ပုတီးကုန်းမြို့ မရဲစခန်းတွင်အမှုဖွင့်ထားသော ရွှေထည်ပစ္စည်း(၁၈၁)သိန်းကျော်ဖိုးနှင့်
ငွေးသားများဖောက်ထွင်းခိုးယူခံရ မှုတွင် အမှုမှန်မပေါ်ပေါက်ရေးအွန်လိုင်းမှ
နှောင့်ယှက်
ခံနေရဟုဆို
ပြည့်သဲမောင်(ပြည်)09 4236 71883
ြ
ပဲခူတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို
့နယ်ပုတီးကုန်းမြို့ မရဲစခန်းအပိုင် လောင်ကြီးကျေးရွာအုပ်စု
လောင်းကြီးကျေးရွာတွင်
ကျေးရွာအုပ်ချုပ်ရေးမှူဦးအောင်ကျော်ဦးနေအိမ်၌ ရွှေထည်ပစ္စည်းများနှင့် 
ငွေသားများ ဖောင်ထွင်းခံရမှု နှင့်ပတ်သက်၍ အမှူမှန်မပေါ်ပေါက်ရေး
အွန်လိုင်းမှဝင်ရောက်နှောင့်
ယှက်နေသည်ဟု တရာလိုများကဆို၏။
“လက်ရှိဖောက်ထွင်းမှုကို
ပုတီးကုန်းရဲစခန်းမှ စခန်းမှူးနယ်ထိန်းခေါင်းဆောင်နှင့်နယ်မြေခံ
နယ်ထိန်း ဒုတပ်ကြပ်
အောင်မျိုးကျော်တို့ က စုံစမ်းစစ်ဆေးဆောင်ရွက်နေပါတယ်။ကျွန်တော်တို့ 
ကာယကံရှင်မိသားစုအကြား အထင်လွဲမှားမှုများ ဖြစ်အောင် နယ်မြေပိုင်ရဲစခန်း၏
စုံစမ်းစစ်ဆေး
ရာတွင် အနှောက်ယှက်ဖြစ်အောင် ပြုလုပ်နေတယ်’’ ဟု တရားလိုဖြစ်သူ
ဦးအောင်ကျော်ဦးက
ပြောသည်။
ရွှေထည်းပစ္စည်းများနှင့်  ငွေသားများပြောက်ဆုံးမှုအား(၂၂.၁၂.၁၀၁၄) ရက်နေ့ တွင်
ဦးအောင်ကျော်ဦးမှ
တရားလိုလုပ်၍ ပုတီး ကုန်းမြို့မရဲစခန်းသို့  အမှုဖွင့် တိုင်တန်းခဲ့ ပြီး
ပုတီးကုန်မြို့ မ ရဲစခန်းမှ (ပ)၂၅၅/၂၀၁၄ ပုဒ်မ(၃၈၀)ဖြင့်  အမှုဖွင့် ထားပြီး
အမှုအား
စခန်းမှူး ရဲအုပ်သိန်းနိုင်က လက်ခံစစ်ဆေးနေကြောင်းသိရသည်။
ပုတီးကုန်းမြို့ မရဲစခန်းအား စုံစမ်းရာ “ကျွန်တော်တို
့အနေနဲ့ ကတော့  အမှုနဲ့ ပတ်သက်ပြီး
ရဲလုပ်ထုံးလုပ်နည်းအရ ရီမန်ယူပြီးအိမ်ဖော်အကူမိန်းကလေးကိုခေါ်ယူစစ်ဆေးပါတယ်။
ခေါ်ယူစစ်ဆေးတဲ့ နေရာမှာလည်း အမှုနဲ့ ပတ်သက်ပြီး
တစ်စုံတရာသဲလွန်စမရတဲ့အတွက် ပြန်လွှတ်ပေးလိုက်ပါတယ် ။ ဒီအမှုကလည်းတရားလို
တိုင်တန်းခဲ့  သလိုပဲ ရွှေထည်ပစ္စည်နဲ့ 
ငွေသားများ အမှန်တကယ်ပြောက်ဆုံးနေတာကို
စစ်ဆေးတွေ့ ရှိရပါတယ် ။ ကျွန်တော်တို့  ရဲတပ်ဖွဲ့ အနေနဲ့ ကတော့ 
အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်
ရွက်သွားမှာ ဖြစ်တယ် ’’
ဟုနယ်မြေခံ နယ်ထိန်းတပ်ဖွဲ့ ဝင်က ပြောသည်။
တရားလိုဖြစ်သူ ဦအောင်ကျော်ဦးက
ကျွန်တော်တို့မှာ အမှန်တကယ်ပျောက်တာကို ပျောက်
တယ်လို့  ရဲစခန်းမှာ အမှုဖွင့် ပြီး
တိုင်ထားတာပါ ။ တကယ်လို့ သာကျွန်တော်တို့ ဘက်က လီဆယ်ပြီးတိုင်ခဲ့ရင် ကျွန်တော်တို
့လည်း ဥပဒေကပေးတဲ့  အပြစ်ကို ခံရမှာပါ ။ပုတီးကုန်း
အသင်းရန်ကုန် (Group) မှ ကုမုဒြာ မုဒြာအကောင်
့ပိုင်ရှင်ကအမှူမှန်မပေါ်ပေါက်ရေး
စုံစမ်းစစ်ဆေးမှုများနှင့် ပါတ်သက်၍ဖောက်ထွင်းမှုတွင်ကျူးလွန်သွားသောတရာခံများ
နှင့်ပတ်သက်နေသည်အလားလမ်းကြောင်းလွဲမှားအောင် အကြိမ်ကြိမ်ရေသားနှောက်
ယှက်မှုများ ကြုံတွေ့ နေရကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့ သည်။
သတင်း ပြည့်သဲမောင်(ပြည်) 09 4236 71883
0 comments:
Post a Comment