Saturday, August 9, 2014
(၂၆) နှစ်မြောက် (၈) လေးလုံး နှစ်ပတ်လည်အခမ်းအနားနေ့နှင့် ပြည်သူ့ အထောက်အကူပြုကွန်ရက် တည်ထောင်ခြင်း (၃)နှစ် ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ ပြည့်သဲမောင်(ပြည်) ပြည် သြဂုတ်လ (၈) ရက်
(၂၆) နှစ်မြောက် (၈) လေးလုံး နှစ်ပတ်လည်အခမ်းအနားနေ့နှင့် ပြည်သူ့ အထောက်အကူပြုကွန်ရက် တည်ထောင်ခြင်း (၃)နှစ် ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့
ပြည့်သဲမောင်(ပြည်) ပြည် သြဂုတ်လ (၈) ရက်
(၂၆) နှစ်မြောက် (၈)လေးလုံး နှစ်ပတ်လည်အခမ်းအနားနေ့နှင့် ပြည်သူ့
အထောက်အကူပြုကွန်ရက် တည်ထောင်ခြင်း (၃)နှစ် ပြည့် အခမ်းအနားကို
သြဂုတ်လ(၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့၌
ကျင်းပပြုလုပ်ခဲ့သည်။
(၈.၈.၈၈) ရက်နေ့တွင် စစ်အာဏာရှင် စနစ် အဆုံးသတ်ရေး စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင် အရေးတော်ပုံဆင်နွှဲရေး အသက်ပေး
လှူသွားကြသော ဒီမိုကရေစီ သူရဲကောင်းအာဇာနည် ကျောင်းသား/ ကျောင်း
သူများကို ဂုဏ်ပြုဦးညွှတ်သောအားဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် ၊ ဦးသိန်းစိန် ၊ ဦးရွှေမန်း ၊ ဦးမင်းအောင်လှိုင် လေးပွင့်ဆိုင် ဆွေးနွေးပွဲ
(၂၀၁၄) မကုန်မီ အမြန်ဆောင်ရွက်ရန် ၊ နိုင်ငံရေးအကျဉ်းသားများ ၊ နိုင်ငံရေး
အမှုများ ၊ ထောင်ကျနေသောလယ်သမားများ ၊ လယ်သမားများ၏အမှုများ ၊ ထောင်ကျနေသော မီဒီယာသမားများ ၊ မီဒီယာသမားများ၏ အမှုများ စသည်
တို့ကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆန္ဒထုတ်ဖော်လှုပ်ရှားတောင်း
ဆိုသည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ “ဦးသိန်းစိန်ပြောနေတဲ့ ဒီမိုကရေစီဆိုတာပြည်သူတွေက ဘယ်သူမှအယုံအကြည်မရှိဘူး။ အယုံအကြည်မရှိတဲ့အတွက် အာဏာရှင်တွေ အဆုံးသတ်အောင်လို့ ၊ စစ်မှန်တဲ့ဒီမိုကရေစီရအောင်လို့ လေးပွင့်ဆိုင်ဆွေးနွေးပါ။ လေးပွင့်ဆိုင်ဆွေးနွေး
ပွဲတွေမလုပ်ဘူးဆိုရင် မြန်မာပြည်မှာ ဒီထက်ခက်ခဲတဲ့ခရီးကြမ်းတွေလျှောက်ရမည်။ စစ်အစိုးရလည်းလျှောက်ရမှာဘဲ ပြည်သူကလဲလျှောက်ရမှာဘဲ။ လျှောက်ရမယ့်အတူ
တူတော့ပြည်သူကတော့ ဒီမိုကရေစီမရမချင်းလျှောက်ဆိုလျှောက်မှာဘဲ။
လျှောက်ရမဲ့အတူတူတော့ ပြည်သူကတော့ ဒီမိုကရေစီမရမချင်းလျှောက်ဆိုလျှောက်
မှာဘဲ ။ ဘာဘဲဖြစ်ဖြစ်အသက်ပေးရပေးရ ၊ ချွေးပဲပေးရပေးရ၊ ထောင်တွေပဲပေးဆပ်ရ
ပေးဆပ်ရ ပေးဆပ်ပြီးမှ လုပ်သွားရမှာဘဲ” ဟုဆန္ဒထုတ်ဖော်သူ ကိုဝင်းလှိုင်က ပြောသည်။
ကျွန်တော်တို့ ခွင့်ပြုမိန့်အကြောင်းကြားစာကို သြဂုတ်လ(၃)ရက်နေ့က မြို့နယ်
အုပ်ချုပ်ရေးရုံးကို အကြောင်းကြားခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးက စစ်အာဏာရှင်
စနစ်ဆိုတဲ့ စာသားကို မထည့်ခိုင်းဘူး၊ တက္ကသိုလ်ကျောင်းရှေ့သူတို့အုပ်ချုပ်ရေးမှူး
ရုံးတွေရှိတဲ့ နေရာတွေကို မဖြတ်ခိုင်းဘူး။ ခွင့်ပြုမိန့် အကြောင်း ကြားစာကိုတော့ ( ၆ )
ရက်နေ့က အကြောင်းပြန်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း သူတို့တရားစွဲရင်စွဲ ကျွန်တော်တို့ဖြတ်မယ့် နေရာကိုဖြတ်မှာဘဲ။ ရေးချင်တဲ့စာသားကိုတော့ ထည့်ရေးမှာဘဲ၊ လမ်းပေါ်မှာလုပ်ရ တာက အဲဒီ ( ၈ ) လေးလုံးအရေးတော်ပုံမှာ ကျဆုံးသွားတဲ့လူတွေက လမ်းပေါ်မှာ ကျဆုံးသွားတဲ့အတွက် လမ်းပေါ်မှာဘဲ အခမ်းအနားလုပ်ရတာပါလို့ ကိုဝင်းလိုင်က ဆက်လက်ပြောသည်။
ဆန္ဒပြသူများသည် ထိုနေ့နံနက် ( ၉း၀၀ )နာရီတွင် ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်၌
စုဝေးကာ အစီအ စဉ် ( ၈ )ခုဖြင့် ဆန္ဒထုတ်ဖော်မှုကို ဆောင်ရွက်ခဲ့ကြသည်။ အစီအစဉ်
အရ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း၊ ဒီမိုကရေစီ ရရှိရေးအတွက် အသက်ေ
ပးလှူသွားကြသော အာဇာနည်များ၊ ရဟန်းရှင်လူ၊ ကျောင်း သား/ကျောင်းသူများကို ဂုဏ်ပြုဦးညွတ်ခြင်း၊ သစ္စာပြုခြင်း၊ ငြိမ်သက်ဂုဏ်ပြုခြင်း၊ ( ၈ )လေးလုံး အရေးတော်ပုံ ကြီးအား မမေ့သင့်ကြောင်း အမှာစကားပြောကြားခြင်း၊ ( ၈ )လေးလုံးပါဖောမန့် သရုပ်ပြကွက်များ ပြုလုပ်ခြင်း များဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဆန္ဒဖော်ထုတ်သူများသည် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး ……..
ဒို့အရေး၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ….. ဒို့အရေး၊ ဒီမိုကရေစီရရှိရေး
…… ဒို့အရေး၊ အရေးတော်ပုံ …… အောင်ရ မည် ….. အောင်ရမည် ဟုကြွေးကြော်ကာ ဗိုလ်ချုပ်ကျောက်ရုပ်မှ ဗိုလ်ချုပ်လမ်း၊ ကိုးသောင်းရွှေတစ်ချောင်း လမ်းသို့ ချီတက်
ကာ ရွှေတစ်ချောင်းလမ်း တက္ကသိုလ်ကျောင်းရှေ့ အရောက်တွင် ငြိမ်းချမ်းစွာ လူစုခွဲ
ခဲ့ကြသည်
မှတ်ချက် ။ ။ ၄င်းပေးပို့သော စာမူသည် ကိုယ်တိုင်ရေးစာမူ ဖြစ်ပြီး စာမူနှင့်ပတ်သက်၍ ဖြစ်ပျက်လာမည့် ကိစ္စအ၀၀အား တာဝန်ယူဖြေရှင်း သွားမည်ဖြစ်ကြောင်း ကတိခံဝန်ချက်ပြုပါသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင် ( ပြည် )
0 comments:
Post a Comment