Thursday, August 7, 2014

သိမ်းဆည်းလယ်ယာမြေဧက ရှစ်ရာကျော် ပြန်လည်ရရှိရေးဝက်ထီးကန်တိုက်နယ်တွင် တောင်းဆို ပြည့်သဲမောင်(ပြည်)

Leave a Comment






သိမ်းဆည်းလယ်ယာမြေဧက ရှစ်ရာကျော် ပြန်လည်ရရှိရေးဝက်ထီးကန်တိုက်နယ်တွင်
တောင်းဆို

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက်နယ် ကန်သာယာကျေးရွှာ
မှတောင်သူလေးဦး ဦးဆောင်၍ ထိုင်းနိုင်ငံသားတစ်ဦးပိုင် စူးတက်ကုမ္ပဏီ
 နှင့်စူပါကော်ဖီမစ်တို့အကျိုးတူလုပ်ဆောင်နေသည့် လယ်ယာမြေဧက ရှစ်ရာ
ကျော်ကို ပြန်လည်ရရှိရေးအတွက် မူလတောင်သူများသုံးဆယ်ခန့်က  သြဂုတ်လ
 ၅ရက်တွင် လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။



“ဘိုးဘွားစဉ် ဆက်လုပ်ကိုင်လာခဲ့သော တောင်သူပိုင်(ဦးပိုင်ပေါက်)လယ်ယာမြေ
များပြန်လည်ရရှိရေးရည်ရွယ်တာပါ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄(က)
(ခ)အရတောင်းဆိုခြင်းဖြစ်ပါတယ်။ ကျနော်တို့တောင်သူတွေ ကမြေကြီးကိုကြက်
ယက်သလိုယက်မှထမင်းစားရတာပါ။တောင်သူတွေစားတဲ့ထမင်းကို သိန်းပေါင်းများ
စွာ ချမ်းသာတဲ့ကုမ္ပဏီတွေကလုစားနေကြတယ်” ဟုဆန္ဒပြလယ်သမားခေါင်းဆောင်
ဦးမင်းအောင်ကပြောသည်။

လွှစင်ရွာ ၊ အင်တောသာရွာ ၊  ကန်ံကြိုးကျေးရွာ ၊ အောင်သာယာကျေးရွာ ၊
ကန်သာယာရွာ ၊ တဲကြီးကုန်းကျေးရွာ ၊ ဆင်တဲကျေးရွာ ၊ ချောင်းကျိုးကျေးရွာ
တို့မှ လယ်သမား (၁၀၄) ဦး သည် ယင်းလယ်ယာမြေများအား ၁၉၉၈ခုနှစ်အထိ
ပြေစာပေါက်ပိုင်ဆိုင်သည်ဟုလည်း ဆန္ဒပြသူများကပြောသည်။


၁၉၇၉ခုနှစ်တွင် ၀က်ထီးကန်တိုက်နယ်  ကွင်းအမှတ် ၃၁၆ ၊ ၃၁၅၊ ၃၁၄ တို့ရှိ
လယ်ယာမြေဧက(၈၀၄.၄၀)ဧက ကို စိုက်ပျိုးရေးဌါနက လေးထပ်ပြင်သုတေ
သနခြံအဖြစ်သိမ်းယူခဲ့သည်။ ၁၉၉၇ခုနှစ်တွင် လယ်ယာမြေများကို စူးတက်
ကုမ္ပဏီအားဌါးရမ်းခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ၄င်းကုမ္ပဏီက စူပါကော်ဖီမစ်နှင့်
အကျိုးတူ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြောင်း
ဆန္ဒပြလယ်သမားများကပြောသည်။

 

ထိုနေ့မနက် (၈)နာရီခွဲအချိန်တွင် လေးထပ်ပြင်ဘောလုံးကွင်း၌ စုဝေး
ဟောပြောကာမြောက်န၀င်းဆည်မြောင်းလမ်းမကြီးအတိုင်း ကွင်းအမှတ်
(၃၁၄)အထိ လမ်းလျှောက်ချီတက် ခဲ့ကြပြီး ဆန္ဒပြသူများသည် “ သိမ်းဆည်း
လယ်ယာမြေ ပြန်လည်ရရှိရေး… ဒို့အရေး” “နိုင်ငံတော်အဆင့် တာဝန်ရှိသူများ အမြန်ဆုံးလာရောက် ဖြေရှင်းပေးရေး……. ဒို့အရေး” “ မြေယာသိမ်းဆည်းခံ လယ်သမားများဆင်းရဲမွေတေမှုပပျောက်ရေး………..ဒို့အရေး”
စသည့်ကြွေးကြော်သံများကိုကြွေးကြော်ခဲ့သည်။


မှတ်ချက်။            ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
                         စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
                         မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။

ဓါတ်ပုံ ရေခဲ (ပြည်)
သတင်း ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page