ပြည်မြို့ ခေတ္တရာအဝေးပြေးကွင်းရှိ ကားဂိတ်၃၆ဂိတ်က မပြောင်းရွှေ့လို
ဘဲ ကားဂိတ်(၄)ဂိတ်သာပြောင်းရွှေ့လို
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် သြဂုတ်လ (6) ရက်က ခေတ္တရာမြို့သစ်အဝေး
ပြေးကွင်း ရှိ ကားဂိတ်များကို န၀ဒေးကုန်တင်ကုန်ချကားဂိတ်သို့ပြောင်းရွှေ့ရန်
ကားဂိတ်များ၏ သဘောဆန္ဒတောင်းခံခဲ့ရာ ကားဂိတ်၃၆ဂိတ်က မပြောင်းရွှေ့လို
ဘဲ ကားဂိတ်(၄)ဂိတ်သာပြောင်း လိုကြောင်း သဘောထား မှတ်ချက်ပေးခဲ့သည်။
“ ကျန်တဲ့ဂိတ်တွေ ကတော့မပြောင်းချင်ဘူး။ မနေ့တစ်နေ့ကမှဖွင့်တဲ့ဂိတ်လေး
ဂိတ်ဘဲပြောင်းချင်တယ်။ အဲဒီလေးဂိတ်က အဌားတွေ။ ဂိတ်ပြောင်းရင် ဂိတ်ပိုင်
နဲ့ပြသနာမရှိတော့ဘူး ဆိုပြီးပြောင်းပြေးချင်နေတာ”ဟုပြည်-တောင်ငုတ် ခရီးသည်
တင်ကားဂိတ် ပိုင်ရှင် ဦးသန်းလွင်ကပြောသည်။
သြဂုတ်လ ၆ ရက်တွင် ခရိုင်ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီရုံး၌ဂိတ်
ပြောင်းရွှေ့ခြင်းနှင့် ပတ်သတ်ပြီး အစည်းအဝေးံပြုလုပ်ခဲ့ရာကားဂိတ်အသီးသီး၏
လက်မှတ် ထိုးစာရင်းများအရ ပြောင်းရွှေ့လိုသူ (၄)ဦးသာရှိပြီး မပြောင်းလိုသူ
(၃၆)ဦးရှိကြောင်း သဘောထားမှတ်ချက် ပေးခဲ့ကြသည်။
ပြည်ခရိုင်အုပ်ချုပ်ရေးမှူးက အဆိုပါကားဂိတ်တွင် ကားများကြပ်သည်ဟုဆိုကာ
ကားဂိတ်နေရာပြောင်း၇န် စီစဉ်ခိုင်းသည့်အတွက်အစည်းအဝေးပြုလုပ်သဘော
ထားတောင်းခံရခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူများကပြောသည်။
ပြောင်းရွှေ့လိုသောဂိတ်များမှ ပြည်- တောင်ငူ ခရီးသည်တင် နယူးမန္တလာထွန်း
ကားဂိတ် ၊ ပြည်-မန္တလေး ခရီးသည်တင် ခိုင်မန္တလေးကားဂိတ် ၊ပြည်-ဟသာင်္တ
ခရီးသည်တင် ရွှေကမ္ဘာကားဂိတ် ၊ ရန်ကုန်-ပြည်-မင်းတုန်း ခရီးသည်တင်အောင်
စစ်ခိုင်ကားဂိတ် တို့ဖြစ်သည်။
ဂိတ်ပြောင်းရွှေ့မှူနှင့်ပတ်သတ်ပြီး ခေတ္တရာမြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌
သြဂုတ်လ6 ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ရာ ရပ်ကွက်သူရပ်ကွက်သားများက
မပြောင်းရွှေ့လိုကြောင်း ဆုံးဖြတ်ခဲ့ကြသေးသည်။
“ ဒါနဲ့ပတ်သတ်ပြီးရပ်ကွက်ကလည်းလက်မခံဘူး။ဒါကို ဒီအ၀န်းအ၀ိုင်းကဘဲ
ဆက်လုပ်နေတာ” ဟုပြည် ပခုက္ကူခရီးသည်တင်ကားဂိတ်ပိုင်ရှင် ဦးမောင်မောင်မြင့်
ကဆိုသည်။
ပြောင်းရွှေ့ရန် ဆန္ဒရှိသော ရန်ကုန်-ပြည်-မင်းတုန်း ခရီးသည်တင်အောင်စစ်ခိုင်
ကားဂိတ် မှ ကိုဝင်းနိုင်က “ရွှေ့မယ်ဆိုလည်း ဖြစ်လာမဲ့အခြေအနေပေါ်မှာမူတည်
ပြီးမှကောင်းကျိုးဆိုးကျိုးဆိုတာပြောလို့ရမယ် “ ဟုပြောသည်။
ခေတ္တရာအဝေးပြေးကွင်း ကို ၁၉၉၁ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး အဆောင်
(၁ ၊ ၂ ၊၃ ၊ ၄ ) ဟူသောအဆောင်လေးခုဖြင့်ကားဂိတ်ခန်းပေါင်းခြောက်
ဆယ်ကျော်ရှိသည့်အနက်ဂိတ်(၄၀)သာဖွင့်လှစ်ထားသည်။န၀ဒေးကုန်တင်
ကုန်ချ ကွင်းကို၂၀၀၀ခုနှစ်တွင်တည် ဆောက်ခဲ့သည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
0 comments:
Post a Comment