ပြည်မြို့နယ် နတ်တလင်းကျေးရွာအုပ်စုတွင် လယ်ရေသွင်းမြောင်းဖောက်လုပ်ရာမှ ရှေးဟောင်းအုတ်ရိုးဟုယူ ဆရသည့်အုတ်ပုံတန်းတစ်ခု တွေ့ရှိခဲ့သည့်အတွက် ရှေးဟောင်းသုတေသနဦးစီးဌာနများသို့
အကြောင်း ကြားထားကြောင်း ဒေသခံကိုဖိုးကျော်က မဇ္ဈိမကို ပြောသည်။
အဆိုပါအုတ်ပုံတန်းကို ကွင်းအမှတ် ၃၇၁ တွင် နွေစပါးစိုက်ပျိုးရန်
ရေသွင်းမြောင်းဖောက်လုပ်စဉ် လယ် သမားကြီးဦးကြည်ခိုင်က
စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
ရှေးဟောင်းသုတေသန ဌာနသို့ အကြောင်းကြားထားကြောင်း သိရသည်။ “နွေစပါးစိုက်ဖို့ လယ်ထဲရေသွင်းဖို့ မြောင်းဖောက်ရင်းနဲ့ တွေ့တယ်။
ရှေးဟောင်းသုတေသနကို မနေ့က သွားပြောတော့ လာကြည့်မယ်ဆိုပြီး မကြည့်သေးဘူး”ဟု
ပြောသည်။
အဆိုပါအုတ်ပုံတန်းကို ဇန်န၀ါရီ ၅ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး လယ်ရေသွင်းမြောင်း ဖောက်လုပ်ခြင်းကို ဆက်လက် ဆောင်ရွက်ခြင်းမပြုဘဲ ရှေးဟောင်းသုတေသနသို့ ဇန်န၀ါရီ ၈ ရက်က အကြောင်းကြားထား သည်ဟု ကိုဖိုးကျော်က ပြောသည်။ အဆိုပါအုတ်ပုံတန်းမှာ နှစ်လက်မခွဲအထူ ဗျက်ဆိုဒ်ကြီး အုတ်ခဲများဖြစ်ပြီး အတန်းလိုက် ပုံလျက် တွေ့ရှိ ရသည့်အတွက် ရှေးဟောင်းအုတ်ရိုးဟု ယူဆရသဖြင့် ဓာတ်ပုံမှတ်တမ်းရယူကာ မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့ တင်ပြသွားမည်ဟုလည်း နတ်တလင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဆန်းလွင်က ပြောပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းလွင်က အုတ်ရိုးလား၊ အုတ်လား သိရအောင် အခြေလေးတွေ တူးခိုင်း ထားတယ်။ အဲဒီနေရာမှာ အုတ်တွေ ဟိုနေရာတွေ့ ဒီနေရာတွေ့နဲ့ ဒီတစ်ခါတော့ အပုံလိုက်ကြီး တွေ့ရ တာ။ ဓာတ်ပုံမှတ်တမ်းလေးနဲ့ စာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြသွားမယ်”ဟု ဆိုသည်။
ထိုနေရာ၌ပင် လွန်ခဲ့သည့်ကာလများကလည်း ရှေးဟောင်းဟု ယူဆရသော ကြေးကြွပ် အတိုအစများ၊ အုတ်ခွက်များ၊ မြေဆေးတံတိုများကို မကြာခဏ တွေ့ရှိလေ့ရှိပြီး အုတ်ပုံအနီးက သစ်ပင်ကြီး အောက် ခြေ တောင်ပို့ကို ဘုရားကုန်းတစ်ခုဟု ယူဆရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းလွင်က ပြောပါ သည်။
အဆိုပါ အုတ်မြောင်းပုံသဏ္ဍာန်တွေ့ရှိမှုကိ
ရေခဲ(ပြည်)
မဇ္ဈိမ
မဇ္ဈိမ
0 comments:
Post a Comment