တရာသာသနာအစ ဖိုးဦးတောင်မှ ဆိုသည့် စကားပုံရှိရာ ပြည်တစ်ဘက်ကမ်းရှိ ပန်းတောင်းမြို့နယ်အတွင်းမှ ဖိုးဦးတောင်စေတီတော်မြတ်ကြီးတွင် နှစ်စဉ် နှစ်တိုင်း ထမင်းနဲများ၊ဒန်ပေါက်များ၊အိန္ဒိယထမင်းဟင်း(ချစ်တီးထမင်း)များအား ကိုယ်တိုင်ပြုလုပ်ကာ ချက်ပြုပ်ကာ ဗုဒ္ဓမြတ်စွာဘုရားအားလှူဒါန်းဆပ်ကပ်ခြင်း၊ဘုရားဖူးလာပြည်သူများအား အလှူဒါနပြုခြင်းများကျင်းပပြုလုပ်ခဲ့သလို ထိုနည်းတူစွာ သရေခေတ္တရာပြည်မြို့ လေးဆူးဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် နှစ်စဉ်နှစ်တိုင်း ထမင်းနဲ့ထိုးပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ပြီး ဥာဏ်ရိုးပှုဇော်ပွဲကိုပါ ပူးတွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019



0 comments:

Post a Comment

Facebook Like Page