Thursday, June 11, 2015

ပြည်မြို့နယ်တွင် ဂျင်လောင်းကစားဝိုင်း ဖမ်းဆီးရမိ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment



ပြည်မြို့နယ်တွင် ဂျင်လောင်းကစားဝိုင်း ဖမ်းဆီးရမိ

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ နတ်တလင်းကျေးရွာအုပ်စု၊
ငွေအသပြာကျေးရွာရှိ နေအိမ် တစ်အိမ်တွင်  ဂျင်ဝိုင်း၊ ကြက်ဝိုင်း၊  ဖဲဝိုင်း
လောင်းကစားခြင်းများ ပြုလုပ်နေကြောင်းသတင်းအရ (၁၀.၆.၂၀၁၅)ရက်နေ့
နေ့လည် (၃း၀၀)နာရီအချိန်ခန့်တွင် ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းဌာနစုရုံး၊
နှင့် ပြည်အမှတ် (၃)နယ်မြေရဲစခန်းတို့မှ ပူးပေါင်းကာ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း
သတင်းရရှိသည်။
အမှုမှာ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်စိုးမင်း၊ ရဲအုပ် ရဲတေဇ၊ တပ်ကြပ်ကြီး
ဇော်အောင်၊ တပ်ကြပ်ကြီး မင်းသိန်းထက်၊ တပ်ကြပ် ကျော်ဆန်းဦး၊ တပ်ကြပ်
အောင်ဆန်းဦး၊ ပြည်အမှတ် (၃)နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်လွင်ထွန်း၊ ဒုတပ်ကြပ်
ဇော်လင်းထွန်း၊ ဒုတပ်ကြပ် ကျော်မျိုးသူတို့သည် သက်သေဦးဝင်းသိန်း၊ ဦးဝင်းဇော်
တို့နှင့်အတူပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားအိမ်ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်
ဝရမ်းအမှတ် (၈/၂၀၁၅)အရ (၁၀.၆.၂၀၁၅)ရက်နေ့ နေ့လည် (၃း၀၀)နာရီ အချိန်ခန့်တွင်
ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာ အုပ်စု၊  ငွေအသပြာကျေးရွာနေ ဦးသောင်းမြင့်နေအိမ်တွင်
ဂျင်ဝိုင်း၊ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ လောင်းကစားခြင်း များ ပြုလုပ်နေကြောင်းသတင်းအရ ၀င်ရောက်
ရှာဖွေရာ ဦးသောင်းမြင့်၏နေအိမ်ခေါင်းရင်းဘက်တွင် အမိုးဖြင့် ဂျင်ဝိုင်းလောင်းကစား
ပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် ၀ိုင်းဝန်းဖမ်းဆီးစဉ် ဦးကြည် (၅၇)နှစ် (ဘ) ဦးထွန်းမှီ၊
သန္ဓေပင်ရပ်ကွက်၊ ပြည်မြို့နေသူ၊ ဦးခင်ဇော် (၅၂)နှစ်၊ (ဘ) ဦးရေကြည်၊ ရွာထောင်ရပ်၊
အောင်လံမြို့နေသူ၊ ၀င်းသိန်း (၄၇)နှစ်၊ (ဘ) ဦးသိန်းတန်၊ မြကန်သာရပ်၊ ပြည်မြို့နေသူ
တို့အား ဂျင်ဝိုင်း လောင်းကစားရာတွင်အသုံးပြုသော ကြက်၊ ၀က်၊ ဖား၊ ငါးရှဥ့် ရုပ်ပုံပါလေး
ကောင်ဂျင်သီးတစ်လုံး၊ ပေါက်ကောင်များရေးသားထားသည့် ပေါက်ကောင်ဇယားစာရွက်
(၃)ရွက် ၊ ကြွေပန်းကန်ပြား (၂)ချပ်၊ ယွန်းကွမ်းအစ် (၁)ခု၊ အနီ၊အပြာရောင် နှစ်မျိုးရေးသား
ရသည့် ဆော့ပင် (၁)ချောင်း၊ ဖဲချပ်(၅၀)ချပ်၊ အောက်ခင်းပုဆိုးအကွက် အညိုရောင်တစ်ထည်၊
ငွေစက္ကူရောရာ (၅၆၀၀၀ိ/-)ကျပ်  ကြက်၊ ၀က်၊ ဖား၊ ငါးရှဥ့် ရုပ်ပုံပါ ဇယားကားချပ်တစ်ခု၊ မိုးကာ
ဖျင်စတစ်ခုနှင့် လောင်းကစားရန်ရောက်ရှိပြီးထွက်ပြေးသူများ၏ ဆိုင်ကယ် (၁၆)စီး တို့အား ဖမ်းဆီး
ရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

အိမ်ရှင်ဖြစ်သူ ဦးသောင်းမြင့်နှင့်အခြားသူများမှာ ထွက်ပြေးလွတ်မြောက် သွားသဖြင့်
ဖမ်းဆီးရမိသည့် ဦးကြည်၊ ဦးခင်ဇော်နှင့် ဦးဝင်းသိန်းတို့ထံမှ သက်သေများရှေ့တွင် 
ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး ဂျင်ဝိုင်း လောင်းကစားရန် နေအိမ်ခြံဝန်းအား ခွင့်ပြုသူ
ဦးသောင်းမြင့်၊ ဂျင်ဝိုင်းလောင်းကစားပြုသူ ဦးကြည်၊ ဦးခင်ဇော်နှင့် ဦးဝင်းသိန်းတို့အား
လောင်းကစားဥပဒေဖြင့် အရေးယူပေးနိုင်ပါရန် ရဲအုပ်စိုးမင်းမှ တရားလိုပြုလုပ်တိုင်တန်း

ခဲ့သဖြင့် ပြည်အမှတ် (၃)နယ်မြေရဲစခန်း (ပ) ၁၄၁ / ၁၅ ၊ လောင်းကစားပုဒ်မ
၁၃ (က)  /၁၄ (က) ဖြင့်အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883







0 comments:

Post a Comment

Facebook Like Page