Wednesday, September 16, 2015

ပန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်နေစဉ် ပန်းတောင်းမြို့နယ်အတွင်း တစ်ကျော့ပြန်ရေကြီးလာမှုကြောင်းဘေးလွှတ်ရာသို့ရွေ့ပြောင်းလျှက်ရှိနေ

Leave a Comment



ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်နေစဉ် ပန်းတောင်းမြို့နယ်အတွင်း တစ်ကျော့ပြန်ရေကြီးလာမှုကြောင်းဘေးလွှတ်ရာသို့ရွေ့ပြောင်းလျှက်ရှိနေ



ပြည် စက်တင်ဘာ ၁၄



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်း ဒုတိယအကြိမ်ရေကြီးနစ်ပြုပ်မှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။အဆိုပါပန်းတောင်းမြို့နယ်အတွင်း သရက်လိန်အုပ်စု၊၀န်လိုရပ်ကွက်နှင့်သူရဲဇီးရပ်ကွက်အတွင်းတချို့သောနေအိမ်များမှာဒုတိယအကြိမ်ရေလွမ်းမိုးခြင်းခံရမှုများကြောင့်နေအိမ်များပျက်စီးလျှက်ရှိသလို စက်တင်ဘာ ၁၀ ရက် မှပိုမိုဆိုးရွားစွာရေကြီးရေလျှံမှုများကြောင့် နီးစပ်ရာ လမ်းဘေးများတွင်ယာယီတဲများထိုးကာနေထိုင်လျှက်ရှိကြောင်းသိရသည်။ထို့အပြင်  မြို့ပေါ်စာသင်ကျောင်းများအား စက်တင်ဘာ ၉-ရက်နေ့မှ ၁၄ ရက်အတွင်း စာသင်ကျောင်းပေါင်း ၉ ကျောင်းပိတ်ထားခဲ့ရကြောင်းသိရသည်။



“ရေပြန်ကျပြီး နောက်ပိုင်း အိမ်တွေပြင်ပြင်နေတုန်း သုံးရက်လောက်အကြာမှာ ရေတွေပြန်ဝင်လာတယ်။တဖြေးဖြေးရေကကြီးလာတော့အရင်ကယာယီနေထိုင်ခဲ့တဲ့တာလမ်းဘေးကိုပြန်ပြောင်းရတော့တာပဲ။ဌာနဆိုင်ရာတွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေ စေတနာရှင်တွေလာမလှူကြသေးပါဘူး။ကျောင်းတွေလည်းပိတ်ထားတော့ကလေးတွေစာသင်မှုတွေခက်ခဲလာတယ်။မိသားစုစားဝတ်နေရေးအဆင်မပြေဘူး။ကွက်သစ်တစ်ခုလုံး နေစရာမရှိတော့အောင်မြုပ်ကုန်တာ။တာလပတ်တွေအကြွေးဝယ်ပြီး အမိုးလုပ်ထားရပါတယ်။ရေပြန်ကျချိန်ရောက်ရင် ကျွန်မတို့နေအိမ်လေးတွေပြန်ပြင်ပေးစေချင်ပါတယ်။” ဟု သူရဲဇီးကျေးရွာအုပ်စု ကွက်သစ်လမ်းနေထိုင်သူ မဌေးဌေးခိုင် မှပြောသည်။



ပြည်ခရိုင်အတွင်း ပထမရေကြီးနစ်မြုပ်မှုအများဆုံးထဲတွင် ပန်းတောင်းမြို့နယ်လည်းပါဝင်ခဲ့ပြီး ရေပြန်ချချိန်စက်တင်ဘာ ၂ ရက်နေ့ခန့်တွင် ရေကြီးနစ်မြုပ်ခဲ့စဉ်ကလာရောက်လှူဒါန်းထားသည့် ဆန်အနည်းငယ်နှင့်ခေါက်ဆွဲခြောက်ထုပ်များမှီခိုစားသောက်ရင်း မိမိတို့နေအိမ်များပြန်လည်ပြုပြင်ပြီး ၃ ရက်ခန့်နေထိုင်ပြီးအချိန်မှ ဧရာဝတီမြစ်ရေသည်တစ်ဖြေးဖြေးတက်လာမှုကြောင့် စက်တင်ဘာ ၉ ရက် နှင့် ၁၀ ရက်နေ့များတွင် ရေတက်ကြမ်းလာသဖြင့် ဘေးလွတ်ရာ တာလမ်းမများထံသို့ ပြန်လည်ပြောင်းရွေ့နေထိုင်လာခဲ့ရကြောင်းသိရသည်။



“အခုမြစ်ရေ ဒုတိယအကြိမ်ပြန်တက်လာလို့ ထုံးဘိုမြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ၁ ခု ပန်းတောင်းမြို့ပေါ်မျာကယ်ဆယ်ရေး စခန်း ၁ ခုဖွင့်ထားပြီးပါပြီ။ ရေဘေးဒုက္ခသည်အနည်းငယ်တော့လာပြောင်းရွေ့လာကြပါတယ်။ လတ်တလောကတော့ ရေဘေးသင့်စာရင်းတွေ လိုက်လံကောက်ယူနေပါတယ်။ပန်းတောင်းမြို့ပေါ်မှာတော့ လာရောက်ကူညီတဲ့သူတွေမရှိသေးပါဘူး။ကျွန်တော်တို့ဘက်ကလည်း သက်ဆိုင်ရာ အဆင့်ဆင့်ကို နေ့စဉ်စာရင်းတင်ပြထားပါတယ်။” ဟု ပန်းတောင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းဇော်မှပြောသည်။



အဆိုပါပန်းတောင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၃-စု မှာရှိသည့် လူဦးရည် ၁၂၆၆၂ ယောက်တို့မှာ ရေလွှမ်းမိုးခြင်းဒဏ်ခံရလျှက်ရှိပြီး သူရဲဇီကျေးရွာအုပ်စုအတွင်း ကွက်သစ်မှာ ဖျားနာမှုများရှိနေပြီး  ကြက်၊ဘဲ၊၀က် နှင့် နွားတစ်ချို့ရေလွှမ်းမိုးခြင်းကြောင့်သေဆုံးခဲ့ရသည်ဟုဒေသခံများထံမှသိရပြီး  သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များအပါဝင် စေတနာရှင်များလာရောက်လှူဒါန်းမှု ယနေ့ချိန်ထိမရှိသေးသိရသည်​။

K3(pyay)ဒီမိုက​ရေစီတူ​ဒေးသတင်းစာ


0 comments:

Post a Comment

Facebook Like Page