Sunday, March 8, 2015

ပန်းစကား လက်ဖက်ရည်ဆိုင် မီးလောင်မှု့မှာ အဓိကဘယ်သူ့မှာအပြစ်ရှိလည်းသိလား

Leave a Comment
ပန်းစကား လက်ဖက်ရည်ဆိုင် မီးလောင်မှု့မှာ အဓိကဘယ်သူ့မှာအပြစ်ရှိလည်းသိလား...ဟုဂေါက်သီးမေး
မြန်းလာတော့.. မျောက်ကြီးက ပြန်ပြောသည်..

အဲဒါ စည်ပင်က မီးလောင်နေချိန်မှာရေအလွယ်မပေးမှု့ ရေအလွယ်မရမှု့တွေကြောင့် မလိုလားအပ်တဲ့
ပြသနာတွေ ဖြစ်ပြီးသေဆုံးမှု့တွေ ဖြစ်ကုန်တာပေါ့..စည်ပင်က ရေငုတ်တစ်ခုဆိုရင် လေလံတောင်ဆွဲ ထားသေးတယ်ဆိုပဲ
စည်ပင်ဘားချက်လိုနေလို့ ဖြစ်ရမယ် ပြည်သူတွေကလည်း မီးသေချာတော့ ဂ၇ုစိုက်စေချင်တယ် ထိုအခါ ဂေါက်သီးက....
မီးလောင်ပြီးမိနစ်(၃၀)ကြာမှ သိရတာလေ ...
ဒါဆို စည်ပင်မှာ ပြသနာမရှိဘူးလို့ မင်းကဆိုလိုတာလား ..ဘယ်ကလာ ဂေါက်သီးရာ.....
စည်ပင်က ရေတစ်ငုတ်ထဲပဲ ရေပေးတယ်လေ ...မီးသတ်ကားတွေအကုန်လုံးကျန့်ကြာလာတော့
ဆုံးရှုံးမှုပိုများလာတာပေါ့ ဒါတင်မကဘူးသူငယ်ချင်းရယ် အသက်တွေပါပေးဆပ်ခဲ့ရတယ် စိတ်မကောင်းစရာပါပဲ..
ဒါကို အထက်က စည်ပင်လူကြီးတွေသိအောင်တင်ပြရမယ်...နိုးးးးးးးသွားမလုတ်နဲ့....နှစ်ပေါင်း(၁၀)နှစ်ကျော်ကြာပြီး
ဖြစ်တဲ့ ရွှေတန်ဆာဘုရားလမ်း ယခင်အခေါ်(၀က်တိုးဘုရားလမ်း)တောင် မနေ့တနေ့ကမှ လမ်းခင်းပြီးသွားတာပါ....
တော်ကြာနေ ကျန်တဲ့ လမ်းတွေဆက်မခင်းပဲနေပါအုံးမယ်ကွာ......လွှတ်တော်ဘားချက်နဲ့ ခင်းတယ်လို့လည်းပြောနေကြတယ်ကွာ..

ဟူးးးးးးးးးးခက်တယ် ..ရေပဲကွာ အရေးလုပ်ပြီး ပြည်စုံအောင်မပေးနိုင်တဲ့ ပြည်မြို့က စည်ပင်.....စည်ပင်ရုံးမီးလောင်မှ
ဒို့မီးသတ်တွေ အကြောင်း ကောင်းကောင်းသိစေရမယ်....
အောင်မယ် ဂေါက်သီးရယ် မင်းဟာက အညိုးတွေပါနေတယ်ကွာ ဘာမှမပူနဲ့ ပြည်သတင်းကို ဌာနဆိုင်ရာ အတော်များများ
ဖတ်ကြသလို အနည်းဆုံး ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် က ပြည်သတင်းပေ့စ်မှာ (Like)နှိပ်ပြီး အမြဲအားပေးနေတယ်လေကွာ...
မလောနဲ့ အခြေအနေစောင့်ကြည့်ပါကွာ ....ဒို့ မြို့မှာ ပြည်သတင်း ရှိနေတာပဲကွာ သူအလုပ် သူလုပ်လိမ့်မယ်..စောင့်ကြည့်ပေါ့ကွာ...
အေးပါ မျောက်ကြီးရယ်.....ဒီမီးကိစ္စ....ရေအချိန်နဲ့ တပြေးကြီးမရတဲ့ကိစ္စ ဘယ်တော့ ဆန္ဒပြကြမလည်းမသိဘူးနော် ..
အချိန်တွေလည်းကြာလာပြီ ပြုပြင်ပြောင်းလဲသင့်နေပြီကွာ.......

အေးပါ ဂေါက်သီးရယ် မင်းတို့သိတဲ့ ပြည်သတင်းမှာ သတင်းရေးနေတဲ့ ပြည်သတင်းလူငယ် ဆိုတာက တစ်ချိန်က
ဆံတော်တပ်စု(၅) မှာ တာဝန်ထမ်းဆောင်ဖူးတဲ့သူပဲ...မပူပါနဲ့ကွာ ...မီဒီယာရော ပြည်သူပါ ပူပေါင်းလိုက် ..ဒင်းတို့
ရေရောင်းစားတာကြတော့ ပိုက်အပြည့်.... မီးလောင်ပြင်အတွက် အရေးပေါ်လိုတဲ့ရေမပေးနိုင်တာက သူတို့ရဲ့
ဂုဏ်...ရာထူး.....ဒါတွေကို...မနှမျှောဘူးဆိုရင် ဆက်လုပ်ကြည့်ပေါ့ကွာ....

အင်းးးးးမီးလောင်ရင် .....ရေဘယ်လောက်အရေးကြီးတယ်ဆိုတာ စည်ပင်က လက်ရှိလူကြီး...သိနိုင်ပါစေ ..ကြား
နိုင်ပါစေ..ကိုယ်ချင်းစာနိုင်ကြပါစေ..ဗျာ....

ပြည်သတင်းလူငယါ(ပြည်သတင်း)ရေးသားတင်ဆက်သည်။
09253311019

0 comments:

Post a Comment

Facebook Like Page