ဆရာဦးစိန်ခို ဆေးဝါးထုတ်လုပ်ရေး မိသားစု ၊ မေတ္တာတော်ဝေ ပရဟိတအသင်း
နှင့် ပြည်မြို့နယ် နယ်စာရေးအသင်းတို့မှ အမက ကျောင်း(၆) ကျောင်းအား
ဗလာစာအုပ်စာရေးကရိယာများလှူဒါန်း
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အမက ကျောင်း (၆) ကျောင်းဖြစ်သော
အမက ကြို့ရသာ ၊ အမက လက်ခုပ်ပင် ၊ အမကမဲတော ၊ အမကရွာသာကုန်း ။ အမကမင်းကုန်း ၊ အမက (လွန်) ကုန်းရိုး တို့အားအလှူရှင်များ ဖြစ်သော ပြည်မြို့
ဆရာဦးစိန်ခို ဆေးဝါးထုတ်လုပ်ရေး မိသားစု ၊ မေတ္တာတော်ဝေ ပရဟိတအသင်း ၊ ပြည်မြို့နယ်စာရေးအသင်းတို့ စုပေါင်း၍ ဗလာစာအုပ် နှင့်စာရေးကိရိယာများ
လှူဒါန်းခြင်းခဲ့ကြသည်။
အခမ်းအနားအား ပြည်မြို့နယ်ကြိုရသာရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌
၉-၈-၂၀၁၄ နေ့လည် ၁:၀၀ နာရီတွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် အမက
ကျောင်း(၆) ကျောင်းကိုယ်စား အမက(လွန်)ကုန်းရိုးမှ တာဝန်ခံကျောင်း
အုပ် ဆရာမကြီး ဒေါ်တင်တင်မေ မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့နယ် စာရေးဆရာအသင်း နာယက (မောင်တင်ကြွယ်-ပြည်) မှ လှူဒါန်းရခြင်းရည်ရွယ်
ချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမက ကျောင်း (၆) ကျောင်းကိုယ်စား ကျောင်းအကျိုးတော်ဆောင်
ဦးလှဖုန်းမြင့် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အလှူရှင်များဖြစ်သော ဆရာဦးစိန်ခိုဆေးဝါးထုတ်လုပ်ရေး မှ Dr ယာဉ်ဝေလွင် ၊ မြို့နယ်စာရေးဆရာ
အသင်းမှ (ရည်ဇော်အောင်-ပြည်)၊ (မင်းယွန်း -ခေတ္တရာ) ၊ (ညီဈာန်) (ဥက္ကာမြင့်
-ပြည်) တို့နှင့်မေတ္တာတော်ဝေပရဟိတ အသင်း ပြည်မြို့မှ အလှူရှင် ဒေါ်ကြည်
ကြည်ဝင်း ၊ ဒေါ်နန်းနန်းဝေ ၊ ဒေါ်စန္ဒာ ၊ ဒေါ်ဝေေ၀စိုး ၊ ဒေါ်သီတာ ၊ ဒေါ်သန်းသန်းဦး တို့မှ ကျောင်းသား ကျောင်းသူများအတွက် ဗလာစာအုပ် ဒါဇင် ၂၀၀ ၊ ကွန်ပါဗူး ၂၅၀ ၊
ခဲတံ ၁၅၀၀ ချောင်း ၊ မိုးတွင်းဆောင်းထီး ၂၅၀ ချောင်းတို့အားအသီးသီးပေးအပ်
လှူဒါန်းခဲ့ကြသည်။
“ထိုအမက ကျောင်း( ၆) ကျောင်းရှိ ကလေးငယ်များသည် လယ်သမားများ၏ သား
သမီးများ အများစု ဖြစ်၍ ပညာရေးအတွက် တစ်ထောင့်တနေရာမှ အထေက်အကူ
ဖြစ်စေရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပြီး ၂၀၁၄ -၂၀၁၅ ပညာသင်နှစ် အပါအ၀င် (၆)ကြိမ်
မြောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်”ဟု ဆရာဦးစိန်ခို ဆေးဝါးထုတ်လုပ်ရေး မိသားစု
မေတ္တာတော်ဝေ ပရဟိတအသင်း မှပြောကြားခဲ့သည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက် လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း
ဝန်ခံကတိပြုပါသည်။
ဓါတ်ပုံ ဆရာဦးစိန်ခို ဆေးဝါးထုတ်လုပ်ရေး မိသားစု ၊ မေတ္တာတော်ဝေ ပရဟိတအသင်း
သတင်း ပြည့်သဲမောင်(ပြည်)

0 comments:
Post a Comment