Tuesday, March 10, 2015
(၈)ရက်အတွင်းမီးလောင်၊မီးလန့်မှု(၇)ကြိမ်ဖြစ်သည့်အတွက် သံဃာတော်များ မြို့တွင်းလှည့်လည်ပရိတ်ရွတ်
(၈)ရက်အတွင်းမီးလောင်၊မီးလန့်မှု(၇)ကြိမ်ဖြစ်သည့်အတွက် သံဃာတော်များ မြို့တွင်းလှည့်လည်ပရိတ်ရွတ်
############################################################
ပြည်-မတ်လ(၉)ရက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပြည်မြို့တွင် ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှစ၍ မတ်လ(၇)ရက်နေ့ထိ မီးလောင်၊မီးလန့်မှု
(၇)ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့နေမှု့ကြောင့် ပြည်မြို့ ရွှေဆံတော်ဗုဒ္ဒပူဇနိယဝေယျာဝစ္စအဖွဲ့များနှင့် ပြည်မြို့၊ရွာဘဲရပ်ကွက်
အုန်းတောရပ်ရှိ မဟာဂန္ဒ၀င် ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်သံဃာတော်များက မတ်လ(၅)ရက်နေ့မှ
စတင်ကာ မတ်လ(၇)ရက်နေ့ထိ (၃)ရက်တိုင်တိုင် မြို့တွင်းသို့ လှည့်လည်၍ ပရိတ်တရားတော်များ
ရွတ်ဖတ်သရဇ္ဖာယ်ခဲ့ကြကြောင်း ဝေယျာဝစ္စအဖွဲ့ဝင်တစ်ဦးထံမှသတင်းရရှိခဲ့သည်။
ပြည်မြို့တွင်းမီးလောင်၊မီးလန့်မှုများမှာဖေဖော်ဝါရီလ(၂၈)ရက်နေ့ တစ်ရက်တည်းတွင် အေးငြိမ်းရာ(ဘာသာပေါင်းစုံသုဿန်)
အနောက်ဘက်ရှိ ကန်သုံးဆင့် ဘက်တွင်တောမီးလောင်ခဲ့ခြင်း၊ပြည်-ရန်ကုန်ကားလမ်းမကြီး ပြည်မြို့ပညာရေးကောလိပ် မျက်နှာချင်းဆိုင်
ရှိ ကျွန်းဆိုက်ခင်းမှ တောမီးလောင်ကျွမ်းခဲ့ခြင်း၊ န၀ဒေးပွဲရုံတန်းရှိ (ဗာဂျီးနီးယား)
ဆေးရွက်ကြီးဂိုဒေါင် မီးလန့်မှု့ခဲ့မှု့ (၃)မှု တပြိုင်နက်တည်းဖြစ်ပေါ်ပြီး (၃)ရက်နေ့ နံနက်(၂း၃၀)နာရီအချိန်တွင်
ပြည်မြို့ န၀င်းနယ်မြေ၊ရွှေလက်လှရပ်ကွက်၊ရွှေတချောင်းလမ်းနှင့်ဝါရုံလမ်းထောင့်ရှိ ပန်းစကားလက်ဖက်ရည်
ဆိုင်တွင် လောင်သောမီးကြောင့် လူ(၄)ဦး နေရာတွင်ပွဲခြင်းပြီးသေဆုံးမှုရှိခဲ့ပြီး ဒီရက်ပိုင်းအတွင်း ရက်ဆက်ဆိုသလို
မီးလောင်၊မီးလန့်မှုတွေ ဖြစ်ပေါ်နေသည့်အတွက် ပြည်မြို့ရှိဒေသခံပြည်သူများမှ စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြကြောင်း
ဒေသခံပြည်သူတစ်ဦးကပြောသည်။
“ တကယ့်တကယ်တန်းတော့ မီးဘေး အန္တရာယ်တွေ မဖြစ်တော့ဘူးလားလို့တော့ ဒါမျိုးတော့ပြောမရဘူးပေါ့။
ဦးဇင်းတို့မှာ ကံ ကံ၏အကျိုးဆိုတာ ရှိတယ်လေ။အတိတ်ကံ ကပါလာခဲ့ရင် ကံအားလျှော်စွာတော့ ဖြစ်တတ်တာပေါ့။
ဦးဇင်းတို့ အခုလို ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ရတာကတော့ ပြည်မြို့နယ်အတွင်းမှာရှိတဲ့ ကျရောက်ဆဲ၊
ကျရောက်လတံ့ဖြစ်တဲ့ အန္တရာယ်မှန်သမျှကို ကင်းပျောက်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ မြတ်စွာဘုရားရဲ့ နှုတ်ကပါတ်တော်ဖြစ်တဲ့
ပရိတ်တရားတော်တွေ၊မေတ္တာအာသီသတွေကို ဦးဇင်းတို့လိုက်လံပြီးရွတ်ဖတ်ပေးတယ်။အဲဒီလိုရွတ်ဖတ်ပေးတဲ့အတွက်
အန္တရာယ်တွေ ရှင်းလင်းလိမ့်မယ်လို့ ဦးဇင်းတို့ ယုံကြည်တယ်၊ယူဆတယ်။ဒီလိုယူဆတယ်ဆိုပေမယ့်အခုလိုလုပ်ရတာက
ကျရောက်ဆဲ ကျရောက်လတံ့ဖြစ်တဲ့ အန္တရာယ်တွေကို တားဆီးခြင်းပဲဖြစ်ပါတယ်။” ဟု မဟာဂန္ဒာရုံ ပရိယတ္တိစာသင်တိုက်မှ
စာချဆရာတော် ဦးထာဝရ ကမိန့်ကြားသည်။
အဆိုပါ မီးလောင်/မီးလန့်မှု့ဖြစ်စဉ်များနောက်ဆက်တွဲလုပ်ဆောင်နေမှု့များကို ပြည်မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးဝင်းညွန့် မှ ယခုလိုပြော
ကြားခဲ့သည်။
“ကျွန်တော်တို့ ပြည်မှာထူးထူးခြားခြားပဲ မီးလောင်လို့ လူသေတာရယ် မကြာခဏမီးလောင်မှုတွေဖြစ်ပွားနေတာတွေရယ်ကြောင့် ကျွန်တော်တို့ သက်ဆိုင်ရာဒေသအာ
ဏာပိုင်နဲ့ညှိပြီး အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့ပေါ်ရှိ သံဃာတော်တွေက ၀တ္တသုတ်ရွတ်ဖတ်ပှုဇော်ကြတယ်။ကျွန်တော်တို့အနေနဲ့ တစ်ရပ်ကွက်ကို တစ်ည
ဆက်တိုက် တစ်လလုံးလုံး မီးမလောင်အောင်လို့ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးမှုတွေလည်း
လုပ်နေပါတယ်။ပြည်မြို့အတွင်းရှိ ရပ်ကွက်တွေကိုလည်း လိုက်လံစစ်ဆေးနေပါတယ်။” ဟုပြောသည်။
ယခုနှစ်မတ်လအတွင်း ပြည်ခရိုင်အတွင်း( တောမီးမပါ) မီး(၁၁)ကြိမ်လောင်ခဲ့ပြီး လူသေဆုံးမှုအနေနှင့် ပြည်မြို့၊ရွှေလက်လှရပ်ကွက်
ပန်းစကားလက်ဖက်ရည်ဆိုင်မီးလောင်မှုမှာ လူ(၄)ဦးသေဆုံးသွားကြောင်း၎င်းကဆက်လက်ပြောကြားခဲ့သည်။ ယနေ့ ၈.၃.၂၀၁၅ ရက်
နေ့မနက်ပိုင်းအချိန်မှာလည်းထပ်မံ၍ ပြည်မြို့အတွင်းသို့ ပရိတ်သဲများ/ပရိတ်ရေများ လိုက်လံပက်ဖြန်းသွားခဲ့ကြောင်းသတင်းရရှိသည်။
K3(Pyay)ဒီမိုကရေစီတူဒေး
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment