Thursday, September 18, 2014

ကိုယ်.ရှူးကိုယ်ပါတ် (ပြည်သတင်း/ဆောင်းပါး)

Leave a Comment

ကိုယ်.ရှူးကိုယ်ပါတ် (ပြည်သတင်း/ဆောင်းပါး)
*********************************

သရ၀ဏ်(ပြည်)

မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးပြသနာသည်တဖြည်းဖြည်းကြီးထွားလာနေသည် ။ယခင်ကမူးယစ်ဆေးဝါးဟုဆိုလိုက်သည်နှင်.ကျွန်တော်တို.သည် ဘိန်းဖြူ ၊ ဟီးရိုးရင်း ၊ No.(4) ၊ စသည်တို.ကိုသာပြေး၍မြင်မိကြသည် ။ထိုအရာများသည် သာမန်လူတန်းစားနှင်. အတော်အလှမ်းကွာသော နေရာများတွင်ရှိပါသည် ။ ကျွန်တော်.တစ်သက်တွင် ဘိန်းဖြူဟုခေါ်သောအမှုန်.များကို ရုပ်ရှင် ဗီဒီယိုများတွင်မှတစ်ပါး အပြင်တွင်တစ်ခါမှမမြင်ဖူးပါ ။ ဆေးခြောက်ကိုတော.မြင်ဖူးပါသည် ။ ကျွန်တော်တို.ငယ်စဉ် (၁၉၇၀/ ၈၀ ) ပြည်.ကာလများက ဆေးခြောက်ကိုတစ်ထုပ်ငါးကျပ်ဖြင်. ကွမ်းယာဆိုင်များမှာလွယ်ကူစွာပင်ဝယ်ယူရရှိခဲ. သည် ။ ထို.နောက် ဆေးခြောက်ခေတ်တိမ်ကောပပျောက်သွားပြီး ကိုမိုင်သာဇင် ချောင်းဆိုးပျောက်ဆေးကို မူးယစ်ဆေးအဖြစ် သောက်ကြသော (ကွန်ပစ်သည် ဟုခေါ်ကြသည် ) အလေ.အထဖြစ်ထွန်းလာသည် ။ ထို.နောက် အိမ်သုံးဆေးများကိုမူးယစ်ဆေးဝါးဖြစ် စပ်ဟပ်သောက်ကြရာမှ ဘောလုံးဟူသောဆေးတစ်မျိုးပေါ်လာသည် ။ ထိုဘောလုံးဆိုသောဆေးလုံးကလေးများကို အသောက်လွန်ရာမှ ပြည်မြို.တွင် မိန်းကလေးတစ်ဦး အသက်ဆုံးရှုံးသွားဖူးသည် ။ နောက်တော.ထိုသို.ဆေးချသောအလေ.အထမှာ တဖြည်းဖြည်းပျောက်ကွယ်သွားသည် ။ ရှမ်းပြည်နယ်ဘက်တွင်တော. ပြောင်းများဖြင်. ဘိန်းရှူသောအလေ.မှာဆက်လက်ကြီးထွားနေသည် ။ ယာမဟုခေါ်သော (ယာဘဟုလည်းခေါ်သည် ) စိတ်ကြွရူးသွပ်ဆေးပြားကို နယ်စပ်ဒေသနှင်.နီးသော ရှမ်းပြည်နယ် နယ်စပ်မြို.များတွင် စတင်သုံးစွဲလာကြသည် ။ ထိုစဉ်က ဤ ဆေးပြားများသည် မြန်မာပြည်မရှိ မြို.ကြီးပြကြီးများဆီသို.ကူးစက်ရောက်ရှိမသွားသေး ။ နယ်စပ်မှာပဲတနိုင်တပိုင် ထုတ်လုပ်သုံးစွဲနေသည်.အဆင်.မှာပင်ရှိသေးသည် ။ ထိုစဉ်က နိုင်ငံအုပ်ချုပ်ရေးစနစ်မှာ စစ်တပ်အုပ်ချုပ်ရေး ဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ၏အထက်တွင် တပ်မတော်ထောက်လှမ်းရေးကကြီးစိုးထားပါသည် ။
ထိုခေတ်ကတပ်နှင်.ပိုင်လျင်မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ဆောင်၍ ရပါသည် ။ထောက်လှမ်းရေးနှင်.ပိုင်လျင် ပို၍ပင် အဆင်ပြေစွာသယ်ဆောင်နိုင်ပါသည် ။ ဥပဒေစိုးမိုးရေးတာဝန်ယူထားသောရဲလက်တွင်အာဏာအနည်းငယ်သာရှိပါသည် ။ရဲသည် လက်လီရောင်းဝယ်သူဒိုင်ခွဲအသေးလေးများနှင်. တစ်ဦးချင်းသုံးစွဲသူများကိုသာ ဖမ်းဆီးအရေးယူနိုင်ပါသည် ။ ထိုသို.အာဏာအကန်.အသတ်ရှိသည်.အထဲကမှ သူတို.ကိုလိုင်းဝင်ထားသူဆိုလျင် မသိချင်ယောင်ဆောင်၍လွှတ်ထားသည်များပင်ရှိပါသည် ။
ပို၍ဆိုးသောအဖြစ်အပျက်များလည်းရှိပါသည် ။ တပ်မတော်ထောက်လှမ်းရေးတန်ခိုးထွားနေသောခေတ်တွင် ထောက်လှမ်းရေး ခေါင်းဆောင်ဗိုလ်ချုပ်ကြီးခင်ညွန်. မှဦးစီးပြီး တိုင်းရင်းသားလက်နက် ကိုင် အဖွဲ.များနှင်.ငြိမ်းချမ်းရေး ( တကယ်တော. အပစ်အခတ်ရပ်စဲရေး ) ဆွေးနွေးခဲ.သည် ။ ထိုစဉ်ကပြည်တွင်းပြည်ပ၌နိုင်ငံရေးသိက္ခာ ကျသထက်ကျနေသော စစ်အစိုးရသည် သူတို.၏နိုင်ငံရေးသိက္ခာတက်လာစေရန် ပြည်တွင်းလက်နက်ကိုင်အဖွဲ.များနှင်.သူတို.တပ်မတော်အစိုးရခေတ်တွင်မှ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီဟု ဂုဏ်အယူကြီးယူကာ တိုင်းရင်းသားတို.နှင်.အပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေးစာချုပ်များချုပ်နိုင်ခြင်းကို တပ်မတော်၏ အောင်မြင်မှုကြီးအဖြစ်ဝါဒဖြန်.ခဲ.ပါသည် ။ ဗိုလ်ချုပ်ခင်ညွန်.လည်း သူရဲကောင်းဖြစ်ကာမျက်နှာပန်းလှခဲ.ပါသည် ။
အမှန်စစ်စစ်တွင်ထိုအပစ်အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်များသည်မူမှန်သောစာချုပ်များမဟုတ်ပါ ။ တကယ်.အရေးပါသည်.နိုင်ငံရေး ကွဲပြားမှုများကိုမဆွေးနွေးပဲ ချန်ထားကာငါ.ကိုမင်းတို.မတိုက်နဲ.ငါတို.ကလဲမင်းတို.ကိုမတိုက်ဘူး ၊မင်းတို.နယ်မြေထဲမှာ လုပ်ချင်တာလုပ်ကြ ဟူသော မူမမှန်သည်.ကြိတ်ပုန်းသဘောတူညီချက်များသာဖြစ်သည် ။ ထို.ကြောင်.ပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.များနှင်.ဘာတွေဆွေးနွေး၍ ဘာတွေသဘောတူညီခဲ.သည်ဆိုခြင်းကို မြန်မာပြည်သူတွေကိုလည်း ပွင်.ပွင်.လင်းလင်းချမပြနိုင်ခဲ.သလို ကမ္ဘာကိုလည်းထုတ်ဖော်အသိမပေးနိုင်ခဲ.ပါ ။ထိုအစား အနှစ်နှစ်အလလကမရရှိခဲ.သောငြိမ်းချမ်းရေးကိုဆွေးနွေးနိုင်ခဲ.ပါပြီဟုသာ ကျားကျားမီးယပ်ပါးစပ်အရသာခံကာကြေငြာနေတာတွေ.ရလေသည် ။ ထို.ကြောင်.မြန်မာပြည်သူများသည် ဘယ်ငြိမ်းချမ်းရေးအဖွဲ.သည် အပစ်ရပ်စာချုပ်ချုပ်ပြီးသည်.နောက် ဘိန်းချနေသည် ။ ဘယ်အဖွဲ.သည် ဗိုလ်ချုပ်ခင်ညွန်.နှင်.သဘောတူညီချက်ယူပြီးသည်.နောက် ဘိန်းတွေစိုက်နေသည် ။ ဘယ်အဖွဲ.သည် စိတ်ကြွရူးသွပ်ဆေးများထုတ်လုပ်နေသည် ။ဘယ်အဖွဲ.သည် တရုတ်ဘက်မှလက်နက်များကို မှောင်ခိုတင်သွင်းပြီးစစ်အင်အားကြိတ်ပုန်းတည်ဆောက် နေသည်ဆိုခြင်းကို ပြည်သူတွေကသိခွင်.မသာခဲ.ပါ ။ တရားဝင်သိခွင်.မရသော်လည်း ထိုအဖွဲ.များသည် မန္တလေးစသောမြို.ကြီးများပေါ်အထိပြောင်ပြောင်တင်းတင်းလက်နက်ကိုင်ကာသွားလာ မင်းမူနေနိုင်သောခေတ်တစ်ခေတ်ရှိခဲ.ကြောင်းကိုငြင်းကွယ်၍မရပါချေ ။ ပြသနာတစ်စုံတစ်ရာဖြစ်လျင်ပင် ဗိုလ်ချုပ်ခင်ညွန်.လက်မှတ်ထိုးထားသော “ နားလည်ခွင်.လွှတ်ပေးပါရန် “ ဟူသောစာကိုထုတ်ပြလိုက်သည်နှင်.ဥပဒေစိုးမိုးရေးတာဝန်ရှိသူများဘာဆက်လုပ်ရမှန်းမသိဖြစ်ခဲ.ရဖူးပါသည် ။ တပ်မတော်သားများထက် လက်နက်ချအလင်းဝင် (သူပုန်များ ) မြို.ပေါ်တွင် တန်ခိုးထွားနေသောခေတ်ရှိခဲ.ဖူးပါသည် ။ ဤအရာများသည် မူမမှန်သော အပစ်အခတ်ရပ်စဲရေးကြိတ်ဝိုင်းစာချုပ်များကြောင်.ဖြစ်သည် ။
ယခုအခါ ကိုယ်ဖော်ခဲ.သော ဆေးကိုကိုယ်ပြန်မစားနိုင်သော ကာလသို.မြန်မာနိုင်ငံသည်ရောက်နေပြီဖြစ်သည် ။ အပစ်ရပ်ရင်ပြီးရော နိုင်ငံရေးမှလွဲ၍ လုပ်ချင်တာလုပ်ဟူသည်. အတိတ်ကစာချုပ်များ၏ဒဏ်ကိုမြန်မာသည်အပြင်းအထန်ခံနေရပြီဖြစ်သည် ။ မူးယစ်ဆေးဝါးများသည် ထိမ်းမနိုင်သိမ်းမရ ပြည်တွင်းမြို.ကြီးများအထိ ဒလဟောဝင်လာနေပြီဖြစ်သည် ။ မယုံလျင် လူကြီးသားသမီးများ ၊ ခရိုနီသားသမီးများသာလာလေ.ရှိသော ရန်ကုန်မြို.မှနာမည်ကြီး (ဆင်းရဲသားမ၀င်ရ) နိုက်ကလပ်များကို ရဲတပ်ဖွဲ. ၊စစ်တပ်တို.နှင်.သွားဝိုင်းပြီးတစ်ယောက်ခြင်းရှာဖွေကြည်.ပါ ။ မူးယစ်ဆေးဝါးများပေါပေါသီသီတွေ.ရပါလိမ်.မည် ။ ရန်ကုန်မြို.ကန်ရိပ်သာလမ်းထဲရှိ ကလပ်များတွင် ပိုက်ဆံရှိသားသမီးများတစ်ညလုံးသောင်းကျန်းကြရာ မနက်လင်းလျင် လမ်းပေါ်၌ ကျန်ခဲ.သောဒေါက်ဖိနပ်များ ၊ အမျိုးသမီးအတွင်းခံဘောင်းဘီများ ၊ ဆေးထိုးအပ်များ ပေါ်ပေါ်ထင်ထင်တွေ.မြင်နိုင်ပါသည် ။ ထိုမူးယစ်ဆေးဝါးများသည် မည်သည်.လမ်းကြောင်းမှ ပြည်တွင်းသို.၀င်လာခဲ.သနည်း ။ရွှေသမင်ဘယ်ကထွက် မင်းကြီးတာမှထွက်ဟုသာမပြေးသော်ကန်ရာရှိ ယူဆရမည်ဖြစ်သည် ။
တချိန်ကဖြစ်ချင်တာဖြစ် လုပ်ချင်တာလုပ်ဟု တိုင်းရင်းသားလူမျိုးစုများအပေါ်စေတနာမဲ.ခဲ.သောလုပ်ရပ်များသည် ယခုအခါ ပြည်ထောင်စုတစ်ခုလုံးသိုမူးယစ်ဆေးဝါးပြသနာမှာခြိမ်းခြောက်လာနေပါသည် ။ မူးယစ်ဆေးဝါးသည် ယခင်ကလို နိုင်ငံကျော် ဆယ်လီဘရတီများမှသုံးစွဲသည်.အရာမဟုတ် ၊ နေရာအနှံ. များများနှင်.လွယ်လွယ်ရနေနိုင်ပါပြီ ။ ၁၆.၉.၂၀၁၄ နေ. သစ်ထူးလွင်သတင်းဌာန၌ဖတ်ရသည်မှာ စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အင်းတော် မြို့နယ်အတွင်း၌ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ မှုများကို အုပ်ချုပ်ရေး အဖွဲ့အနေနှင်. တားဆီးနှိမ်နှင်း ပေးရန်ဒေသခံ ၆၀၀နီးပါးက အင်းတော်မြို့တွင်ယနေ. ဆန္ဒပြတောင်းဆို ခဲ့ကြသည်.သတင်းကိုတအံ.တသြဖတ်ရပါသည် UNODC ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေးအစီရင်ခံစာ၌ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စိတ်ကြွဆေးအများဆုံး ထုတ်လုပ်သောနိုင်ငံဖြစ်ပြီး ဒုတိယ ဘိန်းအများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သည်ဟု ဖော်ပြထားပါသည်။ မူးယစ်ဆေး တိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်မှုမရှိသောနိုင်ငံ ၂၂ နိုင်ငံထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်ဟုအမေရိကန် သမ္မတက သတ်မှတ်လိုက်ပါသည်။ နိုင်ငံခြားဆက်ဆံရေး ခွင့်ပြုမိန့် ချမှတ်ရေး ဆိုင်ရာ အက်ဥပဒေ (FRAA) အရ အမေရိကန်နိုင်ငံအား သိသိသာသာ ထိခိုက်မှုရှိစေသည်.ကမ္ဘာပေါ်မှ အဓိက ဘိန်းထုတ်လုပ်သောနိုင်ငံများနှင်. တဆင့်ဖြန့်ချီသောနိုင်ငံများ၏ စာရင်းကို သမ္မတက သတ်မှတ်၍လွှတ်တော်သို.နှစ်စဉ်အစီရင်ခံစာတင်သွင်းရခြင်းဖြစ်သည်။
ယခင်အစိုးရ၏ ဟန်ပြ မူးယစ်ဆေးဝါးတိုက်ဖျက်မှုများသည် ယခုအခါ ကိုယ်.ရှူးကိုယ်ပါတ်သလိုဖြစ်နေပါသည် ။မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးကြောင်.စိတ်မူမမှန်ဖြစ်ကာရာဇ၀တ်မှုကျူးလွန်ခြင်းများယခင်ကထက်မကြုံဖူး အောင်များပြားလာပါသည် ။ စိတ်ကြောင်ပြီးကိုယ်.ကိုယ်ကိုသတ်သေမှုများလည်း မြန်မာနိုင်ငံတွင်များသထက်များလာပါသည် ။ ဆေးကြောင်ပြီးရိုက်မှုနှက်မှု ၊ သတ်ဖြတ်မှု ၊ရာဇ၀တ်မှုများကြောင်.မကြုံစဖူးထူးကဲသောအမှုများမြင်လာကြားလာရပါသည် ။မူးယစ်ဆေးဝါးပြသနာကိုမသိချင်ယောင်ဆောင်နေ၍မရတော.ပါ ။ အနိမ်.ဆုံးအဆင်.အရက်ကြောင်.ငယ်ငယ်ရွယ်ရွယ်နှင်.သေဆုံးသူတဖြည်းဖြည်းများလာနေပါသည် ။ ယော်ကျားလေးများသာမက မိန်းကလေးများပါ မူးယစ်ဆေးဝါးသုံးစွဲလာကြပါသည် ။ ။စိတ်ကြွရူးသွပ်ဆေးပြား (ယာမ)သည်တစ်နိုင်ငံလုံးပျံ.နှံ.နေပြီဖြစ်သည် ။

ဓမ္မပဒပါပ၀ဂ် ကောကခွေးမုဆိုးဝတ္တု၌လာရှိသည်မှာ မုဆိုးတစ်ယောက်သည် ရဟန်းသံဃာများကိုအလွန် မုန်းတီးလှပါသည် ။ထို.ကြောင်.သူ၏အမဲလိုက်ခွေးများကို သင်္ကန်းဝတ်ရုံလာသောလူကိုမြင်သည်နှင်.ကိုက်ခဲသတ်ဖြတ်ရန် အချိန်ရှိသရွေ.လေ.ကျင်.ပေးထားပါသည် ။ တစ်နေ.တွင် တောထဲ၌ ဆွမ်းခံထွက်လာသော ရဟန်းတစ်ပါးကိုမြင်တွေ.ရာ မုဆိုးက သူ၏ခွေးများကိုလွှတ်ပေးပြီးရှူးတိုက်ကာ ရဟန်းအားလိုက်လံကိုက်ခဲသတ်ဖြတ်စေပါသည် ။ရဟန်းလည်းသေဘေးကြောင်.ပြေးမိပြေးရာပြေးရင်း သစ်ပင်တစ်ပင်ပေါ်သို.တက်ပြေးပါသည် ။ မုဆိုးသည်သစ်ပင်ခြေရင်းမှရပ်ကာ ကိုက်လိုက်ပါတော.လား သတ်လိုက်ပါတော.လား စသည်ဖြင်. အော်ဟစ်ညွှန်ကြားရင်း ရဟန်းခြေထောက်ကိုမြှားဖြင်.ထိုးနေဆဲဝယ် ရဟန်းရုံထားသောသင်္ကန်းသည်ကိုယ်မှလျှောကျကာ မုဆိုးအားခေါင်းမှဖုံးအုပ်သွားတော.၏ ။ ထိုအခါ သင်္ကန်းမြင်လျင် ကိုက်ခဲရန်လေ.ကျင်.ပေးထားသော အမဲလိုက်ခွေးများသည် မုဆိုးအား ရဟန်းထင်ကာဝိုင်းဝန်းကိုက်ခဲကြသောကြောင်. မုဆိုးသည် ကိုယ်.ရှူးကိုယ်ပါတ်ကာ နေရာတွင်ပင် အသက်ဆုံးရလေ၏ ။
မြန်မာနိုင်ငံတွင်လည်းပြသနာတစ်ခုကို ရေတိုကိုသာကြည်.၍ ငါနှင်.ငါ.အဖွဲ. ယာယီအဆင်ပြေရင်ပြီးရောဟု ဥပဒေကိုလိုတမျိုးမလိုတမျိုးလျော.တိလျော.ရဲလုပ်နေကြမှုများသည် မုဆိုးခေါင်းပေါ်သင်္ကန်းပြုတ်ကျလာသကဲ.သို. ကိုယ်.အတတ်နှင်.ကိုယ်စူး ကိုယ်.ရှူးကိုယ်ပါတ် တနိုင်ငံလုံးဘေးတွေ.နိုင်ပါကြောင်းတင်ပြလိုက်ရပါသည် ။

သရ၀ဏ်(ပြည်)
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page