Tuesday, March 17, 2015

ပုတီးကုန်းမြို့ မရဲစခန်းတွင်အမှုဖွင့်ထားသော ရွှေထည်ပစ္စည်း(၁၈၁)သိန်းကျော်ဖိုးနှင့် ငွေးသားများဖောက်ထွင်းခိုးယူခံရ မှုတွင် အမှုမှန်မပေါ်ပေါက်ရေးအွန်လိုင်းမှ နှောင့်ယှက်ခံနေရဟုဆို ပြည့်သဲမောင်(ပြည်)09 4236 71883


ပုတီးကုန်းမြို့ မရဲစခန်းတွင်အမှုဖွင့်ထားသော ရွှေထည်ပစ္စည်း(၁၈၁)သိန်းကျော်ဖိုးနှင့်
ငွေးသားများဖောက်ထွင်းခိုးယူခံရ မှုတွင် အမှုမှန်မပေါ်ပေါက်ရေးအွန်လိုင်းမှ နှောင့်ယှက်
ခံနေရဟုဆို
 ပြည့်သဲမောင်(ပြည်)09 4236 71883
ြ
ပဲခူတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့ နယ်ပုတီးကုန်းမြို့ မရဲစခန်းအပိုင် လောင်ကြီးကျေးရွာအုပ်စု
လောင်းကြီးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူဦးအောင်ကျော်ဦးနေအိမ်၌ ရွှေထည်ပစ္စည်းများနှင့် 
ငွေသားများ ဖောင်ထွင်းခံရမှု နှင့်ပတ်သက်၍ အမှူမှန်မပေါ်ပေါက်ရေး အွန်လိုင်းမှဝင်ရောက်နှောင့်
ယှက်နေသည်ဟု တရာလိုများကဆို၏။ 

“လက်ရှိဖောက်ထွင်းမှုကို ပုတီးကုန်းရဲစခန်းမှ စခန်းမှူးနယ်ထိန်းခေါင်းဆောင်နှင့်နယ်မြေခံ
နယ်ထိန်း ဒုတပ်ကြပ် အောင်မျိုးကျော်တို့ က စုံစမ်းစစ်ဆေးဆောင်ရွက်နေပါတယ်။ကျွန်တော်တို့  ကာယကံရှင်မိသားစုအကြား အထင်လွဲမှားမှုများ ဖြစ်အောင် နယ်မြေပိုင်ရဲစခန်း၏ စုံစမ်းစစ်ဆေး
ရာတွင်  အနှောက်ယှက်ဖြစ်အောင် ပြုလုပ်နေတယ်’’ ဟု တရားလိုဖြစ်သူ ဦးအောင်ကျော်ဦးက
ပြောသည်။ 

ရွှေထည်းပစ္စည်းများနှင့်  ငွေသားများပြောက်ဆုံးမှုအား(၂၂.၁၂.၁၀၁၄) ရက်နေ့ တွင်
 ဦးအောင်ကျော်ဦးမှ တရားလိုလုပ်၍ ပုတီး ကုန်းမြို့မရဲစခန်းသို့  အမှုဖွင့် တိုင်တန်းခဲ့ ပြီး 
ပုတီးကုန်မြို့ မ ရဲစခန်းမှ (ပ)၂၅၅/၂၀၁၄ ပုဒ်မ(၃၈၀)ဖြင့်  အမှုဖွင့် ထားပြီး အမှုအား 
စခန်းမှူး ရဲအုပ်သိန်းနိုင်က လက်ခံစစ်ဆေးနေကြောင်းသိရသည်။

ပုတီးကုန်းမြို့ မရဲစခန်းအား စုံစမ်းရာ “ကျွန်တော်တို့ အနေနဲ့ ကတော့  အမှုနဲ့ ပတ်သက်ပြီး
ရဲလုပ်ထုံးလုပ်နည်းအရ ရီမန်ယူပြီးအိမ်ဖော်အကူမိန်းကလေးကိုခေါ်ယူစစ်ဆေးပါတယ်။
 ခေါ်ယူစစ်ဆေးတဲ့ နေရာမှာလည်း အမှုနဲ့ ပတ်သက်ပြီး တစ်စုံတရာသဲလွန်စမရတဲ့အတွက် ပြန်လွှတ်ပေးလိုက်ပါတယ် ။ ဒီအမှုကလည်းတရားလို တိုင်တန်းခဲ့  သလိုပဲ ရွှေထည်ပစ္စည်နဲ့ 
 ငွေသားများ အမှန်တကယ်ပြောက်ဆုံးနေတာကို စစ်ဆေးတွေ့ ရှိရပါတယ် ။ ကျွန်တော်တို့  ရဲတပ်ဖွဲ့ အနေနဲ့ ကတော့  အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်
ရွက်သွားမှာ ဖြစ်တယ် ’’ ဟုနယ်မြေခံ နယ်ထိန်းတပ်ဖွဲ့ ဝင်က ပြောသည်။ 

တရားလိုဖြစ်သူ ဦအောင်ကျော်ဦးက ကျွန်တော်တို့မှာ အမှန်တကယ်ပျောက်တာကို ပျောက်
တယ်လို့  ရဲစခန်းမှာ အမှုဖွင့် ပြီး တိုင်ထားတာပါ ။ တကယ်လို့ သာကျွန်တော်တို့ ဘက်က လီဆယ်ပြီးတိုင်ခဲ့ရင် ကျွန်တော်တို့ လည်း ဥပဒေကပေးတဲ့  အပြစ်ကို ခံရမှာပါ ။ပုတီးကုန်း
အသင်းရန်ကုန် (Group) မှ ကုမုဒြာ မုဒြာအကောင့် ပိုင်ရှင်ကအမှူမှန်မပေါ်ပေါက်ရေး
စုံစမ်းစစ်ဆေးမှုများနှင့် ပါတ်သက်၍ဖောက်ထွင်းမှုတွင်ကျူးလွန်သွားသောတရာခံများ
နှင့်ပတ်သက်နေသည်အလားလမ်းကြောင်းလွဲမှားအောင် အကြိမ်ကြိမ်ရေသားနှောက်
ယှက်မှုများ ကြုံတွေ့ နေရကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့ သည်။

သတင်း ပြည့်သဲမောင်(ပြည်) 09 4236 71883

No comments:

Post a Comment