ချကွာ ချချ ရိုက်ရိုက် ချချကွာ ကုလားးးး ကုလားးးးဟာကွာ.....
ပွတ် ပွတ် ဂတုံးလေးပေါ်လာပြီ ပွတ် ပွတ်...
ဟာကွားးးးးးဟူသောဆူညံသံများကြောင့် ကျွန်တော့နားထဲ
ကြားနေရ သည်က ကုလားနှင့် ဂတုံး နဘမ်းလုံးနေပြီ ထင်၍
အိပ်ယာမှ လူးလဲထငါ မီးဖိုချောင်အတွင်းရှိ ထမင်းစားပွဲအောက်သို့
ဝင်ရောက်ကာ ပုန်းနေရသည့်အဖြစ်က မေ့နိုင်စရာ အကြောင်းမရှိ
သေချာ စုံစမ်းကြည့်တော့...
ကျတော့ဘေးအိမ်ရှိ
နာရေးတစ်ခုထဲမှ ဖဲဝိုင်းတွင် ထွက်ပေါ်လာသောအသံများဖြစ်ကြောင်း
ကျွန်တော်သေချာသိသောအခါ အူတက်မတက် ရယ်မောမိလေတော့သည်...
ဒါကို တစ်ဖက်အိမ်က ညကြီးအချိန်မတော် ကျယ်လောင်စွာ ရယ်မောသံကြား
ရပြီး ဂတုံးလာလေသလော သရဲပဲချောက်လေသလော ၀ုန်းဒိုင်းဆန်ကာ
ကိုယ်လွတ်ရုန်းပြေးနေသော ကျွန်တော့အိမ်ဘေးက နာရေးက ငိုဖွယ်ရာမရှိ..
ရယ်ဖွယ်ရာအတိဖြစ်ပေတော့သည်...ထိုစဉ်............
အော်လူတွေလူတွေ ပပျောက်နေတဲ့ အမှု့ ပေါ်အောင် ..
ပေါ်လာတဲ့အမှု့သေးလာအောင်...
သေးလာတဲ့အမှု့ ကြီးလာအောင်...
ကြောက်ခြင်း...မောဟတွေ.....
ပြေးခြင်း...လောဘတွေ.....
ထိတ်လန့်ခြင်း...လောဘတွေ.....
ပူပန်ခြင်း...သောကတွေ..နဲ့ပြည့်နှက်နေပါလားဟု ကျွန်တော်တွေးနေစဉ်မှာပင်.....
ဗျိုးးးးးးးးးးးးးးးကိုပြည်သတင်းးးးးးဟူသော အသံနက်ကြီးကြားရတော့ ကျွန်တော်လှည့်ကြည့်လိုက်ရာ ..
အားးးပါးးးးးဆံပင်မရှိ....ဂတုံးဗလာနတ္ထိ....ဆေးမှင်ကြောင်တွေထိုးထားတာများ နေရာလွတ်မရှိအောင်...
ကျတော် တုံတုံရီရီ လေသံလေးဖြင့်...ဟုတ်ကဲ့ ....ပြောပါ..ကျတော် ..ပြည်သတင်းပါ...ဘာများအလိုရှိပါသလည်းဟု...
မေးခဲ့ရာ..၄င်းဂတုံးက....တခြားမဟုတ်ပါဘူးဗျာ....ဟုဆိုကာ ကွမ်းပလုပ်ပလောင်းဝါးနေအသံဖြင့် ဆက်ပြောသည်...
ကျွန်တော် မနက်ဖြန် သင်္ကန်းဝတ်မလို့..အဲဒါ ခင်ဗျားက ကျွန်တော့ကို သင်္ကန်းလှူဟုဆိုကာဖြင့် ပြန်ပြောလေရာ......
ကျွန်တော့မှာ ငိုရ မလို ရယ်ရမလို ဖြစ်ကာ ဂတုံးမျက်နှာသေချာကြည့်တော့မှ....ကိုဂေါက်ကြီးဖြစ်နေကြောင်းသိရကာ..
ခင်ဗျားးးဗျာ မနက်ဖြန်သင်္ကန်းစီးမည့်ကိစ္စ ခုညအချိန်မတော်လာပြောရသလားးးးးအသံကလည်း ကွမ်းဝါးတုန်း အော်ပြောရသလားးးးး
ကျတော့ဖြင့် နာမည်ကြီးဂတုံးမှတ်နေတာဗျာ....ဟုဆိုလေရာ...၄င်းက..
ကိုပြည်သတင်းရယ် ခင်ဗျားတွေးပဲတွေးတတ်လွန်းတယ်ဗျာ ကျတော်က မနက်ဖြန် မနက်အစော သင်္ကန်းစီးမှာလေ
အဲဒါကြောင့် ညနေကတည်းက ခေါင်းတုံးထားရတာပေါ့ဗျာဟု ပြန်ပြောလေရာ....ကျွန်တော့မှာ ငိုအားထက် ကြောက်အားသန်..
(အဲစာရေးမှားသွားတယ်) ငိုအားထက် ရယ်အားသံဖြစ်ခဲ့လေသော ကျွန်တော်နှင့် ဂတုံး ဆုံတွေ့ပုံလေးတင်ပြပေးလိုက်ပါတယ်ဗျာ...
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment