Thursday, August 15, 2013

လာမည့် ဆယ်စုနှစ်များ အတွင်း မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီးအများစု၌ လေထုညစ်ညမ်း မှုများ ပိုမိုကြုံတွေ့လာ ရဖွယ်ရှိကြောင်း မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင်သုတေ သနပြုစု သူများက ပြောကြား

Leave a Comment


ရန်ကုန်   သြဂုတ်   ၁၄
လာမည့်  ဆယ်စုနှစ်များ အတွင်း မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီးအများစု၌ လေထုညစ်ညမ်း မှုများ ပိုမိုကြုံတွေ့လာ ရဖွယ်ရှိကြောင်း မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင်သုတေ သနပြုစု သူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အဓိကအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်နေသည့် ရန်ကုန်မြို့ ကြီးနှင့် မန္တလေးမြို့ကြီးများ၌ လေထုညစ်ညမ်းမှု ပိုမိုကြုံတွေ့ရဖွယ် ရှိကြောင်း၊ ၂ဝ၁၁ ခုနှစ် နောက်ပိုင်း ကာလများ အတွင်း မော်တော်ယာဉ် တင်သွင်းမှု တစ်စထက် တစ်စများ ပြားလာပြီး ရန်ကုန်မြို့ကြီးနှင့် မန္တလေး မြို့ကြီးများတွင် မော်တော်ယာဉ် စီးနင်း နိုင်မှုပိုလာကြောင်း သိရသည်။
''ယာဉ်အသစ်တွေ တင်သွင်းလာတာ များလာတယ်။ ရှိရင်းစွဲ ကားတွေနဲ့ နောက်ထပ် ဝင်လာတဲ့  ကားတွေရယ် အဲဒီက ထွက်ရှိတဲ့ ကာဗွန်ထုတ်လွှတ်မှုတွေ ဘယ်လောက်တောင် ရှိလာမယ်ဆိုတာ မှန်းဆနိုင်ပါ တယ်။ လေထုညစ်ညမ်းမှု နဲ့ ရာသီဥတု ဖောက်ပြန်မှု တွေရဲ့ တရား ခံပဲ'' ဟု သဘာဝပတ်ဝန်းကျင်လေ့လာ သူတစ်ဦးက ပြောကြားခဲ့သည်။
ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အခြားစီးပွားရေး ဆိုင်ရာ အသုံးပြုသည့် မီးစက်ကြီး များမှထွက်ရှိသော ကာဗွန်ဓာတ်ငွေ့များ ပိုမိုလာကြောင်း၊ မော်တော်ယာဉ်များတွင် ဓာတ်ဆီ တစ်လီတာ အသုံးပြုလျှင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ၂ ဒသမ ၃၂၂ ကီလိုဂရမ် ထွက်ရှိကြောင်း၊ ဒီဇယ်တစ်လီတာ အသုံးပြုလျှင် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ၂  ဒသမ ၆၅ ကီလိုဂရမ်၊ LPG တစ်လီတာ အသုံးပြုလျှင် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ၁ ဒသမ ၄၉၂ ကီလိုဂရမ်၊ CNG တစ်ကီလိုဂရမ် အသုံးပြုလျှင် ကွာဗွန်ဒိုင် အောက်ဆိုက် သုညဒသမ ဝ၅၄၄ ကီလိုဂရမ် ထွက်ရှိကြောင်းနှင့် CNG အသုံးပြုမှုတွင် ကာဗွန်ဒိုင် အောက် ဆိုက်ဓာတ်ငွေ့ ထွက်ရှိနှုန်း နည်းပါးကြောင်း သိရသည်။
''အနောက်နိုင်ငံတွေမှာ လေထုညစ်ညမ်းမှု တွေကြောင့် လျှပ်စစ်ကားတွေ အစားထိုး အသုံးပြု လာပြီ၊ မြို့ပြအခြေ အနေနဲ့လည်း အသုံးပြုနိုင်မယ့် အင်္ဂါရပ်တွေ ရှိဖို့လိုတယ်၊ လက်တလော အနေဖြင့် CNG အသုံးပြုယာဉ်တွေ ပိုများနေရင် ဒီအခက်အခဲကို ထိန်းထားနိုင်မှာပါ'' ဟု သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လုပ်ကိုင်နေသူ တစ်ဦးက သုံးသပ်ပြောကြား ခဲ့သည်။
လေထုညစ်ညမ်းမှု မဖြစ်စေရေး အတွက် မော်တော်ယာဉ် အသုံးပြုမှုများ၌ လောင်စာဆီ အစားထိုး ယာဉ်များ ဖြစ်ရန်လိုအပ် သကဲ့သို့ လေထုညစ်ညမ်းမှုကို စုပ်ယူနိုင်သည့် သဘာဝ သစ်တော ဧရိယာများ မပြုန်းတီးရေး၊ ထပ်မံစိုက်ပျိုးရေးတို့ လိုအပ်ကြောင်း၊ သစ်တောများ သည် တစ်ဟက်တာလျှင် ကာဗွန်ဓာတ်ငွေ့ ၄ ဒသမ ၅ တန်မှ ၁ဝ ဒသမ ၉ တန် အထိ စုပ်ယူပေး နိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

Facebook Like Page